Wednesday, April 27, 2016

( ၅ ) နှစ် အတွင်း မှာ -

( ၅ ) နှစ် အတွင်း မှာ -

၁။ သမ္မတ ဦးသိန်းစိန် က လက်နက် ကိုင် အဖွဲ့ ( ၈ ) ဖွဲ့ နဲ့ NCA လက်မှတ် ထိုး နိုင်ခဲ့ တယ် ... ဒေါ်စု ဦးဆောင် တဲ့ ဦးထင်ကျော် အစိုးရ အဖွဲ့ က တနိုင် ငံ လုံး သေနတ် သံ တိတ် ပြီး ငြိမ်းချမ်း အောင် လုပ်ပေး နို်င် ရ မယ် ...

၂။ သမ္မတ ဦးသိန်းစိန် က သိန်း ၄၀ တန် / ၁၈ သိန်း တန် / ၁၅ သိန်းတန် Sim Card တွေ ကို ၁၅၀၀ ထဲ နဲ့ ရောင်းပေး နိုင်ခဲ့ ပြီး ဖုန်းခေါ် ဆိုခ တွေ ဈေးချ ပေး ခဲ့ တယ် .. ဒေါ်စု ဦးဆောင် တဲ့ ဦးထင်ကျော် အစိုး ရ အဖွဲ့ က Sim Card တွေ အလကား ပေးပြီး ဖုန်း ခေါ် ဆိုခ ကို အခု ထက် ဈေး လျှော့ ပေး နိုင်ရ မယ် ...

၃။ သမ္မတ ဦးသိန်းစိန် က လူတိုင်း ဝယ် မစီး နို်င် ခဲ့ တဲ့ ကား တွေ ကို သိန်း ၅၀ နဲ့ ၁၀၀ ကြား ဖြစ်အောင် လုပ် ပေး နို်င်ခဲ့ တယ် ... ဒေါ်စု ဦးဆောင် တဲ့ ဦးထင် ကျော် အစိုးရ အဖွဲ့ က ( ၅ သိန်း နဲ့ ၁၀ သိန်း ကြား လို့ မတောင်း ဆို ဘူး ) သိန်း ၃၀ နဲ့ ၅၀ ကြား ဖြစ် အောင် လုပ်ပေး နို်င် ရ မယ် ..

၎။ သမ္မတ ကြီး ဦးသိန်းစိန် က ဝန်ထမ်း တွေ ရဲ့ လ စာ မှာ အနိမ့် ဆုံး အဆင့် တွေကို ၆၀၀၀၀ လောက် တိုးပေး နိုင်ခဲ့ ပြီး ပင်စင် လစာ တွေ ကို လဲ တိုးပေး နိုင်ခဲ့ တယ် ... ဒေါ်စု ဦးဆောင် တဲ့ ဦးထင်ကျော် အ စိုး ရ အဖွဲ့ က ဝန်ထမ်း တွေ ရဲ့ လစာ ( ၆၀၀၀၀၀ ထိ မတောင်း ဆို ပါ ဘူး ) အနိမ့် ဆုံး အ ဆင့် ကို အခု လက်ရှိ ကထက် ၃၀၀၀၀၀ လောက် တော့ တိုးပေး နိုင်ရ မယ် ...

၅။ သမ္မတကြီး ဦးသိန်းစိန် က ဗီယက် နမ် / ကမ္ဘော ဒီးယား / အင်ဒို နီးရှား / လာအို / ထိုင်း / ဖိလစ်ပိုင် စတဲ့ နိုင်ငံ တွေ ကို ဗီဇာ မလို ပဲ သွား နိုင်အောင် လုပ် ပေး ခဲ့ တယ် .. ဒေါ်စု ဦးဆောင် တဲ့ ဦးထင်ကျော် အစိုး ရ အဖွဲ့ က ( တ ကမ္ဘာ လုံး ကို မ တောင်း ဆိုပါ ဘူး ) အာရှ တိုက် အ တွင်း ဘယ် နိုင်ငံ ကို မဆို ဗီဇာ မလို ပဲ သွား နိုင် အောင် တော့ လုပ် ပေး နိုင် ရမယ် ..

၆။ သမ္မတ ကြီး ဦးသိန်းစိန် က ( လာမယ့် နှစ် ဆို ရင် ) တက္ကသိုလ် ဝင် တန်း အဆင့် အထိ အခမဲ့ ပညာ သင် လို့ ရအောင် လုပ် ပေး ခဲ့ တယ် .. ဒေါ်စု ဦး ဆောင် တဲ့ ဦးထင်ကျော် အစိုးရ အဖွဲ့ က တက္ကသိုလ် ကောလိပ် အ ဆင့် အထိ အခမဲ့ ပညာ သင်ခွင့် ရ အောင် လုပ် ပေး နိုင် ရ မယ် ..

၇။ သမ္မတ ကြီး ဦးသိန်းစိန် လက်ထက် မှာ ဆေး ရုံ တွေ အားလုံး All FOC ( ဆေးရုံ မှာ ရှိတဲ့ ဆေး ကို အလကား ပေး ပြီး လုံးဝ မရှိတာ ကို အပြင် ဆေး ဆိုင် မှာ ဝယ် ရ တဲ့ စ နစ် ) ကို ၂၀၁၃ ဧ ပြီ လ က စပြီး ကျင့် သုံး နိုင်ခဲ့ တယ် ... ဒေါ်စု ဦးဆောင် တဲ့ ဦးထင်ကျော် အစိုးရ အဖွဲ့ လက်ထက် မှာ ဆေးရုံ မှာ မရှိ ဖူး ဆိုတဲ့ ဆေး ဆိုတာ ဘယ်သူ မှ မ ကြား ဖူး ရ အောင် လုပ်ပေး နိုင်ရ မယ် ..

၈။ သမ္မတ ကြီး ဦးသိန်းစိန် လက်ထက် မှာ အဆင့် မြင့် မြို့ပတ် ရထား တွေ နဲ့ ရန်ကုန် - မန္တလေး အ ဆင့် မြင့် ရထား တွေ ပြေး ဆွဲ ပေး နိုင်ခဲ့ တယ် .. ဒေါ် စု ဦးဆောင် တဲ့ ဦးထင်ကျော် အစိုးရ အဖွဲ့ က ( ကျည် ဆန် ရ ထား တွေ မတောင်း ဆို ဘူး ) တ နိုင်ငံ လုံး အဆင့် မြင့် ရထား တွေ ပြေးဆွဲ နိုင် အောင် လုပ်ပေး နိုင် ရ မယ် ..

သမ္မတ ဦး သိန်းစိန် ရဲ့ ၅ နှစ် သက်တမ်း မှာ မြေ ကြမ်း ကို ပြုပြင် ထွန်ယက် မျိုး စေ့ချ ရေလောင်း ပေါင်း သင် ပေးခဲ့ လို့ အပင်လေး ဖြစ် မြောက် လာ ခဲ့ပြီ ... နောက် သမ္မတ က အခက် အလက် ဝေ ဖြာ စည်ပင် ဖွံ့ထွား ပြီး အဖူး အပွင့် အသီး အရွက် ဝေ ဝေ ဆာ ဆာ ဖြစ်အောင် လုပ်ပေး သင့် ပါတယ် ... သမ္မတ ဦး သိန်း စိန် ဟာ လူ ဟောင်း စနစ် ဟောင်း အတွေး အမြင် ဟောင်း တွေ ကြား က နိုင်ငံ တ ကာ ရဲ့ အ ဖက် ဖက် က ပိတ်ဆို့ မှုတွေ ကြား က မြန်မာ နိုင်ငံ ကို ဆွဲထုတ် ပေးရ တာ ဖြစ်တဲ့ အတွက် ရုန်းနိုင် သ လောက် ၀န် မပါ ခဲ့ဘူး ... အခု စနစ် ဟောင်း တွေ ကနေ လွတ်မြောက် လာပြီ ဖြစ် တဲ့ အတွက် ရုန်းနိုင် သလောက် ၀န်ပါ သင့် တာမို့ ဒေါ်စု ဦး ဆောင် တဲ့ ဦးထင်ကျော် အစိုးရ အဖွဲ့ ဟာ သမ္မ တ ကြီး ဦး သိန်း စိန် အစိုးရ အဖွဲ့ ထက် အနည်း ဆုံး ငါးဆ လုပ် ပေး နိုင် ရပါ မယ် ...

တကယ် က တော့ ဒေါ်စု လို နိုဘယ် ဆုရ ကမ္ဘာ ကျော် ပုဂ္ဂိုလ် လက်ထက် မှာ အဆ ၅၀ လောက် ဖြစ်သင့် တယ် မဟုတ် လား ... ၀ိုင်းရံ ပေး မယ့် ကမ္ဘာ့ နိုင်ငံ တွေ က လဲ များ သကိုး ... ဒါပေမယ့် အ များ ကြီး မတောင်း ဆိုပါ ဘူး .. ငါးဆ ပါ ပဲ .. သမ္မတ ကြီး ဦးသိန်းစိန် လုပ်ခဲ့ တာ ရဲ့ ၅ ဆ ပဲ ပို ပြီး လုပ်ပြ ပေး ဖို့ တောင်းဆို တာ ပါ ...

သမ္မတ ကြီး လို ကမ္ဘာကျော် ပုဂ္ဂိုလ် မ ဟုတ် တဲ့ / နို ဘယ် ဆု မရ တဲ့ ပုဂ္ဂိုလ် ကတောင် ( ၅ ) နှစ် အ တွင်း မှာ ဒါတွေ လုပ်ပေး နိုင်ခဲ့ ရင် ဒေါ်စု လို အင် မ တန် တော် ပြီး ထက်မြတ် တဲ့ တ ကမ္ဘာ လုံး က လေး စား ရသော နိုဘယ် ဆု ရှင် ပုဂ္ဂိုလ် ကြီး က ကြိုး ကိုင် ထိမ်းချုပ် မယ့် ဦးထင်ကျော် အစိုးရ အဖွဲ့ က သ မ္မတ ကြီး ဦး သိန်းစိန် ထက် ( ၅ ) ဆ လောက် တော့ ပို လုပ် ပေး နိုင်ရ မှာ ပေါ့ ဗျာ ... မဟုတ် ဘူး လား ... မဖြစ် နိုင်တာ ကို တောင်းဆို နေတာ မှ မဟုတ် တာ ...

Credit - Aung Kyaw Swar

No comments: