Thursday, April 21, 2016

အနာဂတ်တွင် ဖေ့စ်ဘွတ်ပို့စ်များမှ တဆင့် သုံးစွဲသူများ ဝင်ငွေရဖွယ်ရှိ

       နောက်တစ်ချိန်မှာ ဖေ့စ်ဘွတ်သုံးစွဲသူတိုင်း ဝင်ငွေ ရနိုင်တဲ့ နည်းလမ်းပေါ်လာဖွယ် ရှိနေပါပြီ။

play

ကမ္ဘာ့အကြီးမားဆုံး လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့စ်ဘွတ်ဟာ အနာဂတ်မှာ သုံးစွဲသူ တစ်ဦးချင်းစီအတွက် ပိုက်ဆံရှာဖွေနိုင်မယ့် နည်းလမ်းတွေကို စမ်းသပ်ပြီး စစ်တမ်းကောက်ယူလျှက်ရှိတယ်လို့ သိရပါတယ်။
နည်းပညာဝက်ဘ်ဆိုက် The Verge ရဲ့ ဖော်ပြချက်အရ ဖေ့စ်ဘွတ်ရဲ့ အနာဂတ်အစီအစဉ်ဟာ အွန်လိုင်းမှာ ပေါက်ကြားလာတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ဟာ မကြာသေးခင်ကပဲ အသုံးပြုသူတွေ ဖြည့်စွက်ဖို့ စစ်တမ်းတစ်ခုကို ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်က တရားဝင်အကောင့်တွေလို့ အသိအမှတ် ပြုထားတဲ့ verification mark (blue mark) ရထားသူတွေထံကိုသာ ပေးပို့ခဲ့တာဖြစ်ပါတယ်။
play

ဖေ့စ်ဘွတ်အသုံးပြုသူတွေအနေနဲ့ လူမှုကွန်ယက်မှာ စီပွားရေး အကြီးအကျယ်မလုပ်ပဲ ငွေကြေးဝင်နိုင်မယ့် နည်းလမ်းအချို့ကို စစ်တမ်းထဲမှာ ထည့်သွင်းမေးမြန်းထားပါတယ်။ လက်ရှိမှာလည်း သုံးစွဲသူတိုင်း ဝင်ငွေ ရရှိနိုင်တဲ့ လူမှုကွန်ယက် ဝက်ဘ်ဆိုက်တွေနဲ့ ဝက်ဘ်ဆိုက်တွေ ရှိနေပါတယ်။
Youtube ဆိုရင် ဗီဒီယိုတင်ထားသူတွေရဲ့ စာမျက်နှာမှာ ခေါင်းစည်းကြော်ငြာတွေ ရလာခဲ့ရင် ဝင်ငွေ ခွဲဝေ ပေးလေ့ ရှိပါတယ်။ အင်စတာဂရမ်မှာဆိုရင်လည်း Follower များသူတွေက ကုမ္ပဏီထုတ်ကုန်တွေကို သူတို့ရဲ့ ဓာတ်ပုံတွေထဲမှာ ထည့်သွင်း အသုံးပြုပေးခြင်းဖြင့် ဝင်ငွေ ရလေ့ရှိပါတယ်။
Source : Time

No comments: