၂၀၁၆ ဧပြီ သတင်းအကျဉ်းချုပ်
-------------------------------------------
- မြန်မာနိုင်ငံ၏ အထင်ကရမြို့တော်ရန်ကုန်မြို့ရှိ ဆူးလေဘုရားအနီးတွင် တည်ဆောက်ပြီးစီးထားသော ဗလီမှာ ငြိမ်းချမ်းစွာတူယှဉ်တွဲနေထိုင်ခြင်း၏ အထိမ်းအမှတ်ဖြစ်ပြီး
ကရင်ပြည်နယ်ရှိ တောရွာကလေး၏ ခရစ်ယာန်ဘုရားကျောင်းအနီး ဘုရားလာတည်ခြင်းမှာမူ ဘာသာရေးပဋိပက္ခ ဖန်တီးခြင်း လူအခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်ဟု အင်မတန်ယဉ်ကျေး၍ ကြင်နာစိတ်ကြီးမားသော မဟာပညာတတ် မြန်မာလူမျိုးများမှ သုံးသပ်ခဲ့ကြသည် ။
- ဗုဒ္ဓဘုရားဆင်းတုတော်များစွာ ထားရှိကိုးကွယ်၍ အောက်စီဂျင်ဘူးတပ်၍ အသက်ဆက်နေရပြီး ခက်ခက်ခဲခဲ တရားဟောနေရသော မြိုင်ကြီးငူဆရာတော်မှာ အစွန်းရောက်အကြမ်းဖက်သမားဖြစ်၍
မျက်နှာဖုံးများစွပ်ကာ စိမ်ခေါ်သော စာတန်းမျိုးစုံ ကိုင်ဆောင်ထားသော လူငယ်များနှင့် တုတ်များဓားများ အက်ဆစ်ဗူးများ ဓာတ်ဆီဗူးများ ကိုင်ဆောင်ထားသော တကမ္ဘာလုံးတွင် လူဦးသန်း၂ထောင်ကျော်သော ဘာသာဝင်လူနည်းစုများမှာမူ
ငြိမ်းချမ်းရေးလိုလားသူ များဖြစ်ကြသည် ။
- ဦးသိန်းစိန် အစိုးရလက်ထက် မီးပျက်ခြင်းမှာ ဦးသိန်းစိန် အစိုးရ၏တာဝန်ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မီးပျက်ခြင်းမှာလည်း မရှိတော့သော ဦးသိန်းစိန်အစိုးရ၏ တာဝန်ပေါ့လျော့ခဲ့မှုကြောင့်ပင်ဖြစ်သည် ။
- မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲတော်အား ငြိမ်းငြိမ်းချမ်းချမ်း ပြီးစီးလို၍ မဏ္ဏပ်တည်ဆောက်ခွင့်များပိတ်ပင်ခဲ့သော ဦးဖြိုးမင်းသိန်းအား ဂုဏ်ပြုသောအနေဖြင့် ကြီးမြတ်သော ရခိုင့်တပ်မတော်မှ ရွာထဲအပျော်လာကြူးသော နယ်ချဲ့ မျက်နှာနီ မြန်မာစစ်သားများအား သေနတ်ဖြင့် သူရဲကောင်းဆန်ဆန်ချောင်းမြောင်းပစ်ဖောက် သတ်ဖြတ်ကာ ဂုဏ်ပြုခဲ့ကြသည် ။
- " အမေစုကြောင့်လွတ်တာမဟုတ်ဘူး "
ရာသက်ပန်သူရဲကောင်းများဘဝမှ သမိုင်းမှာစောက်ပေါအကျဆုံးလူသားများ အဖြစ်သို့ ထိုစကားတစ်ခွန်းတည်းရေရွတ်ရုံဖြင့်ပြောင်းလဲသွားသော လွတ်မြာက်သပိတ်မှောက်ကျောင်းသားများထံသို့ ကမ္ဘာ့မှော်ပညာအသင်းချုပ်မှ အလွန်အစွမ်းထက်သော ထိုအသွင်ပြောင်းဂါထာကို လာရောက်လေ့လာပြီး လက်တင်ဘာသာဖြင့် ပြန်ဆိုခိုင်းမည်ဟုသတင်းရရှိသည် ။
- မြန်မာနိုင်ငံရှိ အကယ်ဒမီပေးပွဲအား တိုက်ရိုက်ကြည့်ရှုပြီးနောက်
အမေရိကန်ရှိအာဏာရအစိုးရမှ Hollywood တာဝန်ရှိသူများအား နောက်နှစ်အော်စကာဆုပေးပွဲလုပ်လျှင် မြန်မာနိုင်ငံ၏ အကယ်ဒမီပေးပွဲအားအတုယူ၍ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်းသိရသည် ။
- လက်တွေ့ကွင်းဆင်းလေ့လာချက်များအရ
အကြောင်းကိစ္စတခုခုဖြစ်ပေါ်လျှင် မြန်မာနိုင်ငံရှိ ဥာဏ်ပညာကြီးမားသူများ၏ လက်သုံးစကားမှာ ၂၀၁၀ မှ ၂၀၁၅ နှစ်ကုန်အတွင်း
" အစိုးရလှည့်ကွက် " ဆိုသော စကားစုမှ ၂၀၁၆ မတ်လမှစ၍ ယနေ့ထိ " အရင်အစိုးရ လှည့်ကွက် " ဆိုသော စကားစုအဖြစ်သို့ပြောင်းလဲသွားကြောင်းသိရသည် ။
Credit...Chaw Na Kyal
No comments:
Post a Comment