နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီး လုပ်စရာရှိတဲ့အလုပ်တွေ ဆက်လုပ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ကုလသမဂ္ဂ မဟာမိတ်အုပ်စု အစည်းအဝေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်ခြင်း မရှိခဲ့တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် VOA သတင်းဌာနက ရေးသားလာတဲ့အပေါ် DVB သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ်မှာ ဦးဇော်ဌေးက အဲ့ဒီလို ပြောကြားလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ သူ့ရဲ့ ဗြိတိန်နဲ့အမေရိကန် ခရီးကို စက်တင်ဘာ ၂၆ ရက်နေ့မှာ အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
No comments:
Post a Comment