Monday, April 25, 2016

မစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ ၂ ပေခန့် မြင့်တက်

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ ၂ ပေခန့် မြင့်တက်
Monday, April 25, 2016

မြစ်ကြီးနားမြို့တွင် ၂၄ ပေအထိ ရေမြင့်တက်လာသည် ဟူသော သတင်းများမမှန်ဘဲ ၂ ပေခန့်သာ မြင့်တက်ခဲ့သော ကြောင့် စိုးရိမ်ထိတ်လန့်ရန် မလို ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးဦးကပြော သည်။

မြစ်ကြီးနားမြို့တွင် မိုးသည်း ထန်စွာ ရွာသွန်းကာ ဧပြီ ၂၄ ရက် နေ့လယ်က ဧရာဝတီမြစ်ရေ ၂၄ ပေအထိ မြင့်တက်လာသည်ဟူ သော သတင်းကို သတင်းဌာန တစ်ခုက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီး လူအများ စိုးရိမ် ထိတ်လန့်ခဲ့ကြသည်။

‘‘၂၄ ပေ တက်လာတယ်ဆို တာ မဟုတ်ပါဘူး။ သတင်းမီဒီ ယာကပဲ တွက်တာမှားသလား။ သက်ဆိုင်ရာ မိုး/ဇလစခန်းကပဲ မှားသလား။ နဂိုရှိထားတဲ့ မြစ်ရေ နဲ့ရော ပြောနေတာ။ မြစ်ရေက ၂ ပေလောက်ပဲ တက်သွားတာ။ မနက်ဖြန်ဆိုရင်တောင် ပေ၀က် လောက်ပဲ တက်မယ်လို့ ခန့်မှန်း ထားတာ။ စိုးရိမ်စရာမရှိသေးပါ ဘူး’’ဟု ဦးကျော်မိုးဦးက ဧပြီ ၂၄ ရက် ညနေတွင်ပြောသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် မူလကပင် ပုံမှန်ပေ ၂၀ ကျော်အနက်ရှိပြီး ယနေ့ညနေ (ဧပြီ ၂၄ ရက် ညနေ) အထိ မူလရေမှတ်ထက် ၂ ပေခန့်သာ မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။ မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၁,၂၀၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် ၇၃၃ စင်တီမီတာသာရှိနေကြောင်း ကချင်ပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန ဦးစီးမှူးက ပြောသည်။

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ အနည်းငယ်မြင့်တက်ခဲ့ သောကြောင့် အောက်ပိုင်းဒေသ မြို့နယ်အချို့တွင် လက်ရှိ ရေ အမှတ်ထက် အနည်းငယ်စီ မြင့် တက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

7 Day


No comments: