Saturday, September 28, 2013

အတဲ့ကောင်ခံ

မန္တလေး ကားလောကတွင် ကျပ်သိန်းသုံးသောင်းကျော် လိမ်လည်ရှောင်တိမ်းမှုဖြစ်ပွား မန္တလေးမြို့ကားအရောင်းအ၀ယ်လောကတွင် ငွေကျပ်သိန်းသုံးသောင်းကျော်အား လိမ်လည်တိမ်းရှောင်မှုကြောင့် စလစ်မထွက်သေးသည့် ကားဝယ်ယူထားသူများ အခက်တွေ့နေကြောင်း သိရသည်။ ကား Show Room ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ ရောင်းဝယ်မှု ပြုပေးသူတစ်ဦးမှ ကားစီးရေ ၄၀၀ ခန့်အတွက် စလစ်၊ အုံနာဘုတ်စသည့် ကညနပိုင်းဆိုင်ရာ ကိစ္စများ ပြီးစီးအောင် ပြုလုပ်ပေးခြင်းမရှိဘဲ ရှောင်တိမ်းသွားမှုကြောင့် ၀ယ်ယူထားသူများ နစ်နာမှုနှင့် ယင်းကိစ္စများ ဆောင်ရွက်ရန် အခက်တွေ့နေကြောင်း ကားပွဲစားများထံမှ သိရသည်။ ''ခုကိစ္စက ရန်ကုန်ရော မန္တလေးရော အားလုံးပါတယ်။ ကားလောကမှာ နားကွင်းကိုကျော်ကြီးဆို လူတိုင်းသိပါတယ်။ခုဟာက ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်သွားတာ။ကျွန်တော်က သိန်း ၂၅၀၀ လောက်ရှိပြီး ကောက်ယူရသလောက် စာရင်းအရ စလစ်မကပ်ရသေးတဲ့ ကားအစီး ၁၅၀ နဲ့ ပြုလုပ်နေဆဲ၊ အုံနာဘုတ်မရသေးတဲ့ကားက ၁၈၀ လောက်ရှိတယ်။ ရန်ကုန်က ကားကုမ္ပဏီ ၁၁ ခုလောက်နဲ့ ချိတ်ဆက်ပြီး ရောင်းတယ်လို့လည်း သိရတယ်''ဟု ကားအရောင်းပြခန်း ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။ ''သိန်း ၂၀၀ လောက်တန်တဲ့ ကားကို သိန်း ၁၈၀ လောက် ပေးထားပြီးသား။သိန်း ၂၀ ပဲကျန်မယ်။ အုံနာဘုတ် မထွက်သေးဘူး။စလစ်မကပ်ရသေးဘူး။ ဒါတွေ လုပ်မပေးတော့ ခုတော့ ကားကုမ္ပဏီကတစ်ခုကနေ ဒီကားက သူ့ဆီမှာ စလစ်ဖိုး ငွေပေးဖို့ ကျန်သေးတယ်။ ဒါကြောင့် သိန်း ၁၁၀ လောက် ထပ်တောင်းပြီး လုပ်ပေးမယ်ပြောတယ်။ ပေးပြီးလုပ်တဲ့သူလည်း လုပ်ကြတာပဲ။ အဲလိုဖြစ်စဉ်တွေအများကြီးပဲ။ တကယ်တမ်း ဒါက နားကွင်းကိုကျော်ကြီးနဲ့ အဲဒီကုမ္ပဏီတို့ ဆိုင်တဲ့ကိစ္စပဲလေ။ စလစ်ဖိုးငွေ သိန်း ၁၁၀ တကယ်ပဲ ပေးဖို့ ကျန်သလားဆိုတာ သူတို့ပဲသိမယ်။ အဲလောက်မကျန်ဘဲနဲ့ ကြားက အမြတ်ထုတ်တာမျိုး မဖြစ်သင့်ဘူး။ ဒီဖြစ်စဉ်မှာ နစ်နာဆုံးရှုံးတဲ့သူတွေ အများကြီးပါ။ ကားတန်ဖိုးရဲ့ နှစ်ဆလောက် ကျသင့်နေတာ မျိုးပါ''ဟု ကားဝယ်ရောင်းတစ်ဦးက ဆိုပါသည်။ ''ဖြစ်တာက သင်္ကြန်အပြီး ဧပြီလလောက်ကတည်းကစတာ။ ကားတွေ နေ့စဉ်ရောင်းနေပြီး စလစ်ထွက်မလာလို့ နောက်ထပ် သူနဲ့ အရောင်းအ၀ယ်မလုပ်တော့တာ။ အဲဒီကတည်းက ၀ယ်ထားတဲ့ နှစ်စီးကို ခုထိဘာမှ လုပ်မပေးတာပဲ။ ဒီကြားထဲ ၅ လလောက် အတွင်းမှာ သူရောင်းသွားတဲ့ကားက အစီး ၄၀၀ လောက်အထိ ရှိသွားတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်သွားတယ်ဆိုတာ သိန်း ၅၀၀နဲ့ ကားကို ၄၄၅ သိန်းနဲ့ ရောင်းတာမျိုး၊ သိန်း ၂၀၀ ကို ၁၇၀ လောက်နဲ့ ရောင်းထားတာမျိုးကို ကြည့်ရင် သိနိုင်တယ်။ဘဏ်မှာ သွင်းထားတဲ့ ငွေတွေကို ဘယ်လိုကဲ့ထုတ်မလဲဆိုတာ စောင့်ကြည့်နေကြပြီး ဒီနစ်နာသူတွေကိုယ်စား အစုအဖွဲ့လေးဖွဲ့ပြီး ဖြေရှင်းဖို့ စီစဉ်နေပါတယ်။ အတ္တကို ဦးစားမပေးဘဲ ဘ၀နဲ့ရင်းပြီး နစ်နာတဲ့သူတွေကို ဦးစားပေးလုပ်ဖို့ ညှိနှိုင်းနေကြတယ်''ဟု ကားပွဲစား တစ်ဦးကပြောသည်။

No comments: