Sunday, September 29, 2013

ကုလားလက်မခံပါ

မနေ့က (27.9.2013) ရက်နေ့မှာ ဒုက္ခသည်နှစ်ယောက် ရောက်လာပါတယ်။ စာရေးသူ မရှိချိန်ရောက်လာလို့ တွေ့ခွင့်ရမသွားပါ။ တပည့်လေးက ပြောပြမှ သိရတာပါ။ ဆယ်တန်းကျောင်းသူ မိန်းကလေးတစ်ယောက်နှင့် ၄င်း၏ မိခင် ရှမ်းအမျိုး သမီးတစ်ယောက်ပါ။ ကလားနှိပ်စက်လို့ ရထားတဲ့ ဒဏ်ရာတွေပြပြီး ငိုယိုရင်ဖွင့်နေကြောင်း၊ စကားပြောတာ ထက် ငိုတာက ပိုများနေလို့ နောက်နေ့မှလာဖို့၊ ဖြစ်ကြောင်းကုန်စင် စာရေးခဲ့ဖို့ တပည့်လေးက ပြန်မှာလိုက်ပါတယ်။ ဒီနေ့ (28.9.2013) ညနေမှာ ကျောင်းကိုရောက်လာပါတယ်။ စာလဲပြ၊ ငိုလည်းငိုနေပါတယ်။ ကုလားခင်မောင်ဦးက ကျောက်ဆည်မြို့နယ်၊ လက်ပန်ရွာကပါ။ နွားမှောင်ခိုကူးရင်း နောင်ချိုမြို့နယ်၊ ရေဝင်ရွာ မှာ စခန်းကျတစ်ထောက်နားရင်း ခေါက်ဆွဲသည် ဒေါ်စိုးနှင့်ညားတာပါ။ ဒေါ်စိုးက ၃၉နှစ်။ ကုလားက ၃၃ နှစ်။ ဒေါ်စိုးက မုဆိုးမ။ သမီးတစ်ယောက်မိခင်။ ကုလားက တစ်ခုလတ်။ သားသမီးတွေလည်း ရှိပါတယ်။ စာတွေကိုဖတ်ကြည့်ပြီး ကောင်မလေးကို မေးကြည့်ပါတယ်။ မုဒိမ်းကျင့်ဖို့ ခဏခဏကြံကြောင်း၊ ရိုက်နှက်နှိပ် စက်တာလည်းခံရကြောင်း၊ ဖုန်းဆက်တဲ့အခါ အမေ မအားလို့ ဖုန်းကိုင်မိရင် လိင်အကြောင်းတွေ အမြဲပြော ကြောင်း၊ ထိကပါး ရိကပါးလည်း အမြဲလုပ်ကြောင်း၊ မိခင်ကို ရိုက်နှက်နေတာ မကြည့်ရက်လို့ ဝင်စွဲရင် ထိုးကြိတ် ကန်ကျောက်လုပ်ကြောင်း၊ ရေနွေးနှင့်လည်းပက်ခဲ့ကြောင်းတွေ ပြောပြပါတယ်။ မေးလိုက်၊ ငိုလိုက်၊ တစ်ခွန်းနှစ်ခွန်းပြော၊ ပြန်ငိုလိုက်လုပ်နေလို့၊ ခရီးတော့မပေါက်ပါဘူး။ ညစ်တီးညစ်ပတ် ပြောဆိုပုံတွေကို စကားလုံးအတိအကျရအောင် ပြန်ပြောခိုင်းတိုင်း ငိုပဲငိုနေလို့ ဆက်မမေးရက်တော့ပါဘူး။ ရေဝင်ရွာက ကုလားကို အရေးယူပေးရမှာကို ရှမ်းမိသားစုကိုပါ နှင်ချလိုက်တော့ ကုလားက ပိုပြီး နှိပ်စက်ခွင့် ရသွားတာပေါ့။ (ဒဏ်ရာဒဏ်ချက်တွေလည်း ပြပါတယ်။) အုမ္မတီးရွာမှာ နေပြန်တော့ ကုလားမယားဆိုပြီး အဝင်မခံပြန်ပါဘူး။ ဒါဆို ကလေးတွေကိုတော့ လက်ခံပါ တောင်းပန်လို့ ကလေးတွေကို လက်ခံထားပါတယ်။ သမီးတစ်ယောက်ရယ်၊ တူမကမွေးတဲ့-မြေးမလေး မြေးလေးတစ်ယောက်ရယ်နေခွင့်ရပါတယ်။ ရှမ်းမက ပြင်ဦးလွင်မှာ အိမ်ငှားနေပါတယ်။ ကုလားက-ကလေးတွေရှိတဲ့ ရွာထိလိုက်နှိပ်စက်လို့ ကလေးတွေလည်း ကြောက်နေကြပါတယ်။ ကလေးတွေဆီ ကုလားလာလို့ဆိုပြီး အုမ္မတီးရွာကလည်း ကလေးတွေကို နှင်ထုတ်နေပါပြီ။ မနေ့ညကဆို ရှမ်းမသားအမိက မန္တလေးကို ရောက်နေချိန်မှာ ကလေးတွေကို သတ်မယ်ဖြတ်မယ်လာကြိမ်းလို့ ကလေးတွေလည်း ဘယ်ပြေးရမှန်း မသိဖြစ်နေပါတယ်။ ဖုန်းဆက်တိုင်း ရှမ်းမက မကိုင်ပါဘူး။ စာရေးသူရှေ့ရောက်မှကို ၁၅ ကြိမ်လောက်ဆက်ပါတယ်။ တပည့်လေးတစ်ပါးက လက်ခံစကားပြောကြည့်တော့ ဆဲလိုက်တာ မိုးမွှန်နေတာပါပဲ။ ဦးဇင်းတစ်ပါးပါပြောတာ လည်း မရပါဘူး။ ငါကိုင်တုတ်ပြီး ဆဲတာ ခဏခဏပါ။ ဒေါ်စိုးနှင့်ညားတာ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ ကလေးလည်း မရခဲ့ပါဘူး။ မြို့မှာ လုပ်ကိုင်မစားနိုင်လို့ ရွာမှာပြန်နေချင်ပေမယ့် ရွာက ကွာရှင်းစာချုပ်ပြနိုင်မှ အဝင်ခံနိုင်မှာပါတဲ့။ ကုလားကလည်း ရှင်ကွဲတော့ မကွာနိုင်ဘူး။ ကွာပြဲအောင် သတ်ပေးမယ်လို့ ပြောထားပါတယ်။ Posted by ၀ီရသူ — "ရှမ်းအိမ်မှာလည်း ရှမ်းတွေမနေရဲတော့ပြီ" ရှမ်းအိမ်မှာလည်း ရှမ်းတွေ မနေရဲတော.ပြီ

No comments: