ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလိုင်စင် ပဏာမစာရင်း ၀င် ပြည်ပမိတ်ဖက်ကုမ္ပဏီ Viettel က
မြန်မာနိုင်ငံ တွင် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟုဆို
Thursday, April 21, 2016
ရန်ကုန်၊ ဧပြီ ၂၀-ပြည်တွင်း၌ စတုတ္ထမြောက်ဆက်သွယ်ရေး အော် ပရေတာလုပ်ငန်းလိုင်စင်အတွက် ပဏာမရွေးချယ် စာရင်း တွင် ပါဝင် သော ပြည်ပမိတ်ဖက် ကုမ္ပဏီအဖြစ် ရွေးချယ်ခံထားရသည့် ဗီယက်နမ် ဆက်သွယ်ရေး Viettel ကုမ္ပဏီက မြန်မာနိုင် ငံ တွင် အမေရိကန်ဒေါ် လာ ၁ ဒသမ ၅ ဘီလီယံရင်းနှီးမြှုပ် နှံသွားမည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်သည့် www.capacitymedia.com တွင် ဧပြီ ၁၉ ရက်ဖော်ပြချက်အရ သိရသည်။
ပြည်တွင်း၌စတုတ္ထမြောက် ဆက် သွယ်ရေးအော်ပရေတာလိုင်စင် အား Viettel ကုမ္ပဏီအနေဖြင့် ပြည် တွင်းအများပိုင် ကုမ္ပဏီ ၁၁ ခုဖွဲ့ စည်းထားသည့် အများပိုင်ကော်ပို ရေးရှင်းနှင့် ပြည်ထောင်စုအစိုးရ ကိုယ်စားပြှုအမေ Star Hight Public ကုမ္ပဏီတို့နှင့် ဖက်စပ်ဆောင်ရွက် ခွင့်ရရှိမည်ဖြစ်ပြီး အော်ပရေတာ လိုင်စင်ကို လာမည့်လအနည်းငယ် အတွင်းရရှိဖွယ်ရှိကြောင်း သိရသည်။
Viettel အုပ်စု၏ ဒုတိယအ ထွေထွေညွှန်ကြားရေးမှူး လီဒန်ဒွန် က " မြန်မာနိုင်ငံ၏ တယ်လီကွန်း အခြေခံအဆောက်အအုံများ တိုးချဲ့ တည်ဆောက်မှုဟာ မိုဘိုင်းနဲ့ စမတ် ဖုန်းကျယ်ကျယ်ပြန့်ပြန့်အ သုံးပြု လာ နိုင်စေပြီး ၂၀၂၀ မှာ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းထံရောက် ရှိလာနိုင်စေမယ့် အစိုးရရဲ့ ရည်မှန်းချက်ကိုလည်း အောင်မြင်နိုင်ရန် အကူအညီပေး သွားမှာပါ " ဟု ဆိုသည်။
Viettel ကုမ္ပဏီသည် လုပ်ငန်း ပထမ ငါးနှစ်တွင် နိုင်ငံအတွင်းလွှမ်း ခြုံနိုင်မည့် ကွန်ရက်တစ်ခုကို တည် ဆောက်သွားမည်ဖြစ်ပြီး သုံးနှစ်အ တွင်း မြန်မာနိုင်ငံရှိ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးရန် ရည်မှန်းထားကြောင်း သိရသည်။
အဆိုပါဆက်သွယ်ရေး စတုတ္ထ လိုင်စင်အတွက် လိုင်စင်တန်ဖိုးအ ဖြစ် အမေရိကန်ဒေါ်လာသန်း ၃၀၀ သတ်မှတ်ထားပြီး Viettel ကုမ္ပဏီ က ရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ မြန်မာ ကုမ္ပဏီနှစ်ခုက ရှယ်ယာ ၅၁ ရာခိုင် နှုန်းဖြင့် ဖက်စပ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်မတ်လအတွင်း နေပြည် တော်ရှိ ဆက်သွယ်ရေး၊ သတင်းအ ချက်အလက်နည်းပညာ ၀န်ကြီးဌာန တွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ အများပိုင်ကုမ္ပဏီဖွဲ့စည်းရေးနှင့် တင်ဒါရွေးချယ်ရေးကော်မ တီဥက္ကဋ္ဌဒေါက်တာဇော်ဦးက " အခု နိုင်ငံခြား ကလာလုပ်မယ့်မိတ်ဖက် ဗီယက်နမ်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ပဲပိုင်ဆိုင်ခွင့်ရှိပါမယ်။ အဲဒီအပေါ် မှာ သူတို့ဟာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကိုညှိနှိုင်းကြမှာဖြစ်ပါတယ်။ လိုင်စင် တန်ဖိုးသတ်မှတ်မှုကိုတော့ ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ကနေ ပြီးတော့ ဒေါ်လာသန်း ၃၀၀ သတ် မှတ်ပေးထားပါတယ်။ ဒီဟာကလည်း ကျွမ်းကျင်အဖွဲ့က ဈေးကွက်ထဲ မှာ ဖြစ်နေတဲ့ဈေးတွေ၊ ပြီးရင်ပထမ၊ ဒုတိယရဲ့ လိုင်စင်သတ်မှတ်တုန်းက ပေါက်တဲ့ဈေး၊ ၂၀၁၃ ခုနှစ်က ပေါက် တဲ့ဈေး၊ သုံးစွဲသူရဲ့ဈေးက တစ်နိုင်ငံ လုံးရဲ့ ၁၀ ရာခိုင်နှုန်းအောက်မှာရှိ တယ်။ အဲဒီတော့ နှစ်နှစ်ကြာသွား ပြီးတဲ့အခါမှာ သုံးစွဲသူဟာ အခုဆို ရင် အကြမ်းဖျင်း ၇၇ ရာခိုင်နှုန်း လောက်ရှိပြီ ဆိုတော့ နောက် ထပ်ကျန် နေသေး တဲ့ဈေးကွက်မှာ ပေါက်တဲ့ဈေး က ဘယ်လောက်ရှိ သလဲဆိုတဲ့ဟာ ကို သူတို့ကပဲ စနစ်တကျတွက်ချက် ပါတယ်။ သူတို့တွက်ချက်တဲ့ အပေါ် မှာပဲ ဆက်သွယ်ရေး ဦးစီးဌာနက စိစစ်ပြီးတော့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြု ချက်နဲ့တန်ဖိုးကို ဒေါ်လာသန်းပေါင်း ရာချီတော့ သတ်မှတ်ပါတယ်။ အဲဒီ တော့ ဒေါ်လာသန်း ၃၀၀က နိုင်ငံ တော်အစိုးရအတွက် အခုဆိုရင်တော့ လာမယ့်အစိုးရအတွက် သပိတ်ဝင် အိတ်ဝင်ရမယ့် ဘဏ္ဍာငွေဖြစ် ပါတယ် " ဟု ပြောကြားခဲ့သည်။
လက်ရှိမြန်မာနိုင်ငံသည် ဆက် သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပြည် ပဆက် သွယ်ရေး အော် ပရေတာ များ ဖြစ်သည့် အော်ရီဒူး၊ တယ်လီနော နှင့် ပြည်တွင်းအော် ပရေတာ ဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေးနှင့် KDDI Symmit Global Myanmar တို့အား ဆက်သွယ်ရေးဥပဒေနှင့်အညီ လိုင် စင်များချထားပေးခဲ့ပြီး ဆက် သွယ် ရေး ၀န်ဆောင်မှုလုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည်။
AK,WN
#Democracytoday
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, April 21, 2016
ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလိုင်စင် ပဏာမစာရင်း ၀င် ပြည်ပမိတ်ဖက်ကုမ္ပဏီ Viettel က မြန်မာနိုင်ငံ တွင် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟုဆို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment