သောက်သုံးရေ ရှားပါးပြတ်လပ်၍ လူကယ်ပြန်သို့ အကူအညီတောင်းခံမှု သုံးရက်အတွင်း ၆၂ နေရာရှိ
Thursday, April 21, 2016
သောက်သုံးရေ ရှားပါး ပြတ်လပ်နေ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနသို့ တယ်လီဖုန်းဖြင့် ရေအကူအညီ တောင်းခံမှုသည် သုံးရက်အတွင်း ၆၂ နေရာရှိကြောင်း ယင်းဝန်ကြီး ဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦး ၀င်းထွန်းဦးကပြောကြားသည်။
သောက်သုံးရေရှားပါးပြတ် လပ်မှု ကြုံတွေ့နေရသော ဒေသ များမှ ပြည်သူလူထုအနေဖြင့် ရေ အကူအညီအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကူ အညီတောင်းခံနိုင်ကြောင်း ပြီးခဲ့ သည့် ဧပြီ ၁၇ ရက်က အသိပေး ကြေညာခဲ့ပြီးနောက် (ဧပြီ ၁၇ မှ ၁၉ ရက်အထိ) သုံးရက်အတွင်း ရေအကူအညီတောင်းခံသူ ၆၂ ဦးရှိသည်ဟု ၎င်းကပြောကြားသည်။
‘‘ကျေးရွာတွေ၊ ဘုန်းကြီး ကျောင်းတွေ၊ သီလရှင်ကျောင်း တွေကရော ဖုန်းဆက်အကူအညီ တောင်းကြတယ်။ မန္တလေးနဲ့ မ ကွေးတိုင်းဒေသကြီးတွေက အ များဆုံး အကူအညီတောင်းတယ်’’ ဟု ဒုညွှန်ကြားရေးမှူးချုပ် ဦးဝင်း ထွန်းဦးကပြောသည်။
ရေအကူအညီတောင်းခံလာ သည့် ကျေးရွာများသို့ သက်ဆိုင် ရာမြို့နယ်များမှတစ်ဆင့် ကွင်း ဆင်းကြည့်ရှုကာ အမြန်ဆုံးဖြည့် ဆည်းပေးနိုင်ရန် ဆောင်ရွက်နေ သည်ဟု ၎င်းကဆိုသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ သောက် သုံးရေရှားပါးပြတ်လပ်သော ဒေ သများသို့ သောက်သုံးရေများ လိုက်လံပို့ဆောင်ပေးခြင်း၊ ယာ ယီ ရေလှောင်ကန်များ ပြုလုပ် ပေးခြင်း၊ အုတ်ရေလှောင်ကန် များ ပြုလုပ်ပေးခြင်း၊ စက်ရေ တွင်းများ တူးဖော်ပေးခြင်းနှင့် လို အပ်ပါက ရေသန့်စက်များ တပ် ဆင်ပေးခြင်းတို့ကို လုပ်ဆောင် ပေးနေပြီး ရေလိုအပ်သူများအနေ ဖြင့် ဖုန်း ၀၆၇-၄၀၄၀၄၈၊ ၄၀၄၄ ၈၆၊ ၀၉-၄၃၁၂၀၁၈၆၃၊ ၄၅၁- ၂၄၅၆၃၇ တို့သို့ ဆက်သွယ်အကူ အညီတောင်းခံနိုင်ကြောင်း အ သိပေးထုတ်ပြန်ထားသည်။
ရာစုနှစ်တစ်ခုအတွင်း အ ဆိုးရွားဆုံး အယ်လ်နီညိုရာသီဥ တုနှင့် ကြုံတွေ့နေရသလို နွေရာ သီ ရေခန်းခြောက်မှုများကြောင့် နိုင်ငံတစ်ဝန်း သောက်သုံးရေ ရှား ပါးပြတ်လပ်မှုများ ကြုံတွေ့နေရ ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က အကူအညီပေးလျက်ရှိသည်။
နိုင်ငံတစ်ဝန်းရှိ ကျေးရွာများ တွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသ ကြီးအတွင်းရှိ ကျေးရွာများ၌ ပြီး ခဲ့သည့် နှစ်လခန့်ကတည်းက သောက်သုံးရေရှားပါး ပြတ်လပ်မှု နှင့် ရင်ဆိုင်နေရပြီး အကူအညီ များပေးပို့နေရကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း၌ပင် သောက်သုံးရေရှားပါး ပြတ်လပ်မှုကြောင့် ရေအကူအညီ တောင်းခံသည့် ကျေးရွာ၆၀ကျော် ရှိပြီး ယင်းကျေးရွာများအတွက် ဖေဖော်ဝါရီလဆန်းမှ ဧပြီလဆန်း အထိ ရေဂါလန် သုံးသိန်းကျော် ဖြန့်ဝေပေးထားသည်ဟု မန္တလေး တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း ဦးစီးမှူး ဦးမျိုးနိုင်အောင်ကပြော သည်။
ရေရှားပါးပြတ်လပ်မှု ကြုံ နေရသည့် ကျေးရွာများအနေဖြင့် ဖုန်းဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ်များမှတစ်ဆင့်ဖြစ်စေ ရေအကူအညီ တောင်းခံနိုင်ကြောင်း အစိုးရက အသိပေးကြေညာထားသည်။
7Day Daily
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, April 21, 2016
သောက်သုံးရေ ရှားပါးပြတ်လပ်၍ လူကယ်ပြန်သို့ အကူအညီတောင်းခံမှု သုံးရက်အတွင်း ၆၂ နေရာရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment