Tuesday, September 24, 2013

စင်ကာပူသွားမဲ့သူများသတိထား

စင်ကာပူနိုင်ငံက ပြည်ပအလုပ်သမားများအား ထိန်းချုပ်နိုင်ရန် စီစဉ် Tuesday, September 24, 2013 စင်ကာပူနိုင်ငံက နိုင်ငံခြားမှ ကျွမ်းကျင်လုပ်သားများ ငှားရမ်းရေးနှင့် ပတ်သက်သည့် တင်းကျပ်သည့်ဥပဒေများ ကို စက်တင်ဘာလ ၂၃ရက်နေ့တွင် ကြေညာခဲ့ရာ စင်ကာပူရှိ ကုမ္ပဏီများအနေဖြင့် လာမည့်နှစ်မှစတင်ကာ ပထမဦးစားပေးအဖြစ် ဒေသခံနိုင်ငံသားများအား အလုပ်ခန့်အပ်နိုင်ရေး ဆောင်ရွက်ခဲ့သည့် အထောက်အထား များကို ပြသရမည်ဟု ဖော်ပြထားသည်။ အဆိုပါ ပြုပြင်ပြောင်းလဲလိုက်သည့် ဥပဒေမှာ ၂၀၁၄ခုနှစ် သြဂုတ်လတွင် အာဏာသက်ဝင်မည်ဖြစ်သည်။ ဒေသခံနိုင်ငံသားများအား ခွဲခြားဆောင်ရွက်သည့် ကုမ္ပဏီများ အနေဖြင့် နိုင်ငံခြားသားကျွမ်းကျင်လုပ်သားများအား အလုပ်ခန့်အပ်နိုင်ရေး အတွက် လျှောက်ထားရာတွင် တင်းကြပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခြင်း ခံရမည်ဟု The Ministry of Manpower မှ ပြောကြားသည်။ စင်ကာပူနိုင်ငံတွင် ၂၀၁၂ခုနှစ်၌ လုပ်သားအင်အားစု ၃.၃၆သန်းရှိ သည့်အနက် ၃၇ရာခိုင်နှုန်းခန့်မှာ ဒေသခံများ မဟုတ်ကြပေ။ ကုမ္ပဏီများအနေဖြင့် လစ်လပ်နေရာများတွင် စင်ကာပူနိုင်ငံသားများအား ဖြည့်ဆည်းနိုင်ရန်အတွက် ပထမဦးစွာ ကြော်ငြာပေးရမည်ဖြစ်ကြောင်း၊ လစ်လပ်နေရာ အတွက် နိုင်ငံသားများအနေဖြင့် အရည်အသွေး မပြည့်မီမှသာ ပြည်ပနိုင်ငံခြားသားများအား ငှားရမ်းရမည်ဖြစ်ကြောင်း ကိုလည်း Ministry of Manpower က ဖော်ပြထားသည်။ ဗန်ကောက်ပို့စ် ပင်းယမဂ္ဂဇင်း

No comments: