Sunday, September 29, 2013

Taskforce အဖွဲ့သစ်

နိုင်ငံတော် သမ္မတက အထူးတာဝန်ပေး Taskforce လက်ရုံးများအဖြစ် ဒုတိယ၀န်ကြီး ၂၃ ဦးအား တာဝန်ပေး နိုင်ငံတော် သမ္မတက အထူးတာဝန်ပေး Taskforce လက်ရုံးများအဖြစ် ဒုတိယ၀န်ကြီး ၂၃ ဦးအား တာဝန်ပေးအပ်ကာ အစိုးရအဖွဲ့ ဆပ်ကော်မတီ ၂၆ ခုတွင် ဥက္ကဋ္ဌများအဖြစ် ခန့်အပ်ခြင်းကို စက်တင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး စီးပွားရေးရာ ကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ ပြည်ထောင်စု ၀န်ကြီးများနှင့် ဌာနအသီးသီးသည် မူလပုံမှန် တာဝန်များနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ပြင်ဆင်ပြောင်းလဲရသည့် လုပ်ငန်းတာဝန်များကြောင့် သီးခြားကွင်းဆင်းရန် အချိန်မပေးနိုင် ခြင်းများရှိရာ အောက်ခြေတွင် ထိတွေ့ဆောင်ရွက်နိုင်သည့် အခြေအနေ မပေးခြင်း၊ အစိုးရ၏ ရုံးလုပ်ငန်း စနစ်များကို ခေတ်နှင့်အညီ လျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ၏ Mind Set နှင့် လုပ်နည်းလုပ်ဟန်များကို အချိန်ယူပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ခြင်းတို့ကြောင့် ဒုတိယ၀န်ကြီးများကို Delivery Unit/Taskforce များအဖြစ် မူလသမားရိုးကျ လုပ်နည်းလုပ်ဟန်မှ ခွဲထွက်ပြီး ပိုမို၍ အကျိုးရှိထိရောက်အောင် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်တာဝန်ပေးခြင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က "ဒုတိယသမ္မတ၊ ၀န်ကြီးများ ဦးဆောင်သည့် Cabinet Committee များ၏အောက်တွင် Cabinet Sub-committee/Delivery Unit ၂၆ ခု ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုတွေ့ဆုံသည့် ဒုတိယ၀န်ကြီးများသည် ယင်းဆပ်ကော်မတီများ၏ အဖွဲ့ခေါင်းဆောင်၊ ဥက္ကဋ္ဌများ ဖြစ်သည့်အတွက် နိုင်ငံတော် သမ္မတ၏ အထူးတာဝန်ပေး Taskforce လက်ရုံးများအဖြစ် ယုံကြည်အားကိုးစွာ တာဝန်ပေးအပ် လိုသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်း ဖြစ်ကြောင်း" ဟု ပြောကြားသည်။ ပြည်ထောင်စုအစိုးရ ဆပ်ကော်မတီများတွင် နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ ဆပ်ကော်မတီ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ၊ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ ဆပ်ကော်မတီ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ဆပ်ကော်မတီ၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ စီးပွားရေး ပူးပေါင်းညှိနှိုင်းရေး ဆပ်ကော်မတီ၊ အခွန်အကောက်ဆိုင်ရာ ဆပ်ကော်မတီ၊ စွမ်းအင်သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီ၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆပ်ကော်မတီ၊ အာဆီယံ စီးပွားရေး အသိုက်အ၀န်းဆိုင်ရာ ဆပ်ကော်မတီ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဆပ်ကော်မတီ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေး ဆပ်ကော်မတီ၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ဆပ်ကော်မတီ၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အ၀န်းဆိုင်ရာ ဆပ်ကော်မတီ၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆပ်ကော်မတီ၊ ဥပဒေကြမ်းဆိုင်ရာ ဆပ်ကော်မတီ၊ နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆပ်ကော်မတီ၊ ကာကွယ်ရေးဆိုင်ရာ ဆပ်ကော်မတီတို့ ပါဝင်သည်။

No comments: