Thursday, September 26, 2013

တရုပ်လုပ်သမျှခံရတယ်

* Voice of the Day (3) * ============== တရုပ်က မြန်မာပြည်ကြီးကို ဖြတ်ပြီး ရခိုင် ရေနက် ဆိပ်ကမ်းကနေ တရုပ်ပြည်ထဲထိ ပိုက်လိုင်း သွယ်သွားတယ်။ ဒီအထဲမှာ ကြားက ဖြတ်တဲ့ ဧရာဝတီလိုမြစ်တွေချောင်းတွေ ပါသလို တောတောင်တွေ ဒေသစုံပါတယ် ကြားစခန်းတွေ ဘာတွေလုပ်တယ်။ မြန်မာပြည်ကို တရုပ်စက်ယန္တယားတွေနဲ့ အလုပ်သမား ၈သောင်းကျော်သွင်းလာတယ်။ မြန်မာပြည်က လုပ်ငန်းတွေ အလုပ်သမားတွေ အလုပ်မရဘူး ပြည်ပကနေ လိုသလိုတင်သွင်းခွင့်အာဏာ သူတို့ ရအောင်လုပ်နိုင်စွမ်းရှိတယ်။ တကယ်လို့ ကိုယ်ဆီမှာ အလုပ်သမားတွေ ဈေးသက်သာတာမှန်ရင် လုပ်ငန်းတွေ လုပ်နိုင်စွမ်းရှိရင် အလုပ်တွေ ရကြမှာဘဲလိုတွက်တယ်။အခု ရန်ကုန် မြို့ရဲ့ မြေဈေးဘယ်လောက်တက်တယ်ပြောပြော ဆီဒိုးနားဘေးက အင်းယားကန်ဘောင်ဘေးက ကမ္ဘာအေးဘုရားလမ်းက အရင်အစိုးရနေရာ မှာ ဗီယက်နာမ်က လုပ်ငန်းကြီးတွေဝင်နေကြတယ်။ သူတို့ဆီက ပညာရှင်တွေ အလုပ်သမားတွေဘဲ ခေါ်လုပ်ကြသတဲ့။ စားရိတ်တွေအကုန်ခံ နေစရာ စားစရာပေးထားရပြီး စီးပွားပိုဖြစ်အောင်သူတိ့ က ဘာတွေပိုတတ်လည်းတော့မသိဘူး။ထားဝယ်မှာလည်း ကုန်ကား မြေကော်ကားတွေက အစ မောင်းဖို့ လူတွေကို ယိုးဒယားဖက်က ရှာရသတဲ့ ကိုယ်ဆီက သူတွေက သုံးမရတာလား မသိဘူး။ ကုန်ပစ္စည်းပြိုင်ထုတ် ဖို့ နေနေသာသာ ဘယ်ပြည်ပမှ မပို့ရသေးခင် ကိုယ်ဆီမှာတောင် ကိုယ်ဆီက လူစွမ်းအားအရင်းအမြစ်က တကယ်မပြိုင်နိုင်တာလား တကယ်ယှဉ်မလုပ်နိုင်တာလားဆိုတာ စိတ်ပူမိပေမဲ့ ပြည်ပမှာ သွားလုပ်နေကြတာ တွေ့တော့ လုပ်တတ်သားဘဲ တွေးမိပြန်တယ်။ ကိုယ်ဆီက အရင်းအမြစ် မသုံးဖြစ်တဲ့ အကြောင်း ကိုတော့ ဘာဘဲဖြစ်ဖြစ် သိအောင်လုပ်သင့်တယ်ထင်လို့ပါ။ အလုပ်ဘဲ ခိုသလား ဆန္ဒဘဲ ပြပြနေတတ်လို့လား ဈေးပေးရတာနဲ့တန်အောင် မပြီးတာလား အမှားများတတ်တာလား သင်လို့မတတ်တာလား စတဲ့ ဘားပေါင်းများစွာမေးမိတယ်။သို့တည်းမဟုတ် သူတို့ လုံခြုံရေးမဟုတ်တာလုပ်တာတွေ မြန်မာပြည်လာလုပ်ပြီး မြန်မာတွေမသိစေချင်တာလား။ အတွေးခေါင်မိတယ်။မိတ်ဆွေတို့ရော ဘာကြောင့် ပရောဂျက်တွေမှာ အပြင်က အုံနဲကျင်းနဲ့ခေါ်လာလုပါကြပါသလဲ လို့ထင်ပါသလဲ။ ဘန်ကောက်မှာ လုပ်ငန်းထောင်ရင် အနည်းဆုံး ရာထူးဘယ်နှစ်ခုဖြင့် သူလူခန့်ရမယ်ဆိုတာမျိုးကြုံရပါတယ် ကိုယ်ဆီက အရာရာ ထစ်လို့ လုပ်ရခက်နေသလောက် ဥပေဒေအရ နိုင်ငံတော်ကို ကာတာတွေ မရှိဘဲ အပေါက်ကြီးများ ဟောင်းလောင်းဖြစ်နေသလားတွေးမိလို့ပါ။ လုပ်ချင်ရာလုပ်လို့ရတဲ့နိုင်ငံလို့လည်း မန်းတရုပ်တွေ ကြားမှာ အသံ သဲ့သဲ့လည်းကြားပါရဲ့ အဓိက ကတော့ ခေါင်ကမိုးမလုံတဲ့ အာဏာစာရောင်းကုန်ဖြစ်နေတာကြောင်း နဲ့တူပါတယ်။ ဝယ်သုံးနိုင်သူတွေ လုပ်နိုင်ခွင့်ရသွားစေတာ ဒါတွေကြောင့်ပေါ့။ Credit >Ye Myat Thu

No comments: