Thu “ဒေါက်တာဇာနည်၏ Debate ကမ်းလှမ်းမှု လက်ခံထားခြင်းကို ရုပ်သိမ်းခြင်း” ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ ဒေါက်တာဇာနည်က စာရေးသူကို DVB မှာ စကားစစ်ထိုးဖို့ ကမ်းလှမ်းခဲ့တာ (15.7.2013) ရက်ကပါ။ “စိန်ခေါ်ရင်တိမ်ပေါ်ထိ လိုက်မယ်” ခေါင်းစဉ်နှင့် စာရေးသူက ပြန်လည်လက်ခံခဲ့တာလည်း (15.7.2013) ကပဲ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ရက်ပေါင်း (၇၀) ခန့်ကြာမြင့်ခဲ့သော်လည်း ဒေါက်တာဇာနည်ဘက်မှ စကားစစ်ထိုးရေးကိစ္စနှင့် ပတ်သက်၍ အကြိုညှိနှိုင်းဆွေးနွေးလာမှုများ လုံးဝမရှိသောကြောင့်လည်းကောင်း၊ ဒေါက်တာဇာနည်သည် ရိုဟင်ဂျာကို အသက်သွင်းသည့် သမိုင်းတရားခံအမျိုးသား သစ္စာဖောက်တစ်ယောက် ဖြစ်မှန်းသိလာရသော ကြောင့်လည်းကောင်း၊ ၄င်း၏ ဒေါက်တာဘွဲ့သည်လည်း အငြင်းပွားဖွယ် PHD ဖြစ်နေသောကြောင့် လည်းကောင်း၊ ဒေါက်တာဇာနည်၏ ကမ်းလှမ်းမှုကို လက်ခံထားခြင်းကို ယနေ့ (23.9.2013) ရက်နေ့ ညနေ 6:00 နာရီမှစ၍ အပြီးအပိုင်လုံးဝ ရုပ်သိမ်းလိုက်ပါကြောင်း ကြေညာအပ်ပါသည်။ နောက်နောင် ဦးပဉ္စင်းဝီရသူအား စိန်ခေါ်လိုပါက မိန်းမပွေသူမဖြစ်စေရ။ ငွေကြေးဇယားရှုပ်သူမဖြစ်စေရ၊ ဇိုးသမား၊ ဖိုးသမား မဟုတ်စေရ။ တိုင်းပြည်ကို ရောင်းစားသူ၊ ပြည်သူကို ခုတုံးလုပ်သူ၊ နိုင်ငံရေးလုပ်စားသူ- အမျိုးသား သစ္စာဖောက်များ မဖြစ်စေရပါ။ အဆိုပါ အပြစ်အနာအဆာများ လုံးဝ ကင်းရှင်းပြီး အမှန်တကယ် ဓမ္မဘက်မှ ရပ်တည်လိုသူ၊ အမှန်တကယ်ငြိမ်း ချမ်းလိုသူများကိုသာ Debate လုပ်မှု လက်ခံမည်ဖြစ်ပါသည်။ ဇာတ်တော်ထဲမှာ-ခြင်္သေ့တစ်ကောင်က ရေလာသောက်ပါတယ်။ တောဝက်တစ်ကောင်ကို တွေ့တဲ့အခါ ခြင်္သေ့က တိတ်တိတ်လေး ရှောင်ထွက်သွားပါတယ်။ ဗိုက်ပြည့်နေတာရယ်။ သူလာတတ်မှန်းသိရင် တောဝက်တွေ နောက်ထပ် မလာဝံ့ကြမှာရယ်ကြောင့်ပါ။ ဒါကို တောဝက်က နားထင်သွေးရောက်ပြီး ခြင်္သေ့ကို စိန်ခေါ်ပါတယ်။ သင်လည်း ခြေလေးချောင်း၊ ငါးလည်းခြေ လေးချောင်း-ဘာလို့ သတ္တိကြောင်ရတာလဲတဲ့။ ဒီအခါ-ခြင်္သေ့က-အခု ငါဗိုက်ပြည့်နေပြီ။ နောက်ခုနှစ်ရက်မြောက်တဲ့နေ့မှာ ဒီနေရာပြန်လာခဲ့လို့ ချိန်းလိုက်ပါတယ်။ တောဝက်ဟာ ဘွာမထူးဘူးထင်ပြီး စိန်ခေါ်လိုက်မိတာ-မသွားရင်လည်း ကြောက်ရာကျမယ်။ သွားရင်လည်း သေမှာကြောက်တယ် ဖြစ်နေတာပါ။ အခြားတောဝက်တွေက အကြံဥာဏ်ပေးပါတယ်။ မစင်တွေနှင့် လူးထားလိုက်။ ခုနှစ်ရက်ပြည့်တဲ့အခါ နှင်းတောထဲကနေ တိုးဝှေ့ပြီး ထွက်လာခဲ့။ လေညာအရပ်ကနေ ကြိုစောင့်နေပါ။ ခြင်္သေ့လာတော့ မစင်နံ့တွေက ထွက်နေပါပြီ။ ချီးခြောက်ရေနှူးနံ့တွေပါ။ ဒါနဲ့ ခြင်္သေ့က-မစင်လူးထားတဲ့သင့်ကို စားဖို့နေနေသာသာ လက်သည်းနှင့်တောင် မတို့ထိနိုင်ဘူးဆိုကာ လှည့်ပြန်သွားခဲ့ပါတယ်။ ကြားမြင်မရှိ၊ ဇာတိမမြတ်၊ မျိုးဇာတ်မတူ၊ ယုတ်ညံ့သူတို့၊ ငြူစူပြစ်မှား၊ ပြုတုံငြားလည်း၊ တောသားညစ်ဆုံး၊ မစင်တုံးဖြင့်၊ ကိုယ်လုံးမံလျက်၊ ဘင်လူးဝက်ကို၊ မဖက်ဝေးအောင်၊ ခြင်္သေ့ရှောင်သို့၊ သားမောင်ရတနာ၊ ကင်းကြောင်းခွလော့၊ ပြိုင်ကာဆော်လှုံ့၊ ရန်စမြုံ့ဖြင့်၊ ရန်တုန့်ပြန်လစ်၊ ရန်မဖြစ်နှင့်။ (မဃဒေဝ။ ၂၀၅။) 15.7.2013 ကမ်းလှမ်းလာမှုနှင့်-လက်ခံမှုကို ပြန်လည်းဖော်ပြထားပါသည်။ ဒေါက်တာဇာနည်အကြောင်း ပေးပို့လာသော မေးစာကိုလည်း ပူးတွဲဖော်ပြထားပါသည်
No comments:
Post a Comment