Sunday, April 24, 2016

လာလီဂါပွဲစဉ် (၃၅) လက်ကျန်ပွဲများ အကြို သုံးသပ်ချက်

လာလီဂါပွဲစဉ် (၃၅) လက်ကျန်ပွဲများ အကြို သုံးသပ်ချက် - - - - - လီဗန်တေး နှင့် ဘီလ်ဘာအို (တနင်္ဂနွေညနေ ၄း၃၀ နာရီ) - - - - - - - - ဘီလ်ဘာအိုက ယူရိုပါလိဂ်တစ်နေရာစာအတွက် အားထည့်ကစားနေတယ်။ ဒါပေမဲ့ လီဗန်တေးကလည်း တန်းမဆင်းရအောင် ရုန်းကန်နေပြီး အိမ်ကွင်းလည်းဖြစ်နေလို့ ဘီလ်ဘာအို ထင်တိုင်းပေါက်ဖို့ မလွယ်ပါဘူး။ လီဗန်တေးနဲ့ ဂိုးအများပဲ ရွေးထားရမယ်။ ဆီဗီလာ နှင့် ဘက်တစ် (တနင်္ဂနွေည ၈း၃၀ နာရီ) - - - - - အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ အမှတ်ဆုံးရှုံးထားလို့ ဘက်တစ်လို မြို့ခံပြိုင်ဘက်အသင်းနဲ့ပွဲမှာ ဆီဗီလာသိက္ခာပြန်ဆယ်မှာပါ။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကစားဖို့ရှိနေပေမယ့် ပြည်တွင်းပြိုင်ပွဲမှာလည်း ဥရောပ၀င်ခွင့်မျှော်လင့်ချက်ရှိနေသေးလို့ အိမ်ကွင်းမှာ ဆီဗီလာနိုင်ပွဲပြန်ယူပါလိမ့်မယ်။ ဂီတာဖေး နှင့် ဗလင်စီယာ (တနင်္ဂနွေည ၁၀း၄၅ နာရီ) - - - - - - - ဇယားအောက်ဆုံးအထိ ရောက်သွားလို့ ဂီတာဖေးပြန်လည် ရုန်းကန်ရတော့မယ်။ ဗလင်စီယာကလည်း ဆီဗီလာနဲ့ ဘာစီလိုနာကို ဆက်တိုက်အနိုင်ရထားလို့ စိတ်ဓာတ်ပြန်တက်နေပေမယ့် အဝေးကွင်းကစားအားကို သိပ်ပြီးယုံကြည်လို့မရသေးဘူး။ တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ ဂီတာဖေးကို ဗလင်စီယာ အသာစီးရဖို့ခက်တယ်။ ဂီတာဖေးနဲ့ ဂိုးအများပဲ ကောင်းတယ်။ ဗီလာရီးယဲလ် နှင့် ဆိုစီဒက် (တနင်္လာနံနက် ၁း၀၀ နာရီ) - - - - - - ဗီလာရီးယဲလ်က ယူရိုပါလိဂ်ကိုပဲ အာရုံစိုက်မယ့်အချိန်ရောက်နေပါပြီ။ ဒါကြောင့် ပြည်တွင်းပွဲတွေဆို ဗီလာရီးယဲလ်ကို သတိထားရမယ်။ ဆိုစီဒက်ကလည်း ရလဒ်ပြန်ဦးမော့နေချိန်ဆိုတော့ ဆိုစီဒက်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။

No comments: