ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်
=============================================
ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ ပြင်းထန်နေသောကြောင့် စစ်ကြောင်း
ချီတက်ရာ လမ်းတလျောက် ကျေးရွာများမှ ဒေသခံ များမှာ စိုးရိမ်မှု
မြင့်တက်နေသော သတင်း ရရှိသည်။
လက်ရှိအချိန်တွင် ရသော့တောင်မြို့နယ်အတွင်းမှ ရေစိုးချောင်း အထက်ပိုင်း
နတ်ကျောက် တောင်တန်းများတွင် လုပ်ကိုင်စားသောက်နေသော မဒေသခံ
ကျေးရွာသားများမှာ မိမိတို့ လုပ်ငန်းခွင်များကို စွန့်ခွာပြီး
ရေစိုးချောင်း ကျေးရွာအပါအ၀င် နီးစပ်ရာ ကျေးရွာမျာသို့ ခိုလှုံရောက်
နေပြီဖြစ် ကြောင်း မယူကမ်းဒေသ ဖွံ့ဖြိုးရေး အသင်းဥက္ကဌ ဦးမောင်စောဝင်းကပြောသည်။
ဦးမောစောဝင်းက “ တိုက်ပွဲ ဖြစ်တဲ့ အသံနဲ့ အမြှောက်ပစ်သံတွေကို
ကျွန်တော်တို့ဆီကကြားနေရတယ်။ နေ့တိုင်းလိုလိုပဲကြားနေရတော့ ဒေသခံတွေအနေနဲ့ကတော့ ရွာတွေမှာ မနေရဲတော့ဘူး။ ဒီလို နီးစပ်ရာ ရွာတွေကို ဆင်းပြေးလာနေကြတယ်။ တခြားရွာတွေလည်း ဒီလိုပဲ ကိုယ့် ဟာကို အထုပ် ထုပ်ပြီးပြောင်းရွေးပြေးဖို့ လုပ်နေကြရပြီ ” ဟုပြောသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ် နတ်သရွေး ကျော်လမ်းသို့ တပ်မတော်
စစ်ကြောင်းမှ ချီတက်ရာ လမ်းကြောင်း ဖြစ်သည့် ကျောက်တော်မြို့နယ်
ကန်စောက်ကျေးရွာအထက်ပိုင်း သလူချောင်းကျေးရွာအုပ်စုမှ
ကျေးရွာသာများမှာလည်း စားဝတ်နေရေးအတွက် တောင်တောင်ကို မ၀င်ရဲတော့ပဲစားဝတ်နေရေးအခက်ကြုံကာစိုးရိမ်သောက ဖြစ်ပွားနေရကြောင်းသလူချောင်းကျေးရွာမှ ဦးမောင်နီက ပြောသည်။
ဦးမောင်နီက “ တိုက်ပွဲ ဖြစ်တဲ့ အသံတွေကို ကျွန်တော်တို့ ဆီကနေ
နေ့တိုင်းကြားနေရတယ်။ ဒီနေ့လည်း နံနက်ပိုင်းက ကြားရသေးတယ် ။
ကျွန်တော်တို့ ရွာသားတွေ သင်္ကြန်တုန်းကလည်း ရိုးရာ ပွဲတော် ဆိုတော့
အလုပ်မလုပ်ပဲ ရှိတဲ့ ၀မ်းစာတွေကို စာသောက်နေခဲ့ကြတာ ။ အခုသင်္ကြန်ပြီးတောမ်းရေး အတွက် အလုပ် ပြန်လုပ်မယ် ဆိုပြန်တော့ တောထဲကို မ၀င်ရဲမသွားရဲကြတော့ဘူး။ ဒီအတိုင်းဆို စားစရာ မရှိပဲ ငတ်ကြရတော့မယ် ။ရွာဈေးလည်း အခုဆိုရင် လာရောင်းတဲ့ လူတွေ မရှိတော့ ရွာသားတွေပစ္စည်းတွေလည်း ၀ယ်ယူ စားသောက်ဖို့ အခက်အခဲ ဖြစ်နေတယ် ” ဟုပြောသည်။
၎င်း သလူချောင်းအုပ်စုတွင် မြန်မာတပ်မတော်ဘက်မှ သွားရေး လာရေး အတွက်ပိတ်ပင် တားဆီးမှုများ မပြု သော်လည်း ဒေသခံ ကျေးရွာသားများမှာ မိမိတို့၏
လုံခြုံရေး အတွက် စိုးရိမ် ထိန့်လှန်မှုများ ဖြစ်ပွားနေရသည့် အတွက်
ဝမ်းရေး အခက်ကြုံတွေ့နေရကြောင်း ကျေးရွာသားများက ဆိုသည်။
ရက္ခိုင့်တပ်မတော် ( AA )နှင့် မြန်မာတပ်မတော်တို့သည် ဧပြီလ ၁၆ ရက်က
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် လောရမ တောင်တန်းနှင့်
ကျောက်တော်မြို့နယ် အစပ် နတ်သရွေး ကျေးရွာအနီးတွင် တိုက်ပွဲများ
ပြင်းထန်ခဲ့ရာ မြန်မာ့တပ်မတော်ဘက်မှ ယာယီတပ်ရင်းမှူး တစ်ဦးအပါအ၀င်
အရာရှိ စစ်သည် တချို့ကျဆုံးခဲ့ကြောင်း ၊ ယင်းကြောင့် AA
တပ်ဖွဲ့ဝင်များအား အပြီးပိုင် ချေမှုန်းနိုင်ရေး အတွက်
နယ်မြေရှင်းလင်းရေးများကို လုပ်ဆောင်နေကြောင်း ဧပြီလ ၁၉ ရက်နေ့
ရက်စွဲဖြင့် တပ်မတော်ဘက်မှ သတင်းထုတ်ပြန် ထားသည်။
အလားတူ ရက္ခိုင့်တပ်မတော် ( AA ) မှလည်း ဧပြီလ ၂၀ ရက်စွဲ
ထုတ်ပြန်ထားသည်မှာ ပြည်သူလူထုမှရွေးချယ်ထားသောတရားဝင်အစိုးရ နှင့်နိုင်ငံရေးအရ ဖြစ်ပေါ်လာသော ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေး
နွေးရန် အမြဲတမ်း အဆင်သင့်ရှိနေသလို အမျိုးသားရင်ကြားစေ့ရေး အတွက်လည်းအကောင်း ဆုံးမျှော်လင့်ထားပြီး အခြားတစ်ဖက်တွင် လည်း လူသားတို့၏မွေးရာပါအခွင့် အရေးဖြစ်သော မိမိကိုယ် ကိုမိမိခုခံကာကွယ်ပိုင်ခွင့်အရမိမိတို့ရက္ခိုင့်တပ်မတော်အနေဖြင့်ရခိုင်ပြည်သူ လူထုနှင့် လက်တွဲပြီးထိုးစစ်ဆင်တိုက်ခိုက်နေမှုမှန်သမျှကို ခုခံတိုက်ပွဲဝင်သွားပါမည်ဖြစ်ကြောင်း ၄င်း၏ အင်တာနက် စာမျက်နှာမှ တဆင့် ထုတ်ပြန်ဖော်ပြထားသည်။
လက်ရှိအချိန်တွင်လည်း နှစ်ဘက်တိုက်ပွဲမှာ ပြင်းထန်စွာဖြစ်ပွားနေလျှက်ရှိရာ ဒေသခံရခိုင်မျိုးနွယ်စုခမီတိုင်းရင်းသာတချို့မှာလည်း ပေါ်တာဆွဲခံနေရမှုများ ရှိသည်ဟု ဒေသခံ ကျေးရွာသားများကဆိုသည်
မြတ်ထွန်းဇံ
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, April 21, 2016
ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ဒေသခံများ စိုးရိမ်မှု မြင့်တက် =======
Subscribe to:
Post Comments (Atom)
No comments:
Post a Comment