Wednesday, September 25, 2013

ဗီယက်နံမြန်မာစက်မူဇုန်ထောင်မည်

ဗီယက်နမ် မြန်မာ ပူးတွဲ စက်မှုဇုန် ထူထောင် ရေး ခွင့်ပြုချက် ရ 25.9.2013 ဗီယက်နမ် ထိပ်သီး အိမ်ရာ စက်မှုဇုန် နှင့် ဈေးဝယ် စင်တာ အပါ အဝင် ဖွံ့ဖြိုးရေး လုပ်ငန်းစု တစ် ခု ဖြ စ်သော CT Group သည် မြန်မာ နိုင်ငံ တွင် ဗီယက်နမ် - မြန်မာ စက်မှု ဇုန်ကြီး တစ်ခု ထူေ ထာင်ရန် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ၏ ခွင့်ပြုချက် ကို ရရှိ ခဲ့ပြီး ဖြစ်ကြောင်း ဗီယက်နမ် သတင်း စာ များ က ၂၃-၉-၂၀၁၃ ရက်တွင် ထုတ်ဖော် ရေးသား လိုက် ကြသည်။ မြန်မာ နိုင်ငံ တွင် နှစ်နိုင်ငံ ပူးတွဲ စက်မှုဇုန် တည်ထောင် ခွင့် အတွက် မြန်မာ ဒုတိယ သမ္မတ ဦးဥာ ဏ် ထွန်း နှင့် ပြီးခဲ့သော သြဂုတ်လ အ တွင်း က နေပြည်တော် တွင် တွေ့ဆုံပြီး အတည် ပြု ချက် ရယူခဲ့ ခြင်း ဖြစ်ကာ စီမံကိန်း အသေး စိတ် အချက် အလက် များ ကို လတ်တ လော ထုတ်ပြန် ရန် အဆင်သင့် မဖြစ်သေး ကြောင်း ၂၉ - ၉ - ၂၀၁၃ ရက် တွင် ဗီယက်နမ် သတင်း ဌာနများ ကို ပြော ကြား သည်ဟု သိရသည်။ ဗီယက်နမ် CT Group က တည်ထောင် မည့် ပူးတွဲ စက်မှုဇုန် တွင် ဗီယက်နမ် လုပ်ငန်းစုများ က မြ န် မာ နိုင်ငံ ၌ စက်ရုံ တည်ထောင် လိုပါက အဆိုပါ စက်မှုဇုန် တွင် ဝင်ရောက် လုပ်ကိုင် နိုင်စေ မ ဖြ စ်ကာ စက်မှု ဇုန် မှ ထုတ်လုပ် သော ထုတ်ကုန် များ ကို မြန်မာ နိုင်ငံ တွင်း ၌ ဖြန့်ဝေ သွားရန် ရှိသည် ဟု လည်း သိရသည်။ CT Group အ နေ ဖြင့် မြန်မာ နိုင်ငံ ၏ ဖွံ့ဖြိုး လာဖွယ် ရှိ သော အ လား အလာ ကို ဝင်ရောက် နေရာယူ ထားရန် မျက်စိ ကျနေခြင်း ဖြစ် ကာ စီမံကိန်း တည်နေရာ၊ အ ကျယ် အဝန်း၊ ကုန်ကျ စရိတ်နှင့် စက်မှုဇုန် တစ်ခု အတွက် လိုအပ်သော အချက်များကို အသေးစိ တ် ထု တ်ပြန်သွားရန် ပြင်ဆင်နေပြီဟုလည်း သိရသည်။ မြန်မာဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဗီယက်နမ်နိုင်ငံကို ပြီးခဲ့သော မတ်လ က ရောက်ရှိ စဉ် CT Group ၏ ရုံးချုပ် တွင် သွားရော က်ေ လ့ လာ ခဲ့ဖူးပြီး ဗီယက်နမ် လုပ်ငန်းစု က အဆိုပြု သော ပူးတွဲ စက်မှုဇုန် စီမံကိန်း ကို စိတ်ဝင် တ စား ခွင့်ပြုခဲ့ခြင်း ဖြစ်သည် ဟု ဗီယက်နမ် ကုမ္ပဏီ က သတင်း ထုတ်ပြန် လိုက်ကြောင်း သိရှိရပါ သ ည်။ ပြည်မြန်မာ

No comments: