Sunday, September 29, 2013

အဟက်ပြင်မလား အသစ်ပြန်ရေးမလား

အဟက်….. ပြင်မလား… အသစ် ပြန် ရေးမလား ……???????? ပါတီတွေခြင်း ညှိမရဘူး ဆိုကတည်းက …. သဘောထားကွဲလွဲမှုက …. အတော် ပြင်းထန်နေတယ်….. ခင်ဗျားတို့ ဆန္ဒကို ….. တစ်ခြားသူတွေက…….. လုံးဝ မလိုက်လျောဘူး ဆိုတာကိုလဲ….. ကောင်းကောင်း သဘောပေါက်တယ်…… ထုတ်ဖော် မပြောပေမယ့်လည်း….. ခင်ဗျားတို့ ဆန္ဒက ဘာဆိုတာ….. ဘာလုပ်ချင်တယ် ဆိုတာ ကိုလဲ …. အတော်များများ သိကြတယ်….. ပြည်သူ့ ဆန္ဒခံယူမယ် ဆိုတော့လည်း …. ကောင်းတာပါပဲ……. ယူပါ……. ပြောချင်တာ က…. ပြည်သူဆိုတာ….. ခင်ဗျားတို့ ပါသလို …. ကျုပ်တို့ လဲပါတယ်…... ဒီမိုကရေစီရေး အတွက်…. အသက်ပေးခဲ့တဲ့သူတွေ ပါသလို ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးချိုချို အောက်မှာ….. တဖြုတ်ဖြုတ် အသက်ပေးနေရတဲ့ …. အညတြ စစ်သည်တွေလည်း ပါတယ်…. ကမ္ဘာနဲ့ ချီပြီး လူ့ အခွင့်အရေးကို ….. ကြွေးကြော်နေတဲ့ သူတွေ ပါသလို… တိုင်းရင်းသား ဒေသတွေက….. လူသစ် စု ဆက်ကြေးကောက် ခံနေရတဲ့ …. မသိနားမလည် ...... တိုင်းရင်းသား လူငယ်လေးတွေ လည်း ပါတယ်…. ကျုပ်တို့ လိုချင်တာ…… ဒီမိုကရေစီ ရရေး…… ခင်ဗျားတို့ ပါတီ အာဏာရရေး မဟုတ်ဘူး…. ဒီမိုကရေစီ ရ မှ ….. တိုင်းပြည် တိုးတက်မယ်ဆိုတာ ယုံတယ်…. ခင်ဗျားတို့  အာဏာရ မှ …. တိုင်းပြည် တိုးတက်မယ် ဆိုတာ မယုံဘူး….. လူ့ အခွင့်အရေး ဆိုတာ ယုံတယ်…. လူ့ အခွင့်အရေးကို ….. အမျိုးသားရေး ထက် ..... ပို ဦးစားပေးရမယ် ဆိုတာ မယုံဘူး…… ဖွဲ့ စည်းပုံ အခြေခံဥပဒေ ….. ပြင်ရမယ်ဆိုတာ ယုံတယ်…. အခု ချက်ချင်းပြင် ...... အခု ချက်ခြင်းပြင် ဆိုတာ မယုံဘူး…… အဲဒီတော့ …. ရှင်းရှင်း ပဲ မေးမယ်…… ပြည်သူ့ ဆန္ဒ ခံယူပွဲ လား…… ကိုယ်လုပ်ချင်တာ လုပ်လို့ ရဖို့ …. ရိုးရိုးသားသား ပြည်သူ လူထုကို ….. တစ်ဖက်လှည့်နဲ့ ….သွေးဆောင်ပွဲလား….. ကျုပ်တို့ လိုချင်တာ …. ဖြေးဖြေးမှန်မှန် နဲ့ …… နောက်ကြောင်း ပြန်မလှည့်ဖို့ ပဲ…. အတော်များများ က ...... ပြင်ပါလို့  သဘောတူတော့ …. အသစ်ရေးမယ် ဆိုတဲ့ ….. သောက်ပေါက် ထလုပ်တယ်….. ၉၀ ခုနှစ်တုန်းက…… အာဏာ ဘယ်နေမှန်းမသိ …. အရေးယူမယ် ...ထ အာချောင်လို့ …. တွယ်ခံရတာ အမှတ်မရှိ…… ၉၆ ခုနှစ်မှာ …… ၀ မရှိပဲ ၀ိလုပ်ပြီး….. အမျိုးသားညီလာခံက ထ ထွက်သွားလို့ ….. အချိန်တွေပဲ ထပ်ကြာခဲ့ရတာ …. အမှတ်မရှိ……… တစ်ခုပဲ ပြောပါရစေ ….. ခင်ဗျားတို့ အရူးထနေတာ….. ကျုပ်တို့ အနာဂတ်တွေ….. သန်း ၆၀ ရဲ့ အနာဂတ်တွေဆိုတာလဲ …. မမေ့ပါနဲ့ ဦးဗျာ………..။

No comments: