Saturday, September 28, 2013

ဆိုင်ကယ်ခိုးသူများဖော်ထုတ်

ဆိုင်ကယ်ခိုးသူများအား ဖော်ထုတ်ဖမ်းဆီး နေပြည်တော်၊ စက်တင်ဘာ ၂၈ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရပ်ကွက်များတွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စုံစမ်းခဲ့ရာ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အဝေးပြေးကားဝင်းနောက်ကျောရှိ ကြာအင်းတောင်ခြေအနီး၊ ဆောက်လုပ်စ တိုက်ခန်းများတွင် ဆိုင်ကယ်ခိုးသူများခိုအောင်းနေကြောင်း သတင်းရရှိခဲ့သည်။ သို့ဖြင့် ၁၉-၈-၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် သက်သေများနှင့်အတူ အဆိုပါနေရာသို့ ၀င်ရောက်ရှာဖွေခဲ့ရာ ကညွတ်ကွင်းမြို့၊ တောင်ကုန်းနဲကျေးရွာနေ သန်းလွင်ဦး(ခ)သန်းဇော်ဦးအား တွေ့ရှိရပြီး တောကျွဲအင်းမြို့နေ ကိုကို ဆိုသူနှင့်အတူ ဘားအံမြို့ပေါ်တွင် ဆိုင်ကယ်များ ခိုးယူရန်လာရောက်ခဲ့ကြောင်း၊ ကိုကို၊ သက်ဦးတို့နှင့်အတူ လွန်ခဲ့သော ၁ လခန့်က ကညွတ်ကွင်း မြို့ပေါ်ရှိ အိမ်တစ်အိမ်မှ နံပါတ်မပါ Luojia ဆိုင်ကယ်တစ်စီးအား ဘားအံမြို့သို့ခိုးယူခဲ့ပြီး ၂၀-၈-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် မချိုချိုသန်းထံ ငွေကျပ်(၁၅၀၀၀၀ိ/-)ဖြင့် ကိုကိုမှ သွားရောက်ပေါင်နှံခဲ့ကြောင်း သိရှိရသဖြင့် သွားရောက်သိမ်းဆည်းခဲ့ပြီး သန်းလွင်ဦး(ခ) သန်းဇော်ဦးအား ဘားအံမြို့မရဲစခန်း (ပ)၁၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထပ်မံစစ်ဆေးချက်အရ လွန်ခဲ့သော(၆)လခန့် ၀၁၀၀ အချိန်တွင် ဖြူးမြို့နယ်၊ ညောင်ပင်သာ ကျေးရွာရှိအိမ်တစ်အိမ်မှ Luojia အနက်ရောင်ဆိုင်ကယ်အား ကိုကို၊ ထွန်းမင်းပိုင်၊ သက်ဦးတို့နှင့် အတူခိုးယူခဲ့ပြီး ငွေကျပ်(၁၃၀၀၀၀ိ/-)ဖြင့် ပေါင်နှံခဲ့ကြောင်း၊ ထို့နောက်(၁)ပတ်ခန့်အကြာ ၀၂၀၀ အချိန် ကညွတ်ကွင်းမြို့၊ (၃)လမ်း၊ “မင်းရာဘာ” လ္ဘက်ရည်ဆိုင်အနီးရှိ နေအိမ်တစ်အိမ်အတွင်းမှ DREAM-၁၂၅ အစိမ်းရောင်ဆိုင်ကယ်အား ကိုကို၊ ကိုသူ(ခ)ကျော်သူဝင်းတို့နှင့်အတူ ခိုးယူခဲ့ပြီး တောကျွဲအင်းမြို့၌ ပေါင်နှံခဲ့ကြောင်း၊ ထို့နောက်(၂)ပတ်ခန့်အကြာ ၀၁၀၀ အချိန်ခန့်တွင် ကညွတ်ကွင်းမြို့၊ ၀ါးခမရွာရှိ နေအိမ်တစ်အိမ်မှ Luojia အစိမ်းရောင်ဆိုင်ကယ်အား ကိုကို၊ ကိုသူ(ခ)ကျော်သူဝင်းတို့နှင့်အတူ ခိုးယူခဲ့ပြီး ငွေကျပ်(၈၀၀၀၀ိ/-)ဖြင့် ပေါင်နှံခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် နောက်ထပ်(၁)လခန့်အကြာ ၂၀၀၀ အချိန်၌ ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းမြို့ ကြားတွင် ဖင်ထောင်အမျိုးအစား အဖြူရောင်ဆိုင်ကယ်မောင်းနှင်လာသည့် အရက်သောက်ထားသူ ၂ ဦး ဆိုင်ကယ်မှောက်နေသည်ကိုတွေ့ရှိရသဖြင့် ၎င်းဆိုင်ကယ်အား ကိုကို၊ ကိုသူ(ခ)ကျော်သူဝင်းတို့နှင့်အတူ ယူဆောင်ခဲ့ပြီး ကိုကို၏အစ်မ၀မ်းကွဲတော်စပ်သူ မချိုချိုသန်းထံ ငွေကျပ်(၁၅၀၀၀၀ိ/-)ဖြင့် ပေါင်နှံခဲ့ကြောင်း၊ နောက်(၃)ရက်ခန့်အကြာ ၂၀၀၀ အချိန်ခန့်တွင် ဘားအံမြို့ဂေါက်ကွင်းအတွင်း ချိန်းတွေ့နေသည့် စုံတွဲ၏ဆိုင်ကယ်အား ဆော့ကတ်ဖြုတ်မောင်းနှင်ခဲ့ပြီး ကိုကို၏သူငယ်ချင်းဖြစ်သူထံ ငွေကျပ်(၁၀၀၀၀၀ိ/-)ဖြင့် ပေါင်နှံခဲ့ကြောင်း၊ ၎င်းဆိုင်ကယ်အားခိုးယူပြီး(၂)ပတ်ခန့်အကြာ ၀၁၃၀ အချိန်ခန့်တွင် ကညွတ်ကွင်းမြို့၊ စိုက်တန်းခင်းကျေးရွာရှိ နေအိမ်တစ်အိမ်မှ Laujia အနီရောင်ဆိုင်ကယ်အား ကိုကို၊ သက်ဦး၊ ထွန်းမင်းပိုင်တို့နှင့်အတူ ခိုးယူခဲ့ပြီး ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ၀ါဆိုဦးဈေးတွင် ဈေရောင်းသည့် ကိုကို၏အစ်မ၀မ်းကွဲတော်သူ မချိုချိုသန်းထံ ငွေကျပ်(၅၀၀၀၀ိ/-) ဖြင့် ပေါင်နှံခဲ့ကြောင်း၊ နောက်ထပ် (၁၀)ရက်ခန့်အကြာ ၀၁၀၀ အချိန်ခန့်တွင် ကျောက်တံခါးမြို့၊ လမ်းဆုံအနီးရှိ နေအိမ်တစ်အိမ်မှ Wave-s ခဲရောင်ဆိုင်ကယ်အား ကိုကို၊ ကိုသူ(ခ)ကျော်သူဝင်းတို့နှင့်အတူ ခိုးယူခဲ့ပြီး ဆိုက်ကားသမား တစ်ဦးထံငွေကျပ်(၁၀၀၀၀၀ိ/-)ဖြင့် ပေါင်နှံခဲ့ကြောင်း၊ ထို့နောက် (၄)ရက်ခန့်အကြာ ၂၁၀၀ အချိန်တွင် ၀ါဆိုဦးဈေးအတွင်းရှိ နေအိမ်တစ်အိမ်ရှေ့တွင်ရပ်ထားသော Wave ခဲရောင်ဆိုင်ကယ်အား ကိုကိုနှင့် အတူခိုးယူပြီး တောကျွဲအင်းမြို့၊ ဦးသန်းဇော်၏ စားသောက်ဆိုင်တွင် ငွေကျပ်(၁၅၀၀၀၀ိ/-)ဖြင့် ပေါင်နှံခဲ့ကြောင်း သိရှိရသည်။ ဆက်လက်စစ်ဆေးချက်အရ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ပအိုဝ့်စုရှိ နေအိမ်တစ်အိမ်အတွင်းမှ ရွှေဆွဲကြိုးအစစ် ၁ ကုံး၊ အတု ၁ ကုံး၊ ရွှေလက်စွပ်အစစ် ၁ ကွင်း၊ မိန်းမပတ်နာရီ ၁ လုံး၊ ဟန်းဆက် ၁ လုံးနှင့် ငွေကျပ်(၃၅၀၀၀ိ/-)တို့အား ကိုကိုနှင့်အတူခိုးယူခဲ့ပြီး ရွှေဆွဲကြိုးနှင့်လက်စွပ်အား ကညွတ်ကွင်းမြို့ ဈေးအနီးတွင် ပေါင်နှံခဲ့ကြောင်းသိရသဖြင့် ဘားအံမြို့မရဲစခန်း(ပ)၁၅၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထို့နောက် (၁)လခန့်အကြာ ၀၂၀၀ အချိန်ခန့်တွင် ဘာအံမြို့၊ ကားကြီးဝင်းအနီးရှိ နေအိမ်တစ်အိမ်မှ DREAM-၁၂၅(II) အစိမ်းရောင်ဆိုင်ကယ်တစ်စီးနှင့်ကွန်ပျူတာလက်တော့ ၁ လုံး တို့အား ကိုကို၊ ထွန်းမင်းပိုင်တို့နှင့်အတူ ခိုးယူခဲ့ပြီး ကွန်ပျူတာလက်တော့အား ကိုကို၏အစ်ကိုဖြစ်သူ ဝေထူး(ခ)ဆံရှည်ထံ ပေးထားကြောင်း၊ နောက်တစ်နေ့တွင် ဒိုက်ဦးမြို့သို့သွားရောက်စဉ် လှည့်ကင်းအဖွဲ့နှင့် တွေ့ရှိသဖြင့် ဆိုင်ကယ်အားထားပြီး ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် ၁ ပတ်ခန့်အကြာ ၀၁၀၀ အချိန်တွင် တောကျွဲအင်းမြို့၊ ရှမ်းစုရွာရှိနေအိမ်တစ်အိမ်မှ Laujia အစိမ်းရောင်ဆိုင်ကယ်အား ကိုကိုနှင့်အတူ ခိုးယူခဲ့ပြီး ၀ါဆိုဦးရွာအနီးရှိ ကွမ်းယာဆိုင်၌ ငွေကျပ်(၂၅၀၀၀၀ိ/-)ဖြင့် ရောင်းချခဲ့ကြောင်း စစ်ဆေးသိရှိရ သည်။ သို့ဖြစ်၍ ပြစ်မှုကျူးလွန်ရာ၌ပါဝင်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ သက်ဦး(၁၉)နှစ်နှင့် ထွန်းမင်းပိုင်(၁၉)နှစ်၊ ကွန်ပျူတာလက်တော့လက်ခံထားသူ ဝေထူး(ခ)ဆံရှည်(၂၅)နှစ်တို့ ၃ ဦးအား ၂၃-၈-၂၀၁၃ ရက်နေ့တွင် လည်းကောင်း၊ ကိုသူ(ခ)ကျော်သူဝင်း(၁၉)နှစ်၊ ဆိုင်ကယ်အားတဆင့်ပေးလိုက်သူ သန်းဇော်(၄၀)နှစ် တို့နှစ်ဦးအား ၂၆-၈-၂၀၁၃ ရက်နေ့တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ကိုကိုမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ၎င်းတို့ခိုးယူရောင်းချ ပေါင်နှံထားသော သက်သေခံ ဆိုင်ကယ်(၈)စီး၊ ကွန်ပျူတာလက်တော့(၁)လုံးနှင့် ရွှေထည်ပစ္စည်း(၂)မျိုးတို့အား လိုက်လံသိမ်းဆည်းခဲ့ပြီး ပြစ်မှု ကျူးလွန်သူများအား ထိုက်သင့်သည့်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: