Thursday, April 21, 2016

အခြေခံပညာဆရာ၊ ဆရာမများ ရာထူးတိုးရာတွင် ထပ်မံစာမေးပွဲဖြေဆိုရသည့် ကိစ္စ ကန့်ကွက်သူ တစ်ထောင်ပြည့်ပါက ညှိုနှိုင်းမည်

အခြေခံပညာဆရာ၊ ဆရာမများ ရာထူးတိုးရာတွင် ထပ်မံစာမေးပွဲဖြေဆိုရသည့် ကိစ္စ ကန့်ကွက်သူ တစ်ထောင်ပြည့်ပါက ညှိုနှိုင်းမည်
Thursday, April 21, 2016

အခြေခံပညာဆရာ၊ဆရာမများ ရာထူးတိုးရာတွင် ထပ်မံစာမေးပွဲဖြေဆိုရသည့် ကိစ္စရပ်ကို ကန့်ကွက်သူ တစ်ထောင်ပြည့်ပါက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာညွန်ချုပ်မှ ဆွေးနွေးညှိုနှိုင်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ သိရှိရသည်။

ပညာရေးကောလိပ်ကျောင်းဆင်းများ၊ ဘွဲ့ရ မူလတန်းဆရာမများအနေဖြင့် ရာထူးတိုး လျှောက်ထားရာတွင် ရာထူးတိုးစာမေးပွဲ ပြန်ဖြေမှုကို ဆရာဆရာမအသိုင်းအဝိုင်းမှ ကန့်ကွက်လိုသည့်အတွက် ဆွေးနွေး ညှိုနှိုင်းမှုများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ သက်နိုင်ဦး ကပြောသည်။

“လက်ရှိမှာ ပညာရေးဝန်ကြီးဌာနနဲ့ အခြေခံပညာဦးစီးဌာနက လုပ်သက်ဘယ်လောက်ရှိရင် ရာထူးတိုးပေးဆို တဲ့ မူကိုမတည်တဲ့ သဘောဖြစ်နေတယ်။နောက်တစ်ချက်က ဝေးလံခေါင်တဲ့နေရာကနေ ရာထူးတိုး စာမေးပွဲ လာဖြေရတော့ စရိတ်စကတွေ ဝန်ပိနေတယ်။အောင်မအောင်ဆိုတာလဲ မသေချာဘူး။အဲဒါကို ပညာဝန်ကြီးနဲ့ တွေ့ခွင့်တောင်းမယ်၊အခြေခံညွန်ချုပ်ကိုလည်းတွေ့ပြီး ဆွေးနွေးမယ်၊နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိုနှိုင်းပေး မယ့်သဘောပါ။” ဟု ဒေါက်တာ သက်နိုင်ဦး ကပြောသည်။

ပညာရေးကောလိပ်ကျောင်းဆင်းများအနေဖြင့် ကျောင်းဆင်းပါက မူလတန်းပြ၊ လုပ်သက် (၃)နှစ်၊(၅)နှစ်ပြည့်ပါ က အထက်တန်းပြရာထူးတိုးသော်လည်း ရာထူးတိုးစာမေးပွဲ ထပ်ဖြေရမှုအပေါ် ဆရာဆရာမ အသိုင်းအဝိုင်းမှ လိုးလာမှု မရှိကြောင်း သိရသည်။

“ ရာထူးတိုးစာမေးပွဲထပ်ဖြေပြီး မအောင်ရင် ရာထူးကမတိုးဘူး။ အဲဒီမူဝါဒကို မလိုလားပါဘူး။ဆရာမဖြစ်တော့ လည်း နယ်ဝေးတွေကျတယ်။အဲဒီကနေ စာမေးပွဲ မအောင်ရင်လည်း စရိတ်တွေလည်း ကုန်တယ်။ သွားရေး လာရေးတွေကလည်း ခက်ခဲတယ်။အဲဒါကြောင့် ဒီလိုမျိုးအခြေအနေကို ကန့်ကွက်တာပါ” ဟု မူလတန်းပြဆရာမ တစ်ဦးကပြောသည်။

စာမေးပွဲဖြေဆိုရသည့် ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်လိုသည့်ဆရာဆရာမအမည်များ၊ ကျောင်းနာမည်များကို လျှို့ဝှက် ပေးထားမည်ဖြစ်ကာ အနည်းဆုံး ဦးရေ တစ်ထောင်ပြည့်ပါက ဆွေးနွေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်သို့ ကန့်ကွက်ကြောင်း တင်ပြလာသည့် ဦးရေ(၅၀၀)ခန့်ရှိပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ်ထံမှ သိရသည်။

News - MMK
Yangon Media Group


No comments: