Saturday, September 24, 2016

ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်း ၁၄၃ ဦးကို နိုင်ငံသားအဖြစ် ပြန်လက်ခံထား

ပြည်ပနိုင်ငံသားတွေအဖြစ် ခံယူသွားတဲ့ မြန်မာနိုင်ငံသားဟောင်း ၁၄၃ ယောက်ကို ဥပဒေနဲ့အညီ နိုင်ငံသားအဖြစ် ပြန်လည်လက်ခံခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာလ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်မှာ အခုလို ပြောကြားခဲ့တာပါ။

၂၀၁၃ ခုနှစ်က ဒီကနေ့အချိန်ထိ နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူ ၁၉၈ ဦး ရှိခဲ့ပြီး အဲဒီထဲက ၁၄၃ ဦး နိုင်ငံသားအဖြစ် လက်ခံခဲ့ကာ ကျန်တဲ့လူတွေကိုလည်း သတ်မှတ်လုပ်ငန်းစဉ်နဲ့အညီ စစ်ဆေးဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမြဲတမ်းနေထိုင်ခွင့်(PR)လျှောက်ထားသူ ၂၀၁၅ ဇန်နဝါရီကနေ ဒီနှစ် သြဂုတ်လအတွင်း ၃၁၉ ဦးရှိပြီး အဲဒီထဲက ၂၆၄ ဦးကို PR ပေးခဲ့တာ ဖြစ်ပါတယ်။

Share this:

No comments: