အယ်နီညိုရာသီဥတုနှင့် အပူရှိန်ပြင်းထန်မှုကြောင့် ရေပိုသောက်ရန် လိုအပ်
=========================================
ခင်သန်းဦး(ဖန်ခါးမြေ)
လူ၏ခန္ဓာကိုယ်တွင် မိမိ ''မျှခြေ'' ရှိသော အပူချိန်ကို ထိန်းသိမ်းထားရန် အတွက် အပူရရှိမှုနှင့် အပူဆုံးရှုံးမှုတို့ညီမျှစေခြင်းဖြင့် ထိန်းသိမ်းထား ပါသည်။ ချွေးထွက်ခြင်း၊ အသက်ရှူထုတ်ခြင်းစသည်တို့မှ အပူဆုံးရှုံးရ သည်။ သွေးလည်ပတ်မှု၊ ဆဲလ်များ၏ဇီဝဖြစ်ပေါ်ပြောင်းလဲမှု၊ ပတ်ဝန်းကျင် အပူဓာတ် တို့မှ အပူများရရှိသည်။ အပူလွန်ကဲမှုကို ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်အပူအအေးထိန်းညှိပေးသည်။ ပတ်ဝန်းကျင် အပူချိန်မြင့်ပါက အပူစုပ်ယူမှုများသည် ပတ်ဝန်းကျင်အပူချိန်ကြာမြင့်စွာမြင့်နေလျှင် ချွေး ထွက်ခြင်းဖြင့် ထိန်းသိမ်းနေရမှု ထိခိုက်လာသည်။ ချွေးနှင့် အတူရေနှင့် ဆားဓာတ်များပါ ဆုံးရှုံးရသည်။ အပူလွန်ကဲမှုများလေ ဆီးသွားမှု နည်းလေ ဖြစ်ပြီး ဆီးနှင့်ချွေးတို့မှ ရေဓာတ်ဆားဆုံးရှုံးမှုများ ပြားလာကာ ခန္ဓာကိုယ်၏ အပူဓာတ်ညီမျှအောင်ထိန်းညှိမှုပါ ပျက်စီးစေနိုင်သည်။
ရေတစ်ဖန်ခွက် (၂၄ဝ) မီလီလီတာ ခန့်ရှိပါသည်။ ဒါကြောင့် လူ၏ ခန္ဓာ ကိုယ်မှ လိုအပ်သော တစ်နေ့တာလိုအပ်ချက် ရေ (၈) ခွက်ကျော်သောက်သုံး
သင့်ကြောင်း၊ ရေကိုနေပူထဲသွားလျှင် ရေတစ်ဖန်ခွက် သောက်ဖြစ်အောင်သောက်သွားပါ။ ရေသောက်အားနည်းခြင်းကြောင့် အသားအရေ ခြောက်သွေ့ခြင်း၊ ဦးနှောက်၊ အဆုတ်၊ ကျောက်ကပ်စတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေက ရေအလုံအလောက်ကောင်းစွာရရှိမှ ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနိုင်မှာ ဖြစ်ပါသည်။
အသီးအနှံတွေကလည်း ရေဓာတ်ကိုရရှိနိုင်ပါတယ်။ နွေရာသီမှာ အရည် ရွှမ်းအသီးများကို စားပေးပါ။ ခန္ဓာကိုယ်ရဲ့အညစ်အကြေးများကို ရေ လုံလောက်စွာ ရမှ စွန့်ထုတ်နိုင်မှာဖြစ်ပါတယ်။ ရေဓာတ်လုံလောက်စွာ မရလျှင် ခန္ဓာကိုယ်အပူချိန်မြင့်မားပြီး အဖျားအနာများ အဖုအကျိတ် များဖြစ်ပေါ်တတ်ပါသည်။ နှလုံးနှင့် သွေးလည်ပတ်မှုထိခိုက်နိုင်ပါသည်။ ဦးနှေက်နှင့် အဆုတ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးခြင်း၊ မလှုပ်ချင်အောင်နုံးခွေနေခြင်း၊ သွေးတိုးနှုန်းမြန်နေခြင်း များ ဖြစ်တတ်ပါသည်။ ခန္ဓာကိုယ် တစ်ခုလုံးရေဓာတ်အားနည်းနေပါ က လောင်းရေဝနေသော သစ်ပင်နှင့် လောင်းရေမဝသော သစ်ပင် နှိုင်း ယှဉ်ရသလို ရေမဝသော သစ်ပင်နုံးခွေနေမည်။ လောင်းရေ
ဝသော သစ်ပင် အပူဒဏ်ခံနိုင်ရည်ရှိမည်။ အပူဒဏ်သင့် မခံရအောင် နေပူ ချိန်တွင် ချွေးထွက်များသော အလုပ်များကို အလွန်အကျွံမလုပ်ပါနှင့်၊ အပူချိန် များသော ပတ်ဝန်းကျင်မှ အချိန်ကြာမြင့်စွာနေထိုင်သွားလာခြင်းကို ရှောင် ကြဉ်ပါ။ နေပူချိန်ခရီးသွားလာခြင်းကို ရှောင်ကြဉ်ပါ။ အဖြူရောင်ရှိသော အဝတ်ပါးများကို ဝတ်ဆင်ပါ။ ထူထဲ၍ အပူစုပ်ယူမှုများသည့်အဝတ်အထည်၊ အပူစုပ်ယူမှုများသည့် အနက်ရောင်များ ဝတ်ဆင်မှုကိုရှောင်ကြဉ်ပါ။ လေ ဝင်လေထွက် နည်း၍ ကျဉ်းမြောင်းသော ပတ်ဝန်းကျင်လေကောင်းလေသန့် မရနိုင်သော နေရာများတွင်နေထိုင်ခြင်းသည် အပူဒဏ်ခံရမည်ဖြစ်သည့် အတွက် ဘေးထွက်ဆိုးကျိုးရောဂါများ တိုးလာမည်ဖြစ်သည်။
ရေသည်ခန္ဓာကိုယ်တစ်ခုလုံးကောင်းမွန်စွာအလုပ်လုပ်ပေးနိုင်ပါရန်အတွက် အလိုအပ်ဆုံးအရာဖြစ်သည်။ ရေကို တစ်နေ့ ၇ ခွက်ကျော် ၈ ခွက်
နီးပါးသောက်ခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးကောင်းလာမည်။ ခန္ဓာကိုယ်တွင်တွယ်ညိနေသော ရောဂါများနှင့် အညစ်အကြေး အနံ့
ဆိုးများလည်း ရေဖန်ခွက် ၈ ခွက် (သို့မဟုတ်) မတ်ခွက် ၈ ခွက်နီး ပါး သောက်သုံးခြင်းဖြင့် အရေပြားစိုပြည်ခြင်း၊ အသားအရေ လှပခြင်း၊ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊ သွား၊ သွားဖုန်းနှင့် မျက်စိ၊ နားကြည်လင်လှပခြင်း၊ နှလုံးနှင့် သွေးလှည့်ပတ်မှုကောင်းလာ၍ ကျန်းမာပျော်ရွှင်ခြင်း၊ ပေါ့ပါး သွက်လက်ခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးချိုစသည့် ခန္ဓာကိုယ်၏ ၉၆ ပါးသောရောဂါများ ဆီး၊ သွေး၊ လေ မှန်လာကာ သက်သာပျောက်ကင်းနိုင်ပါသည်။
အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အပူစာများ စားသောက်ခြင်းကိုရှောင်ကြဉ်ပါ။ သစ်ပင် ရိပ်ကောင်း၊ လေကောင်းလေ သန့်ရသည့် နေရာတွင်နေပါ။ နေပူထဲသွားပါက ထီးနှင့် ဆောင်းစရာ၊ ခြုံစရာများတင်၍သွားပါ။ အပူဒဏ်သင့်ခြင်းကြောင့် အသားအရေခြောက် ကပ်ပူနွေးခြင်း၊ ပူလွန်းခြင်း၊ မူးဝေခြင်း၊ သတိမေ့လျော့ခြင်း၊ စိတ်ဂဏာ မငြိမ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ဦးနှောဏ် အာရုံကြော ဆိုင်ရာ ရောဂါဝေဒနာများလည်း ခံစားရပါသည်။ အပူဒဏ်ကြောင့် နှလုံး ခုန်ပျက်စီးကာ သေဆုံးသည့်အခြေအနေသို့ ရောက်ရှိနိုင်သဖြင့် အယ်နီညို ရာသီမှာ နေ့စဉ် ရေ ၈ ခွက်ခန့်သောက်ခြင်းဖြင့် အပူချိန်မြင့်မားမှု ဒဏ်ကို ကာကွယ်ကြပါစို့။ ။
မြ၀တီ
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, April 21, 2016
အယ်နီညိုရာသီဥတုနှင့် အပူရှိန်ပြင်းထန်မှုကြောင့် ရေပိုသောက်ရန် လိုအပ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment