Saturday, September 24, 2016

သတင်းထောက် ဦးဆွေဝင်းကို စာနယ်ဇင်းကောင်စီက စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်

အိမ်အကူမိန်းကလေးနှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အမှုကိစ္စကို စုံစမ်းဖော်ထုတ်ရေးသားရာမှာ အပြုသဘောဆောင်တဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်ခဲ့တာကြောင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းထောက် ဦးဆွေဝင်းကို စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်လိုက်ပါတယ်။

Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ဦးဆွေဝင်းဟာ အိမ်အကူမိန်းကလေးနှစ်ဦးရဲ့ ကိစ္စကို ဖော်ထုတ်ရာမှာ ပြည်သူတစ်ယောက်ရဲ့ တာဝန်ကျေပွန်ခဲ့ပြီး သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ အရေးပါပုံကို ထင်ရှားစေရုံတင်မက သတင်းမီဒီယာရဲ့ ပုံရိပ်ကိုလည်း မြင့်တက်စေတယ်လို့ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

Share this:

No comments: