Friday, April 29, 2016

ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် ********************************

ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်
********************************
နံပါတ်သည် 3J ဖြစ်သည် သို့သော်
ယခုအချိန်ထိ ဖော့ပြားနဲ့ရှိသေး
ဝှီးတတ်ကြပြန်တော့လဲ
အိမ်မှာထားခဲ့သည်ဟု ဆိုသည်
ကျွန်တော်ကတော့ ထုံစံအတိုင်း နားလည်သဘောပေါက်အောင်ရှင်းပြဖို့ပြင်သှ်
ဘာမှပင်မပြောရသေး
ရှေ့ကားမှလူကြီးတစ်ဦးဆင်းလာသည်
ငါ -----ခရိုင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး-----ကွ
မင်းတို့ချလန်ဖြတ်စရာမလိုဘူး
မင်းတို့လူကြီးနဲ့ငါ ဖုန်းဆက်မယ် ဟု
ခပ်တင်းတင်းစကား အမှုအရာတို့ဖြင့်ဆိုသည်
ထိုမှစ၍ ဖုန်းဆက်လေရာ
ကျွန်တော်တို့ စောင့်ဆိုင်းနေပေးကြပါသည်
မျက်နှာထားတင်းနေသောထိုသူသည် ခပ်တိုတို
စကားတို့အား အောင်နိုင်သူလေသံဖြင့် ကျွန်တော်တို့ကြားအောင်အော်ပြောနေပါသည်
ခဏအကြာ
ရော့ မင်းတို့လူကြီးနဲ့ပြောလိုက် ဟုဆိုကာ
ဖုန်းပေးလာပါသည်
ကျွန်တော်တို့ မရိုင်းကြပါ ဟုတ်ကဲ့ဗျ ဟုဆို၍ ဖုန်းယူပြောပါသည်
တဘက်ကဖုန်းပြောသော ကျွန်တော့်အထက် လူကြီး၏ အသံသည် ကျွန်တော်တို့အား စိတ်ဓါတ် ခွန်အား လုံးလဝီရိယနှင့် လုပ်ချင်ကိုင်ချင်စိတ်တို့ ဆထက်တပိုးတိုးစေအောင် လွန်စွာကြည်လင်သောအသံဖြင့် အမိန့်ဆို လာခဲ့ပါသည်
တာဝန်အတိုင်းဆောင်ရွက်ပါ ဟူသတည်း
ကျွန်တော်တို့တွေ လွန်စွာပျော်ပါသည်
ကျွန်တော်တို့ ယုံကြည်ထားသော အမှန်တရား ပြေးလမ်းတွင် ကျွန်တော့်အထက်လူကြီးတို့က
ဖြောင့်ဖြူးညီညာအောင် လမ်းရှင်းပေးပါသည်.
ကျွန်တော် ခလံဖြတ်၍ ပေးနေစဉ် အဆိုပါလူကြီး၏ မျက်နှာမှာ သိသာစွာ မာန်မာနထန်လွန်းသည်ကို သတိပြုမိပါသည်
ကျွန်တော်တစ်ခုပြောချင်ပါသည်
ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အလျှောက် ရိုင်းပင်းကူညီချင် စိတ်မှာ မွေးကထဲက ပါလာပီးသားဖြစ်သည်
အချို့ အချို့သောပြသနာလေးများအား ဗုဒ္ဓဘာသာပီပီယာဉ်ကျေးစွာဖြေရှင်းကြပါလျှင်
အရာအားလုံး၏ တချို့တဝက်မှာ အဆင်ပြေကြမည်သာ
ဖြေရှင်းနည်းအမှန်၏ အရင်းခံမှာ တစ်ဦးပေါ် တစ်ဦးနားလည်သဘောပေါက်ပီး စေတနာထားရပါမည်
ကျွန်တော့်စာကိုဖတ်၍ အဆိုပါလူကြီးအား အပြစ်ရယ်တော့ မဆိုစေချင်
မိမိသာဤနေရာမှာ ဤသို့ကြုံကြိုက်လာပါက
မှာယွင်းသောဖြေရှင်းနည်းကို သာဓက ပြုမိစေချင်ခြင်းသာ အဓိကထား မှတ်ယူစေချင်ပါသည်
တကယ်တော့ ကျွန်တော့်အတွက် ဤ ဖြစ်စဉ်မျိုးများသည် အဆန်းတော့မဟုတ်တော့
သို့သော်
အဆန်းဖြစ်စေမည့် ကျွန်တော့် fri တို့အတွက်
လွှဲမှားသောမူဝါဒတစ်ခုကို ရှောင်ရှားစေချင်း အလို့ငှာ မျှဝေခံစားစေခြင်းဖြစ်ပါတော့သည်.။
( ဥတ္တရသီရိမြို့ တောင်ညိုရွာအနီး)
                              နေမျိုးသူရ (Taze)
                                     28.4.2016

No comments: