Saturday, September 24, 2016

အသက် ၅ နှစ်က ၁၇ နှစ်ကြား ကလေး ၁၂ သန်းမှာ ကလေးလုပ်သား ၉ ရာခိုင်နှုန်းရှိ

မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အတွင်း ကလေးဦးရေ ၁၂ ဒသမ ၁ သန်းရှိတဲ့ အနက် အလုပ်လုပ်ကိုင်နေရတဲ့ ကလေးငယ် (Working Children) ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အဲ့ဒီထဲမှာ ကလေးလုပ်သား (Child Labour) အဖြစ် ကလေးအားလုံးရဲ့ ၉ ဒသမ ၃ ရာခိုင်နှုန်းရှိနေတယ်လို့ အစိုးရက ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ အဲ့ဒီလို အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုထားတာပါ။ အဲ့ဒီကလေးတွေကို အသိအကျွမ်းတွေ၊ ဆွေမျိုးသားချင်းတွေက သွေးဆောင်ဖြားယောင်းတာ၊ ကတိအမျိုးမျိုး မက်လုံးအမျိုးမျိုး ပေးတာ၊ အကျပ်ကိုင် ခြိမ်းခြောက်တာ စတဲ့ နည်းအမျိုးမျိုးသုံးပြီး ကလေးငယ်တွေရဲ့ အုပ်ထိန်းသူတွေ၊ မိဘတွေနဲ့ ကလေးငယ်တွေ ကိုယ်တိုင်ရဲ့ သဘောတူညီချက်ကို ရယူကာ ခေါ်ဆောင်ပြီး လုပ်ငန်းခွင်ထဲကို ပို့ဆောင်ခဲ့ကြတယ်လို့ ရေးသားဖော်ပြထားပါတယ်။ ဒါအပြင် အဲ့ဒီလို ပို့ဆောင်ပြီး လူကြီးတွေက အကျိုးအမြတ်ရယူခဲ့ကြတယ်လို့လည်း ရေးသားထားတာပါ။

ဒါကြောင့် အဲ့ဒီလို ဆောင်ရွက်သူတွေအနေနဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်နဲ့ လူငယ်တွေကို လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ခံရနိင်တဲ့ အပြင် ငွေဒဏ်ကိုပါ ချမှတ်နိုင်တယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေမှာ ပြဌာန်းထားတဲ့အကြောင်း အသိပေး ဖော်ပြလာတာဖြစ်ပါတယ်။

No comments: