Thursday, April 21, 2016

ကြည့်လုပ်ကြပါအုံး

ကြည့်လုပ်ကြပါအုံး----

ယနေ့ NLD အစိုးရတက်လာသော်လည်း ရန်ကုန်တိုင်းအတွင်းက အခွန်ဌာန တွေ လုပ်ပုံလေးကိုတော့ အများပြည်သူသိအောင်ပြောပြ ချင်ပါတယ်-- အရင်အကျင့်တွေ မပျောက်သေးပါ

မိတ်ဆွေတစ်ယောက်မြေတစ်ကွက်ဝယ်
လိုက်တဲ့အတွက်စါချုပ်မှာတံဆိပ်ခေါင်း ခွန် ၃၀၀ သိန်းကပ်ရမှာဖြစ်ပါတယ်-- တံဆိပ်
ခေါင်း ၃၀၀၀၀ တန် A4 အရွက် ၁၇၅ ရွက် ထုတ်ပေးပါတယ်-- ၅ သိန်းတန်တံဆိပ်
ခေါင်းရှိသော်လည်း ထုတ်မရောင်းပါ -- ၅
သိန်းတန်ဆိုလျှင်အရွက် ၁၀ ရွက်လောက် သာလိုပါမည် ၁၇၅ရွက်ဆိုတော့ အကြောင်းအရာကိုဘယ်လိုရေးမလဲ--အခွန်ထမ်းသူအဆင်ပြေအောင်လုပ်ပေးချင်တဲ့စေတနာမရှိပါ--သိသာပါတယ်--အာရကေပေးလိုက်ရင်တော့ သေချာပေါက် ၅ သိန်းတန် တံဆိပ်ခေါင်းထွက်လာမှာပါ--မပေးပါ--အဆင့်ဆင့် ပဲတက်ပြောတော့မယ်--
photo copy ၄-၅ စုံလောက်ကုးရ ရင်
အရွက်ဘယ်လောက်ကူးရမလဲ ဆိုတာ
ကိုယ်ချင်းသာစာ ကြည့် ကြ ပါတော့ -- သိန်း၁၀၀ တန် သိန်း ၅၀၀ တန် တံဆိပ်ခေါင်းတွေ ထုတ် ဖို့လိုနေပါပြီ--ဝန်ထမ်း တွေ mindset မပြောင်းကြသေးပါ--


No comments: