Sunday, September 29, 2013

ဘာတွေးလဲဟ

လူမနေသည့် ရဲစခန်းမှူး နေအိမ်မှ ကျည်ဆန်နှင့် လက်ပစ်ဗုံးများတွေ့ _________________________ တိုက် ကြီးမြို့နယ်ရှိ လူနေထိုင်ခြင်း မရှိ သည့် အချုပ်ထောင်ရဲစခန်းမှူး တစ်ဦး၏နေအိမ်မှ ကျည်ဆန်များ နှင့်လက်ပစ်ဗုံးများကို တိုက်ကြီး မြို့ နယ်မြေရဲကင်းမှူးနှင့်အဖွဲ့ က စက်တင်ဘာ၂၆ရက်တွင် ရှာ ဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။ တိုက်ကြီးမြို့နယ် ဥပံစုရပ် ကွက်ရှိ လူနေထိုင်ခြင်းမရှိသော အိမ်တွင် အဆိုပါရပ်ကွက်ရှိနေ အိမ်တစ်အိမ်မှ တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးမှုကြောင့် ရှာဖွေစုံစမ်း မှုတို့ကို တိုက်ကြီးမြို့ နယ်မြေရဲ ကင်းမှူး တို့နှင့်အဖွဲ့က သွားရောက် စစ်ဆေးရာ ၇ဒသမ၆၂ကျည်နှစ် တောင့်၊ ဒသမ၃၀၃ ရိုင်ဖယ်ကျည် တစ်တောင့်၊ ဒသမ၃၀ ကာဘိုင် ကျည်ခုနစ်တောင့်၊ ပန်းသီးကဲ့သို့ အလုံးလက်ပစ်ဗုံးတစ်လုံး(ဖြူး မပါ)တို့ကို အဆိုပါအိမ်အောက် ထပ်၌ ပြန့်ကျဲ လျက် တွေ့ရှိခဲ့ ကြောင်း တိုက်ကြီးမြို့နယ်ရဲစခန်း မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆို ချက်အရ သိရသည်။ ယင်းစခန်းမှ တာဝန်ရှိသူ တစ်ဦးက ''ဒါ့အပြင် တရုတ်နိုင်ငံ လုပ် လေသေနတ်တစ်လက်ပါသိမ်း ဆည်းရမိခဲ့တယ်။ တွေ့ရှိတဲ့လက် နက်ခဲယမ်းတွေကို သိမ်းဆည်း ထားပြီးပါပြီ။ ဒီကိစ္စကိုလဲ သေချာ စုံစမ်းစစ်ဆေးနေဆဲပါ''ဟု ပြော သည်။ အဆိုပါတွေ့ရှိမှုမှာ ယင်း အိမ်နှင့် တစ်ခြံကျော်အိမ်မှ ပိုင်ရှင် ဦးအောင်သူဝင်းဆိုသူက မြို့ထဲမှ တိုက်ကြီးရှိနေအိမ်သို့ ပြန်ရောက် လာစဉ် နေအိမ်တွင် မည်သည့် ပစ္စည်းမှပျောက်ခြင်းမရှိဘဲ ဗီရို ထဲမှအဝတ်အစားများ ပွကျဲနေ သောကြောင့် မသင်္ကာ၍ ဘေး ပတ်ဝန်းကျင်ကိုကြည့်ရှုရာ ၎င်း အိမ်၏ အနောက်ဘက်ချုံပုတ် စည်းရိုးအပြင်ဘက် ချုံပုတ်ထဲတွင် ပီနန်အိတ်အဖြူရောင် အထုပ် ဖွင့်၍ကြည့်ရှုရာ အိတ်အတွင်းမှ ဒီဗွီဒီစက်တစ်လုံး၊ အီးဗွီဒီစက် တစ်လုံးနှင့် တစ်နေ့တာစာတန်းပါ ရဲတပ်ဖွဲ့ပုံပါသည့် ဒီဗွီဒီအခွေတစ် ချပ်တို့ကိုတွေ့ရှိခဲ့ရသဖြင့် အိမ် ရှင် ဦးအောင်သူဝင်းက တိုက်ကြီး မြို့နယ်ရဲကင်းမှူးနှင့်အဖွဲ့ကို အ ကြောင်းကြားခဲ့ကြောင်း၊ အဆို ပါအဖွဲ့က သက်သေများနှင့်အတူ ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှု စစ်ဆေးရာမှ ယင်းကဲ့သို့လက်နက် ခဲယမ်းများကို ယင်းအိမ်တစ်ခြံ ကျော်လူမနေသောအိမ်တွင် ယင်း ကဲ့သို့ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ လက်နက်ခဲယမ်း များတွေ့ရှိခဲ့သောအိမ်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အချုပ်ထောင်ရဲစခန်းမှူးတစ်ဦး ၏ အိမ်ဖြစ်ပြီး လူနေထိုင်မှုမရှိ ကြောင်း သိရသည်။ တိုက်ကြီးမြို့နယ် အထွေ အထွေအုပ်ချုပ်ရေးမှူးရုံးမှ တာ ဝန်ရှိသူတစ်ဦးက ''လောလော ဆယ်တော့ ဘာမှပြောလို့မရသေး ဘူး။ စစ်ဆေးတုန်းပဲရှိသေးတယ်။အိမ်ရှင်ကိုတော့ အကြောင်းကြား ပြီးပါပြီ''ဟု ပြောသည်။ အဆိုပါအမှုနှင့်ပတ်သက် ၍ ဆက်စပ်ပါဝင်သူများကို စုံစမ်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျော်မြတ်ဇံ YMG

No comments: