Friday, April 22, 2016

ကန်ကြီးထောင့်မှာ မိထွေးက ကလေးကို ရေနွေးပူနဲ့လောင်းတယ်ဆိုတဲ့ကိစ္စရဲ့ အဖြစ်မှန် ===============================

ကန်ကြီးထောင့်မှာ မိထွေးက ကလေးကို ရေနွေးပူနဲ့လောင်းတယ်ဆိုတဲ့ကိစ္စရဲ့ အဖြစ်မှန် =========================================== "ကလေးလေးတစ်ယောက်ကို ဖခင်သေတဲ့နေ့မှာ မိထွေးက ရေနွေးပူနဲ့ လောင်းပါတယ်။ ကန်ကြီးထောင့်ဆေးရုံမှာ ကုသနေပါတယ်။ ပုသိမ်ဆေးရုံကို ရွှေ့ပါတော့မယ်။" ဆိုပြီး Ko Ko Phyo acc ပိုင်ရှင်က ဧပြီ ၂၀ ရက်နေ့က တင်ပါတယ်။ ကျွန်တော်က ၂၁ ရက်နေ့ ညမှာမြင်ပါတယ်။ ဒါ့ကြောင့် ပုသိမ်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ကို အဖြစ်မှန်စုံစမ်းခိုင်းလိုက်ပါတယ်။ အဖြစ်မှန်က ကန်ကြီးထောင့်မြို့နယ်၊ ကြူတန်းရွာမှာနေတဲ့ ကိုကျော်ကျော်မင်း (၄၇)နှစ် (ကလေးရဲ့ဖခင်)ဟာ သင်္ကြန်တွင်း ၁၇ ရက်နေ့ည ၁၁ နာရီလောက်မှာ ပုသိမ်က ပြန်လာရင်း လမ်းဘေးက ဆက်သွယ်ရေးတိုင်ကို ဆိုင်ကယ်နဲ့ တိုက်ပြီးဆုံးသွားပါတယ်။ ဒါကိုလည်း အမှုဖွင့်ထားပါတယ်။ နာရေးပြင်ထားစဉ် ၁၈ ရက်နေ့မှာ ကလေး (၁၃)နှစ်က အိမ်ရဲ့ နှစ်ယောက်ထိုင်ခုံပေါ်မှာ အိပ်ပျော်နေပါတယ်။ ဒီအချိန်မှာ သူ့မိထွေး (၄၈)နှစ်ဟာ ကလေးအိပ်နေတဲ့ ခုံပေါ်တက်ပြီး ဘုရားစင်ပေါ်က ရေနွေးဓာတ်ဘူး အစိမ်းရောင်ကို လှမ်းယူပါတယ်။ အဲဒီမှာ ဓာတ်ဘူးကိုင်းပြုတ်ပြီး ကလေးအပေါ်ရေနွေးကျပြီး အပူလောင်ပါတယ်။ ညာလက်မောင်းမှာ အကျယ် ၂.၅ လက်မ၊ အရှည် ၄ လက်မ၊ ဘယ်ဘက်ချိုင်းအောက်မှ ခါးအထိ အကျယ် ၆ လက်မ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့အချိန်တုန်းက ရာအိမ်မှူးတွေကိုယ်တိုင် အပါအ၀င် အခြားသူများလည်းရှိနေပါတယ်။ ဒါပါပဲ။ ဒီတော့ကာ တင်တဲ့လူအနေနဲ့ သတင်းမတိကျရင် ဒီလိုမတင်သင့်ပါကြောင်း။ အမှန်ကိုလည်း ၀ိုင်းရှယ်ပေးကြပါဦးဗျာ။ ကဖိုးသီ ၂၂-၄-၂၀၁၆/ ၀၉၅၁

No comments: