Monday, April 25, 2016

ထူးခြား မိုး လေ ဝ သ ဖြစ် စဉ် များ ဖြစ်ပေါ်လာနိုင် ……

ထူးခြား မိုး လေ ဝ သ ဖြစ် စဉ် များ ဖြစ်ပေါ်လာနိုင် ……
Monday, April 25, 2016

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထူးခြား မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် လာနိုင်သည့် အခြေအနေကို ယနေ့ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် အနောက်တောင် မုတ်သုံရာသီ မကျရောက်မီ မိုးကြိုကာလ အတွင်း နေ့အပူချိန်များ မြင့်တက် လာရာမှ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး အဆိုပါမိုးတိမ်တောင်များ အားကောင်းမှုကြောင့် ဧပြီ ၂၂ ရက်မှ၂၄ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးြေ
လက်ရှိမိုးလေဝသ အခြေအနေများအရ နေ့အပူချိန်များ တိုးနေမှုကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် လေဖိအား လျော့နည်းလျက်ရှိပြီး အိန္ဒိယနိုင်ငံ မြောက်ပိုင်း (ဟိမဝန္တာဒေသ)မှ လေအေးများ တိုးဝင်နေသည်။

အဆိုပါဖြစ်စဉ်သည် လေထုမငြိမ်မသက်မှုများကို ဖြစ်ပေါ်စေပြီး၊ မိုးတိမ်တောင်များ ဖြစ်ပေါ်မှု အားကောင်းစေသည်။ မိုးတိမ်တောင်များ ဖြစ်ပေါ်မှုသည် အပူဆုံးအချိန်ဖြစ်သည့် မွန်းလွဲ/ ညနေပိုင်းတို့တွင် ပိုမို အဖြစ်များပြီး ပိုမိုအားကောင်း လာသည်။ အထူးသဖြင့် အဆိုပါ ဖြစ်စဉ်များသည် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများဖြစ်သည့် (စစ်ကိုင်း တိုင်းဒေသ ကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်) တို့တွင် မိုးကြိုကာလဖြစ်သော ဧပြီ လနှင့် မေလများတွင် ဖြစ်ပေါ်လေ့ရှိသည်။ မိုးတိမ်တောင်များဖြစ်ပေါ်သည့် နေရာတို့တွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ် ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် လေဆိင်နှာမောင်း တိုက်ခတ်ခြင်း စသည့် မိုးလေဝသ ဖြစ်စဉ် များ ဖြစ်ပေါ် လာနိုင်ပါသဖြင့် ပြည်သူများ အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ထူးခြား မိုးလေဝသ ဖြစ်စဉ်များအား အထူး ဂရုပြု နေထိုင် သွားကြပါရန် သတိပေး နှိုးဆော် ထားပါသည်။

မြ၀တီ


No comments: