မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, September 24, 2013
စံနစ်ကိုပြောင်းချင်သူ၏နိဂုန်း
စံနစ်ကို အတင်းပြောင်းချင်သူရဲ့ နိဂုံး
ရန်ကုန်မြို့ကိုတက်လာတဲ့ တောသားလေး တယောက်ဟာ ရွာက သူ့ကြီးတော်မှာလိုက်တဲ့ မတရားမှုကို လက်ပိုက်ကြည့် မနေနဲ့ ဆိုတဲ့ သြဝါဒ အတိုင်း တသွေမတိမ်း လိုက်နာဖို့ ဆုံး ဖြတ် ထားခ့တဲ ယ် တ့။ဲ
တောသားကောင်လေးဟာ မြို့ကိုရောက်ပေမဲ့ ရွာက သူ အလွန် လေးစားမြတ်နိုးတဲ့ ကြီးတော်လုပ်သူ မှာလိုက်တာကို သေချာမှတ်သားပြီး မတရားမှုကို ဆန့်ကျင်ဖို့၊ အမှန်တရား ကို ဖော်ထုတ်ဖို့၊ ဆုံးဖြတ်ထားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် တောသား အဘိုးကြီး တယောက် ကို မြို့သားလူလိမ် အုပ်စုက
လ မ်းေ ဘး ဖဲ သုံး ချ ပ် ဝို င်း တ ခု မှာ လိ မ် ေ န တ ာ ေ တ ႔ ေြ ရ ာ တ ့ ။ဲ
ဖဲသုံးချပ် ဝိုင်းဆိုတာဗျာ၊ ကျနော်တို့လူပျိုပေါက်က ရန်ကုန် နေရာအနှံ့မှာ တေ့ရွ တတ်တယ်။ ဖကဲ သုံးချပ်တည်း ပါ။ တချပ်မှာ အမှတ်အသားတခု လုပ်ထားတယ်။ လမ်းဘေးမှာ ပလပ်စတစ် မိုးကာစလေးတချပ် ခင်းပြီး ဖဲချပ်လေး တွေကို ပြလိုက်၊ ဒါလေးကို မထိုးန့၊ဲ ဟောဒီအမှတ်ကလေးန့ဖဲချပ်ကိုထိုး၊ မှန်တာန့သဲုံးဆရမယ်၊ လွယ်လွယ်လေး၊ ဒါလေးကိုထိုး၊ ဒါလေးကိုမထိုးန့ေဲ ပါ့၊ ဘေးကလူတချို့လည်း ဝင်ထိုးလိုက် ဒိုင်ကလျော်လိုက်ပေါ့၊ ဒါပေမ့သဲ တိထားရမှာ က အဲဒီ ထိုးလိုက်လျော်လိုက် လုပ်နေတာဟာ တကယ်ကစားနေတာ နည်းတယ်။ သူ့အလံရှူးန့သဲူ၊ ဘေးလူ ဝင် လာအောင် ဆွယ်နေတာ။
အဲဒီဝိုင်းမျိုးမှာ တောသားအဘိုးကြီးက ဝင်ထိုးနေတော့ ပါသမျှငွေလေးတွေ တဖြည်းဖြည်း ကုန်လာတော့ပေါ့။ ကျနော်တို့ ဇာတ်လိုက်ကြီးကလည်း ဒီလို မတရားလုပ်တာ မခံဘူး ဆိုပြီး နီးစပ်ရာ စခန်းကို သတင်းပို့တယ်။ ရဲ ဆိုတဲ့ မောင်တွေကလည်း လိုင်းကြေးယူပြီး ခွင့်ပြုထားတာ ဆိုတော့ မလာဘူးပေါ့။
ရဲအလာကိုစောင့်လေ၊ ရဲက မလာနိုင်လေ၊ တောသားအဘိုးကြီးက တဖြည်းဖြည်း ပါသမျှ ကုန်လာလေ၊ နောက် လက်ပတ်နာရီလည်းကုန်၊ မရှိ ရှိတာ ချထိုးမယ်ဆိုပြီး အဘိုးကြီးက သူ့လည်ပင်းးက ရွှေဆြွဲကိုးလည်း ဖြုတ်လိုက်ရော ဇာတ်လိုက်ကျော်က ငြိမ်ပြီး ထိုင်ကြည့် မနေနိုင်တော့ဘဲ ဝိုင်းထဲဝင်ပြီး၊ ဦးလေး ဒီကောင်တွေ ဦးလေးကို လိမ်နေတာဗျ ဆိုပြီး တားလိုက်တာ စကားတောင် မဆုံးလိုက်ဘူး၊ ဖဲလိမ်အဖွဲ့ အလံရှူးတွေရဲ့ လက်ချက်မိသွားတယ်။
ခွပ် ကနဲ အသံန့အဲ တူ ကြယ်တွေ၊ လတွေ ပွင့်ပြီး အဲဒီ တောသာကောင်လေး မေ့သွားရောတ့၊ဲ အချိန်အတော်ကြာမှ သတိရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ ကူညီလိုက်တ့ေဲ တာသားကြီးက သူ့ကို အပေါ်က မိုးပြီး ကြည့်နေတာ တေ့သွ တ့။ဲ ဒီတော့သူက စိတ်ထဲမှာ ကျေးဇူးတင်စရာ မလိုပါဘူး ဦးလေးရယ်၊ ကျနော့်ရွာက ကြီးတော်မှာထား ပြီးသား ပါ။ ဒုက္ခရောက်တ့သဲူကို ကယ်ရမယ်၊ အမှန်တရားကို ဖော်ထုတ်ရမယ် ဆိုတာ ဘာညာပေါ့။ ဒါပေမဲ့ သူ့အတွေးမဆုံးခင် နောက်ထပ် ခွပ်ကနဲ ထပ်အရိုက်ခံရပြီး မေ့သွားပြန်တယ်တ့။ဲ နားထဲမှာလည်း အသံတခု ကြားလိုက်တယ် တ့၊ဲ ခွေးမသားလေး ... မင်းဝင်ရှုပ်လို့ ငါ့အရင်းပြန်ရကာနီးမှာ ဝိုင်းပျက်သွားတာ။ ကဲ ... မှတ်ကရောတ့။ဲ
အဲဒါပဲဗျာ.. ။ စံနစ်ကို အတင်းပြောင်းချင်သူရဲ့ နိဂုံး။
Copy and share from မင်းဒင်ရဲ့ သက်ခိုင် (အတွဲ - ၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment