Friday, April 22, 2016

မလေးရှားအလူမီနီယံကုမ္ပဏီ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံကာ စက်ရုံတည်ဆောက်မည်

မလေးရှားအလူမီနီယံကုမ္ပဏီ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံကာ စက်ရုံတည်ဆောက်မည် Friday,April 22, 2016 မလေးရှားအ ခြေစိုက်အလူမီနီယံကုမ္ပဏီက သီ လ၀ါ အထူး စီးပွားရေးဇုန်တွင် အမေ ရိကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်း (မလေးရှားရင်းဂစ် ၉၀ ဒသမ ၇၉ သန်း) ရင်းနှီးမြှုပ်နှံကာ စက်ရုံတည် ဆောက် သွားမည်ဖြစ်ကြောင်း www.thesundail.my မှ ဖော်ပြ ချက် အရသိရသည်။ အဆိုပါကုမ္ပဏီအနေဖြင့် လုပ် ငန်းတိုးချဲ့ရန်အတွက် မြန်မာနိုင်ငံတွင် စက်ရုံနှစ်ရုံ တည်ဆောက်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ CEO အိုက်တိုက်ဟွတ်က ဧပြီ ၂၀ ရက် ကပြောကြားခဲ့ကြောင်း သိရသည်။ ယင်းက " ယခုနှစ်တတိယသုံး လပတ်ကာလမှာ သီလ၀ါအထူးစီး ပွားရေး ဇုန်မှာ ဆောက်လုပ်ရေး လုပ်ငန်း စတင်ပြီးတော့ လာမယ့် ၂၀၁၇ မှာ လုပ်ငန်းစတင်လည်ပတ် နိုင်ဖို့မျှော်လင့်ထားပါတယ် " ဟု ဆို သည်။ အဆိုပါကုမ္ပဏီအနေဖြင့် သီ လ၀ါအထူးစီးပွားရေးဇုန်တွင် စက် ရုံ တည်ဆောက်ရန်အတွက် မြေငှား ရမ်းခအနေဖြင့် အမေရိကန်ဒေါ် လာ ၁၅ သန်းကုန်ကျမည်ဖြစ်ရာ လုပ်ငန်းများ စတင်ချိန်မှ လေး၊ ငါး နှစ်ကြာမှသာ ကုမ္ပဏီအနေဖြင့် အ မြတ်အစွန်းရရှိနိုင်မည်ဖြစ်ပြီး ယင်း စက်ရုံမှ ထုတ်လုပ်သည့်ပစ္စည်းများ အား ပြည်တွင်းဈေးကွက်အတွက် သာ အဓိကရည်ရွယ်ထားကြောင်း သိရသည်။ " မလေးရှားနိုင်ငံမှာ အခြေခံ ထုတ်လုပ်ထားတဲ့ သတ္တုဘူးခွံ၊ ကတ် ထူစက္ကူသေတ္တာတွေကို ပြန်လည် ထုပ်ပိုးပြီး ထုတ်လုပ်သွားဖို့ရည်ရွယ် ထားပါတယ် " ဟု အိုက်တိုက်ဟွတ် ကဆိုသည်။ မြန်မာ-ဂျပန်ဖက်စပ်အနေ ဖြင့် အကောင်အထည်ဖော်ခဲ့သည့် သီလ၀ါ အထူးစီးပွားရေးဇုန်သည် အပိုင်း(က)ဧရိယာ၏ ၉၀ ရာခိုင်နှုန်း နီးပါး အား မြေနေရာငှားရမ်းထား ပြီးဖြစ်ကြောင်း၊ လုပ်ငန်းလိုအပ်ချက် အရ အပိုင်း (က) နှင့် ဆက်စပ်နေ သည့် မြေဧ ရိယာ ၉ ဟက်တာ တိုးချဲ့ ဧရိယာအဖြစ်ဆောင်ရွက်လျက်ရှိ ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။ သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ သီလ၀ါအ ထူးစီးပွားရေးဇုန်တွင် ပုဂ္ဂလိကကုမ္ပ ဏီပေါင်း ၆၁ ခုအား ရင်းနှီးမြှုပ်နှံ ရန် ခွင့်ပြုပေးခဲ့ထားပြီး ကုမ္ပဏီပေါင်း ၂၀ ကျော်မှ တည်ဆောက်ရေးလုပ် ငန်းများ စတင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း (က) ကို ၂၀၁၅ စက်တင်ဘာ လ၂၃ ရက်က ဖွင့်လှစ်ခဲ့ပြီး မြန်မာ နိုင်ငံနှင့် ဂျပန်နိုင်ငံအကြား သီလ၀ါ အထူးစီးပွားရေးဇုန်အပိုင်း (ခ) အ အနေဖြင့် ဧရိယာ ဟက်တာ ၁၀၀ အား ထပ်မံအကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။ WN #Democracytoday

No comments: