Friday, April 29, 2016

"""အဖေ့ကိုလွမ်းလို့ အမေ့ဆီကိုရေးတဲ့စာ…"""

"""အဖေ့ကိုလွမ်းလို့ အမေ့ဆီကိုရေးတဲ့စာ…"""

#အမေညာတယ်…
ထမင်းအိုးထဲ ထမင်းမလောက်မှန်းသိလို့ ကျမအာဏာရရင် ပြည်သူတွေကို ထမင်းဝဝကျွေးပါ့မယ်တဲ့…
ခုတော့ ဆန်ဈေးဆီဈေး ကုန်ဈေးနှုန်းတွေအကုန်တက် အခုထမင်းဝနေတာက အမေတို့အဖွဲ့နဲ့ အမေတို့အသိုင်းအဝိုင်းမှာပဲ အမေ…

#အမေညာတယ်…
မဲဆွယ်တုန်းက ပြည်သူ့ဆန္ဒအမေ့ဆန္ဒပါ ဆိုခဲ့တဲ့အမေ အခုတော့ မြစ်ဆုံဆည်ကြီးရောင်းစားဖို့ ဟိုလိုလို ဒီလိုလိုလုပ်နေပြန်တဲ့အမေ…

#အမေညာတယ်…
အ၀တ်အစားသစ်မရှိ၊ ခါးဝတ်အင်္ကျီ လုံချည် ဟောင်းနွမ်းနေတာတွေ့လို့ မျက်ရည်လေးဝဲပြီးပြောတာက 'ကျမပါတီကိုသာမဲပေးပါ ရှင်တို့ဘဝတောက်ပြောင်လာစေရမယ်'တဲ့။ခုတော့ အမေပဲ တစ်ထည်ပြီးတစ်ထည် မရိုးရအောင်ဝတ်ပြနေတယ်အမေ…

#အမေညာတယ်…
'ကျမအာဏာရရင် တစ်တိုင်းပြည်လုံး ငြိမ်းချမ်းစေရပါမယ်'တဲ့… ခုတော့သားတို့လူမျိုးတွေ နေရာအနှံ့ တင်ပါးနဲ့
ဖနောင့် တစ်သားထဲကျအောင်ပြေးနေရတယ်အမေ…

#အမေညာတယ်…
လောကဓံကို အံတု၊ မာန်တင်းကာ ရင်ဆိုင်ခဲ့ပေမယ့် သားတို့ရဲ့နောင်ရေး စိတ်မအေးလို့ ၀မ်းနည်းမျက်ရည်ကျနေပါလျက် `အမေ ဘာလို့ ငိုတာလဲ´မေးတော့ `အမေ ငိုတာ အာဏာမရသေးလို့ပါ´တဲ့။အခု အာဏာလဲရရော အမေပြုံးပြနေတာ သားတို့ပြည်သူတွေကိုမှမဟုတ်တာ…

#အမေညာတယ် အမေအာဏာရရင် အမေ့အစွမ်းနဲ့ တစ်နိုင်ငံလုံးသန့်ရှင်းစေရပါမယ်တဲ့၊အခုတော့ မန်းလေးဝန်ကြီးချုပ်က ပြည်သူတွေဆီက အမှိုက်ကားအလှူပြန်ခံနေတယ် အမေ…

#အမေညာတယ် အမေအာဏာရရင် သားတို့ဆိုက်ကားသမားတွေအရေး အရင်ဆောင်ရွက်ပေးမယ်ဆိုပေမယ့် ဟိုတလောက ဆိုက်ကားတွေရဲဖမ်းလို့ ခြေသလုံးကြွက်တက်အောင် အတင်းနင်းပြေးခဲ့ရတယ် အမေ…

#အမေညာတယ် သဘာဝဘေးဒဏ်ဖြစ်ရင် အစိုးရကအကူအညီပေးရမယ်ဆို အမေပဲပြောခဲ့တာ၊အခု မိုးသီးမှန်လို့သေသွားတဲ့ ကျနော့်ဆိတ်မလေး ဘယ်သူအလျော်ပေးမှာလဲအမေ…

#အမေညာတယ် ပြည်သူတွေမကြိုက်ရင် ချက်ချင်းဆင်းပေးပါမယ်ဆိုတဲ့အမေ၊ အလိမ်အညာဒုသမ္မတ ပြည်သူမကြိုက်တဲ့Phdအတု ကြာကူလီဝန်ကြီးတွေ ခပ်တည်တည်နဲ့ထိုင်နေတုန်းပဲအမေ…

#အမေညာခဲ့တယ်၊အမေ အမြဲညာခဲ့တယ်…

အမေ မညာပါနဲ့တော့ အမေရယ်၊ အမေညာခဲ့တာမသိ၊ သားကိုယ်တိုင် ကြုံတွေ့ရတော့မှ အမေ့အတ္တကိုသိ သားရင်ထဲ တဆစ်ဆစ် နာကြင်နေရပြီ အမေ…

`အမေ့ကျေးဇူးနဲ့ သားရဲ့ လုပ်အားခ လစာလေးတွေပိုလျှံနေလို့ ဒီလိုစတေးတပ်လေးတွေတင်ဖို့အတွက် နေ့တိုင်းလတိုင်း အမေ့အစိုးရထံ ၅%နဲ့ကန်တော့ပါရစေ'လို့…ဒီစာလေးကို ဖယောင်းတိုင်လေးထွန်းလို့ရေးသားရင်း…

မာတာပိတုဂုဏံ အနန္တံ အဟံ ၀န္ဒာမိပါ အမေ..

Aung Htut Thet

No comments: