Wednesday, September 25, 2013

သေချာပြီလားဒေါ်စုကြည်

သေချာပြီလား ဒေါ်အောင်ဆန်းစုကြည် ---------------------------------------- NLD လို အရည်အချင်းရှိတဲ့ ပါတီရှိရင် ပြပါ ဆိုတဲ့  သတင်း ကို ဒီနေ့ ဖတ်လိုက်ရပါတယ်။ဖတ်လိုက်ပြီးတာနဲ့ အတူ မေးခွန်းတွေလဲ ခေါင်းထဲမှာ တန်းစီ ၀င်လာတယ်။NLD အနေနဲ့အရည်အချင်းဆိုတာ ဘာနဲ့ တိုင်းတာသလဲ ဆိုတာ ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။လူများတာကိုအရည်အချင်းလို့ဆိုချင်တာလား ဘာကိုဆိုလိုချင်တာလဲသဲသဲကွဲကွဲမရှိ ။လူများတာကို အရည်အချင်းရှိတာ ကို ပြောတာဆိုရင်တော့ စောဒက တက်စရှာ မရှိပါဘူး။၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းကတော့ မ၀င်ဘူး ၊ မဲမပေးကြဖို့ တဂျီဂျီတောင်းဆိုခဲ့ပေမယ့် နောက်တော့လည်း အစိုးရ ရဲ့ ဖောက်ခဲ့တဲ့လမ်းကို အသာလေးမှေးလိုက်ခဲ့ရတာပဲမဟုတ်ပါလား။ နိုင်ငံရေးအရသူများတွေဖောက်ခဲ့တဲ့လမ်းကိုလိုက်လာခဲ့တဲ့၂၀၁၂NLDဆိုရင်တော့ ပြောစရာတွေက အများကြီးရှိနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်လည်းအသက်ကြီးလာလို့လားမသိဘူး တခါတခါနဲနဲချော်လာတာတွေ့ရတယ်။လွှတ်တော်ထဲမှာကြားဖြတ်၄၄ယောက်ကတိုင်းပြည်အတွက် ဘာအရေးပါတဲ့အဆိုတွေမေးခွန်းတွေလုပ်နိုင်ခဲ့ပြီလဲအောက်ခြေလူထုရဲ့ အခက်အခဲတွေကို ဘယ်လောက် အကျိုးပြုနိုင်ခဲ့သလဲမိမိတို့ရဲ့မဲဆန္ဒနယ်လူထုနဲ့ဘယ်လောက်ထိတွေ့ပြီးပြီလဲနိုင်ငံတော်ရဲ့ရှေ့ရေးအတွက် မိမိတို့ဒီမိုကရေစီ အင်အားစုတွေကိုစုစည်းညီညွတ်မှုရအောင်ဘယ်လောက် လုပ်ပြီးပြီလဲသင်တန်းတွေ နိုင်ငံခြားခရီးစဉ်တွေ ပွဲလမ်းသဘင်တွေနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာမဟုတ်ဘူးလား။ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ မှာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ဘယ်လို ဆောင်ရွက်နေသလဲ ၊ ဆောင်ရွက်ပြီးပြီလဲ ။ပြီးတော့ တရားဥပဒေစိုးမိုးရေး ဥက္ကဌ လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလော ဖြစ်နေတဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေမှာ ဘယ်အတိုင်းအတာထိ ဆောင်ရွက်ပြီးပြီလဲ ။မိတ္ထီလာ အရေး ၊ မောင်တော အရေး တွေမှာရော ဘာတစ်ခု မှ ၀င်ရောက်ပြောဆို ဆောင်ရွက်ပေးခြင်းမရှိခဲ့တာတွေရော ပြည်သူတွေ မေ့သွားပြီလို့များ ထင်လို့ပါလား။ လူမများပေမယ့်လူထုကိုအကျိုးပြုနေတဲ့ပါတီတွေရှိတယ်လွှတ်တော်ထဲမှာဒီမိုကရေစီဘောင်ကိုရသလောက်ချဲ့ဖို့ကြိုးစားနေတဲ့ လူထုအသံကို ထင်ဟပ်အောင် လုပ်ဆောင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရှိတယ်နိုင်ငံရေးမှာသေချာနေပြီလို့ထင်ထားရင် ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ထဲ ပါနေပြီဖြစ်လို့ တိုင်းပြည်ရဲ့ အနာဂါတ်အတွက် ရင်လေးတယ်လို့ပြောပါရစေဒေါ်အောင်ဆန်းစုကြည်။

No comments: