Wednesday, September 25, 2013

ထာားဝယ်အထူးစီးပွားရေးဇုန်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ ၀င်ရောက်လာရေး ယခုသီတင်းပတ်အတွင်း မြန်မာ-ဂျပန်-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေးမည် Wednesday, September 25, 2013 ထားဝယ် အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ developer အနေနှင့် ၀င်ရောက်လာနိုင်ရေးအတွက် မြန်မာ-ဂျပန်-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အား ယခုတစ်ပတ် အတွင်းမှာပင် ရန်ကုန် (သို့မဟုတ်)နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ "ဒီတစ်ပတ်ထဲ လောက်မှာပဲ ထားဝယ်မှာ ဂျပန်ပါဝင်လာဖို့အတွက် သုံးပွင့်ဆိုင် ဆွေးနွေးဖို့ ရှိတယ်။ အီတာလျံထိုင်းကတော့ ဆက်ပြီးဒါကို အကောင်အထည် ဖော်ဖို့ကျတော့ သူ့မှာအခက်အခဲ ရှိနေတယ်။ ဒါကြောင့် ဂျပန်ပါဝင် လာနိုင်အောင် ဆွေးနွေးမှာပါ။ ပါလည်းပါဝင် လာနိုင်တဲ့ အနေအထား ရှိပါတယ်" ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။ လက်ရှိ အခြေအနေတွင် သီလ၀ါ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန် စသည့်အထူးစီးပွားရေးဇုန် (Special Economic zone) သုံးခုရှိနေပြီး သီလ၀ါ အထူးစီးပွားရေးဇုန်မှာ deep seaport မဟုတ်ကြောင်း၊ သို့သော်လက်ရှိ အကောင်အထည် ဖော်နေသော အထူးစီးပွားရေး ဇုန်များအနက် သီလ၀ါ အထူးစီးပွားရေး ဇုန်ကိုသာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များက ပိုစိတ်ဝင်စားနေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်မှာ developer အဖြစ် တာဝန်ယူထားသော အီတာလျံ-ထိုင်း ကုမ္ပဏီဘက်မှ ငွေကြေးအခက်အခဲများ ရှိသောကြောင့် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲ ရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်လာပြီး နိုင်ငံတကာ စိတ်ဝင်စားမှု ကျဆင်းလာကြောင်း သတင်းရရှိသည်။ ထို့အတူ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း စောင့်ကြည့်ဆဲ အဆင့်သာ ရှိပြီး များသောအားဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက အမေရိ ကန်နိုင်ငံ ၏ အခြေအနေကို စောင့်ကြည့်နေကြပြီး အမေရိကန်နိုင်ငံ ၀င်လာမှ ပို၍ခိုင်မာသည်ဟု ယူဆကြကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်နေသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကျောက်မီးသွေးစက်ရုံ စီမံကိန်းများ ပါဝင်နေသည့် အတွက်လည်း နည်းပညာမြင့်သော ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ အနေဖြင့် ပူပေါင်းပါဝင် လုပ်ဆောင်သင့်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ထားဝယ် အထူးစီးပွားရေးဖုန် စီမံကိန်းတွင် လတ်တလော လျှပ်စစ်ဓာတ် အား လိုအပ်ချက်အား ဖြည့်ဆည်းရန် သဘာဝဓာတ်ငွေ့ရည်သုံး စက်ရုံနှစ်ရုံဖြစ်သည့် ၃၆ မဂ္ဂါဝပ်နှင့် ၁၈၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံနှစ်ခုအား ၂၀၁၅ တွင် အပြီးသတ် တည်ဆောက်မည်ဖြစ်ကာ ၆၀၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေး စက်ရုံစီမံကိန်းအား ၂၀၁၅ တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်သည်။ Eleven Media Group ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဇင်)

No comments: