Saturday, September 28, 2013

အသိပေးအပ်ပါတယ်

မှန်ကန်သည့်သတင်းမဟုတ်ကြောင်းနှင့် နောင်တွင် အလားတူသတင်းအမှားများမဖော်ပြကြပါရန် မေတ္တာရပ်ခံခြင်း ရန်ကုန်၊ စက်တင်ဘာ ၂၈ လူမှုကွန်ယက် အင်တာနက်စာမျက်နှာများဖြစ်သော https://www.facebook.com/pages/သတင်းပေါင်းစုံ/480651228657570 တွင်ရေးသားဖော်ပြခဲ့ပြီး https://www.facebook.com/MyawadyNews မှ ကူးယူဖော်ပြထား သည့် ကူညီကြပါ ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ ထူးခြားမှုကြား သိပါက ဆက်သွယ်သတင်းပေးကြပါဟု ဆိုကာ ရွှေပြည်သာမြို့နယ်၊ အဖ ဦးကျော်စွာ၊ အမိဒေါ်ပြည့်စုံ၊ သမီးမခင်ပြည့်စုံ ၂၆.၉.၂၀၁၃နေ့ ဘယ်သူသတ်သွားမှန်းမသိကြောင်းနှင့် အလောင်းရှာတွေ့ပုံဟုဆိုကာ http://www.empressleak.com/wicked-world-watch-teenage-girl-raped-and-murdered-in-the-bush/ မှ သတင်း ပါ ဓါတ်ပုံအား ကူးယူဖော်ပြထားသည့် အဆိုပါသတင်းမှာ လုံဝမှန်ကန်မှုမရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့နယ်မြေ အတွင်းသာမက အခြားရဲစခန်းနယ် မြေများအတွင်း၌လည်း အဆိုပါ အမျိုးသမီးငယ် သေဆုံးမှု၊ အသတ်ခံရမှုဖြစ်စဉ်မရှိပါကြောင်း ပြည်သူများ သိရှိနိုင်စေရေးအသိပေးဖော်ပြအပ်ပါသည်။ အဆိုပါသတင်းအားရေးသားဖော်ပြခဲ့သည့် သတင်းပေါင်းစုံ facebook Pageအနေဖြင့်ယင်းကဲသို့မမှန်ကန်သည့်သတင်းအား ရေးသားဖော်ပြခြင်း အားဖြင့် သတင်းဖတ်ရှုသူပြည်သူများ အထိတ်တလန့်နှင့် စိတ်အနှောက် အယှက်ဖြစ်စေနိုင်ပြီးရဲတပ်ဖွဲ့၏Imageအားထိခိုက်နိုင်ပါသဖြင့် နောင်တွင် အလားတူ မမှန်ကန်သည့်သတင်းများအား ရေးသားဖော်ပြခြင်းမပြုပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသတင်းထုတ်ပြန်ရေးဌာနမှ မေတ္တာ ရပ်ခံအပ်ပါသည်။ Yangon Police

No comments: