Monday, April 25, 2016

ကောလင်းမြို့နယ် လာကာ ကျေးရွာတွင် မိုးသီးကြွေကျမှုကြောင့် အိမ်ခြေ ၃၂၈ အိမ်ပျက်စီး

ကောလင်းမြို့နယ် လာကာ ကျေးရွာတွင် မိုးသီးကြွေကျမှုကြောင့် အိမ်ခြေ ၃၂၈ အိမ်ပျက်စီး --- --- စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ဧပြီလ ၂၄ ရက်နေ့က မိုးသီးကြွေကျမှု ဖြစ်ပွားခဲ့မှုကြောင့် လာကာကျေးရွာရှိ အိမ်ခြေ ၃၂၈ လုံးမှာ ပျက်စီးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် တိရစ္ဆာန်များ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်၏ ဖေ့ဘုပ်စာမျက်နှာတွင် ရေးသားထားသည်.။ မိုးသီးကြွေကျမှုကြောင့် ကောလင်းမြို့ပေါ်တွင် ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှု မရှိသော်လည်း လာကာကျေးရွာတွင်မူ အချိှု့အိမ်များမှာ လုံဝပျက်စီးသွားရုံသာမက စာသင်ကျောင်းများပါ ပျက်စီးခဲ့ရပြီး ၀တ်စရာ စားစရာများပါ ပျက်စီးခဲ့ရသည့်အတွက်အ ယခုအခါတွင် အခက်ခဲများနှင့် ရင်ဆိုင်နေရကြောင်း ဦမျိုးဇော်အောင်က ဆိုသည်။ ခရက်ဒစ် - ဦးမျိုးဇော်အောင်ဖေ့ဘုပ်

No comments: