Thursday, April 21, 2016

အစိုးရသစ်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့ ရန်ကုန်မြို့တွင် တွေ့ဆုံမည်

အစိုးရသစ်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့ ရန်ကုန်မြို့တွင် တွေ့ဆုံမည်
Thursday, April 21, 2016

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် အစိုးရသစ်တို့ မေ လဆန်းတွင်ရန်ကုန်မြို့၌ တွေ့ဆုံဆွေး နွေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။

အစိုးရသစ်နှင့်တွေ့ဆုံဆွေးနွေး ရန် လျာထားသည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်(မူကြမ်း)၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) နှင့် နိုင်ငံရေးဆွေးနွေး ပွဲများကျင်းပနိုင်ရန်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲများဖြစ်ပေါ်ခြင်း မရှိစေရန် စောင့်ကြည့်ခြင်းများ၊ စေ့ စပ်ညှိနှိုင်းခြင်းများအတွက် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

"နိုင်ငံရေးဆွေးနွေးပွဲအတွက် ဘာတွေပြင်ဆင်ကြမလဲ။ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကောင်းမွန်စွာဦး တည် လာအောင် ဆွေးနွေးပြင် ဆင် ဖို့ အတွက် တွေ့ဆုံတာပါ " ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် မိဆူးပွင့်ကပြောသည်။

ယခင်ဦးသိန်းစိန်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအ ရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ဒီမိုကရေစီအ ကျိုးပြု ကရင့်တပ်မတော်(DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(A LP )တို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထား သည့်အဖွဲ့များနှင့် လက်မှတ်မထိုး ထားသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးမှုများ ထပ်မံဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။

" အပစ်ရပ်လက်မှတ်မထိုးထား တဲ့အဖွဲ့တွေမပါဘဲ နိုင်ငံရေးမူဘောင် တွေ၊ code of conduct တွေကို ကျွန် တော်တို့နဲ့ အစိုးရအဖွဲ့တွေချည်း သဘောတူထားတာရှိတယ်။ လက် မှတ်မထိုးတားတဲ့အဖွဲ့နဲ့ အလွတ် သဘောတိုင်ပင်ဖို့အတွက်ပါ}}ဟု ချင်း အမျိုးသားတပ်ဦး (CNF) မှ ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာဆလိုင်းလျန် မှုန်းကပြောသည်။

AMA
#Democracytoday


No comments: