Saturday, September 28, 2013

သို့ဂျီးတော်စု

သို့ဂျီးတော် ဒီမယ် ဂျီးတော် ...သားကတော့ အန်တီ့လည်းမကြောက်ဘူး အန်ကယ့်လည်းမကြောက်ဘူး အကိုကြီးလည်း မကြောက်ဘူး အမကြီးလည်း မှုဘူး..ဗျာ ....ဟုတ်တယ် ကြောက်စရာမှမကောင်းတာ ကြီးသူတွေကို သားကတော့ အမြဲတမ်းရိုသေ လးစားအားကိုးချင် နေတာဗျ..ဒါပေမယ့် မကြီးမငယ်နဲ့ အိမ်ပူအောင်လုပ်ဖထွေးကို အိမ်ထောင်ဦးစီးခန့် ချင်တဲ့ အရှုပ်ထုပ် ဆိုရင်တော့ ဂျီးတော်ဖြစ်ဖြစ် ဘကြီးဖြစ်ဖြစ် သားကတော့ ကော်ထုတ်ပလိုက်ချင် တာ.. ဒါနဲ့ ကျနော့် အိမ်က ဂျီးတော်ကြီး ကို ပြောရဦးမယ် ခင်ဗျားဆီး ချိုပျောက်ဖို့ သောက်ရတဲ့ ဆေးခါး တစ်အိမ်သားလုံး ၀ိုင်းမသောက်ခိုင်းနဲ့ ဗျ ကျုပ်တို့ က လူငယ် ကျန်းမာတယ် အဖိုးမသေခင်ကမှာခဲ့တယ် အဲဒီဆေးက ဆီးချိုဖြစ်မှသောက်ရတာတဲ့ .. ငတ်ကြီး ကျလို့ ကိုယ်ဆီး ချိုဖြစ်တာ သူများတွေကိုပါ ဆေးခါးမတိုက်နဲ့ဗျ .... ပြီးတော့အိမ်ခြံခတ်နေတဲ့ အငယ်ကောင်တွကို ဘေးအိမ်ရောက်ရင် အတင်းပြောလိုက် အိမ်မှာနေရင် ဂျီတိုက်လိုက် ရွဲ့လိုက် လုပ်မနေပါနဲ့ဗျာ.. ..ဒီကောင်တွေ စိတ်ပျက်ရင် အိမ်မှာ အလုပ်ဖြစ်တော့မှာမဟုတ်ဘူး ဂျီးတော်မှာ သန်သန်မာမာဆိုလို့ အာပဲကျန်တော့တာ ...လိမ္မာရင် လက်တွဲပြီး ဘုရားပို့ပေးမယ် ပညာတတ်ပီပီ အနေအထိုင်တတ်စမ်းပါဗျာ..။ ပြီးတော့ ကျုပ်တို့လို ငြိမ်ငြိမ်လေးနေချင်တဲ့ သူတွေကို ၀င်ပါချင်လာအောင် အာရုံမနောက်နဲ့ဗျာ...။ -
az

No comments: