Sunday, September 29, 2013

ဒေါ်စုနားလည်ထားဖို့ပါ

အမေစု နားလည်ထားဖို့ ။။။။။။။။။။။။။။။။။။။။။။။။။။။။။ . .ကျွန်မနိုင်ငံရေးလုပ်တာ မဲလိုချင်လိုမဟုတ်ဘူး။ရွေးကောက်ပွဲမှာအနိုင်ရဖို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူးဆိုတဲ့စကား နားနဲ့ဆတ်ဆတ်ကြားလိုက်ရတော့ တခုဘဲမေးချင်တယ် အမေကို။ သမ္မတဖြစ်ချင်လွန်းလို့ နိုင်ငံရေးလုပ်နေတာလား။ . .ပြည်သူကောင်းစားဖို့နိုင်ငံရေးလုပ်နေတာပါဆိုလျှင် အခုလုပ်နေတဲ့ မျိုးစောင့်ဥပဒေ အမေကိုယ်တိုင်ကိုယ်ကျ ထောက်ခံလိုက်စမ်းပါ။ ယောင်ဝါးဝါး ဝေလည်ကြောင်ပတ် ဖြန်းမပြောရဘူး။ . .ပြည်သူလူထုက အမေရဲ့အသံကိုနားထောင်နေတာ။ အမေအခုလိုဖြစ်လာဖို့ သံဃာတော် လူထုတွေ ဘယ်လောက်ပေးဆပ်ခဲ့ရလည်း။ . .အမေကို နိမ့်ပါတဲ့အချိန်တုန်းက အားပေးထောက်ခံခဲ့တဲ့ သူတွေရဲ့ဆန္ဒကို တချက်လောက်တောင် လှည့်ကြည့်ခဲ့ဖူးလား။ . .ကျွန်မလျှောက်နေတဲ့လမ်းကြီးဆိုပြီး လာမပြောနဲ့။ ကျွန်တော်တို့ပြည်သူတွေမပါဘဲ အမေတယောက်ထဲ သွားလို့မရဘူး။ အမေ ကိုးကွယ်တဲ့ သံဃာတော်တွေရဲ့သဘောထား အမေကိုချစ်တဲ့ပြည်သူလူထုရဲ့ သဘောထား အမေ ဘာကြောင့် မသိချင်ယောင်ဆောင်နေသနည်း။ . .ဒီမိုကရေစီလမ်းကြောင်းဆိုတိုင်း အများရဲ့သဘောထားကို လျစ်လျူမပြုပါနှင့်။ မူနဲ့မကိုက်လို့ဆိုပြီး လူတွေကို ကန်ထုတ်ပစ်လို့ မရပါဘူး။ ဆရာတော်ကို ပြစ်တင်ဝေဖန်လို့ မရပါဘူး။ မြန်မာပြည်ဖြစ်တဲ့အတွက် မြန်မာပြည်သားတွေရဲ့ ဆန္ဒသည်သာ အဓိကပါ။ . .အကျိုးလိုလို့ ညောင်ရေတွေ စွတ်လောင်းမပစ်နဲ့။ အထိနာသွားမှာက ကျွန်တော်တို့ပြည်သူတွေပါ။ မတင်မကျ စကားတွေနဲ့ ထိန်းညှိနေရမဲ့ အချိန်တွေ မဟုတ်တော့ဘူး။ ပြတ်ပြတ်သားသား တခုခုကို ရွေးချယ်ရမဲ့ အချိန်။ . .ဒီမိုကရေစီမူနှင့် ပြည်သူရဲ့သဘောထား တထပ်တည်းကျချင်မှကျလိမ့်မယ်။ မှိုင်းတိုက်ခံထားရလို့ ဖိနပ်အောက်ရောက်ချင်လို့ ဒီစကားတွေ ပြောတယ် မထင်နဲ့။ လော်ဘီကျင့် လော်ဘီကြံ ယုတ်မာတဲ့ အထဲမှာ ကျွန်တော်တို့ အမျိုးသားရေး သမားတွေ မပါဘူး။ . .ကောလဟာလနဲ့ပြည်သူအသံကို ခွဲခြားတတ်မှ နိုင်ငံရေးလုပ်ပါ။ နောက်ဆုံးမှာ စကားပြောလာမှာက ၊၊၊၊၊၊၊၊၊၊၊၊၊၊သွေး၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊။ ပြည်သူတွေ သွေးနဲ့ရေးခဲ့တဲ့သမိုင်း အမေ့ကြောင့် မရိုင်းသွားဖို့ ဆုတောင်းတယ်။ . .တနိုင်ငံလုံး ကားစီးနိုင်သွားပါစေ ချမ်းသာသွားပါစေ ကျွန်တော်တို့ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ မှေးမှိန်သွားရမဲ့ အဖြစ်မျိုးဆို ကျွန်တော်တို့ဆားနဲ့ဘဲ စားတော့မယ်။ အားလုံးရဲ့သဘောထားကို အလေထားပေးနိုင်ပါစေ။ ဒီမိုကရေစီနဲ့ အမျိုးသားရေးကို မည်သို့မည်ပုံ ထိန်းညှိမည်နည်း။ ရဟန်းရှင်လူအများရဲ့ဆန္ဒကို ရိုက်ချိုးမပစ်ပါစေနဲ့လို့ ဆုတောင်းရင် အမေ ကျန်းမာချမ်းသာပါစေလို့ သားဆုတောင်ပေးပါတယ်။ ။။။။။။။။။။။။။။။။။။။။။။။။။။။ မိုးလုံးဟိန်းချုံန်း ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

No comments: