Monday, April 25, 2016

သတင်းစာတွေရဲ့ အဦးပိုင်းမှာ ဗုဒ္ဓအဆုံးအမတွေ ထည့်တာ မထည့်တာနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာတွေ ငြင်းကြခုန်ကြ လုပ်နေကြတယ်

သတင်းစာတွေရဲ့ အဦးပိုင်းမှာ
ဗုဒ္ဓအဆုံးအမတွေ ထည့်တာ
မထည့်တာနှင့် ပတ်သက်ပြီး
ဗုဒ္ဓဘာသာတွေ ငြင်းကြခုန်ကြ လုပ်နေကြတယ် ၊
တချို့က သတင်းစာဆိုတာ ဘာသာရေးနှင့်မဆိုင်ဘူး
သတင်းအတွက်သီးသန့် လုပ်ထားတာ
ဘာသာရေးစာပေဖတ်ချင်ရင် ဘာသာရေးစာအုပ်တွေ
သီးသန့်ဝယ်ဖတ်ပေါ့ တဲ့ ၊
တချို့ကလည်း သီတင်းစာမှာ ဗုဒ္ဓစာပေထည့်တာဟာ
မရိုမသေလေးစားရာရောက်တယ် အအီးကုန်း
ဘာကုန်းနဲ့ မထည့်သင့်ဘူးပြောနေတယ် ၊
တချို့ကလည်း သတင်းစာမှာ ဗုဒ္ဓအဆုံးအမတွေ
ထည့် တာ အခြားဘာသာတွေကိုနှိမ်ရာလည်း
ရောက်တယ် ၊ ဘာသာ ရေး.တန်းတူအခွင့်အရေး
မရှိတဲ့ အတွက် မထည့်သင့်ဘူးလို့ ဆိုနေကြတယ် ၊

ဒီတော့ ဘာဖြစ်လာလဲ
ဗုဒ္ဓဘာသာဝင်အချင်းချင်း ငြင်းကြခုန်ကြ ရန်ဖြစ်နေကြတာ ဘာသာခြားမပါဘူး ၊
ဘာသာခြားတစ်တစ်ယောက်တလေမှ ဝင်ပြောတာမတွေ့ရဘူး ၊

မိမိအနေဖြင့် ရှည်ရှည်ဝေးဝေးတော့ မပြောချင်ပါဘူး ၊
ဗုဒ္ဓအဆုံးအမတွေက ဘယ်သူပဲ ဖတ်ဖတ် အများအတွက် အကျိုးရှိတဲ့ အဆုံးအမတရားတွေပါ ၊
နေရာတိုင်းမှာ ပြန့်နှံ့နေလေ ပိုကောင်းလေပါပဲ ၊
ဗုဒ္ဓအဆုံးအမပါတဲ့ သတင်းစာနဲ့ မပါတဲ့ သတင်းစာ
ဘယ်ဟာက ပိုပြီးကျက်သရေရှိလဲ ၊
ဒီအဆုံးအမတွေကို ဘယ်သူမှ မဖတ်ဘူးလို့
ဘယ်သူပြောနိုင်မှာလဲ ၊
နောက်ဆုံးတစ်ခုအနေဖြင့် ပြောချင်တာကတော့
အရာရာတိုင်းမှာ အလေးဂရုပြုရမည့်
သဘောတရားတွေအများကြီး ရှိတယ် ၊
ဥပမာ တချို့စာအုပ်တွေမှာ နမောတသ်သ ဆိုပြီး
ဘုရားကို ဦးစွာပထမ ရှိခိုးထားတာတွေရှိတယ် ၊
နမောတသ်သကို အများစုက မဖတ်ဖြစ်ကြပါဘူး ၊
ဒါပေမယ့် နမောတသ်သရေးလိုက်တဲ့အတွက်
စာရေးသူရဲ့ ကိုးကွယ်မှု ဘာသာကိုလည်း
သိရမယ် ၊ ဘာသာတရားအပေါ်
တန်ဖိုးထားမမှုကိုလည်း သတိပြုမိလာမယ် ၊
အခု ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့ မြန်မာပြည်မှာ
ဗုဒ္ဓအဆုံးအမကိုထည့်သောအားဖြင့်
ဘယ်သူ့ကိုမှ အကျိုးမယုတ်စေသလို
ဘယ်သူ့ကိုမှ မထိခိုက်စေပါဘူး ၊

ဘာသာတရားကို အလေးဂရုပြုသောအားဖြင့်
ဘာသာတရားကို တန်းဖိုးထား သောအားဖြင့်
ကောင်းတဲ့ ထုံးတမ်းစဉ်လာမို့ ဆက်ပြီးထိန်းသိမ်း
စေချင်ပါတယ် ၊ မပယ်ဖျက်ကြပါနဲ့ ။-b

အရှင်သောပါက ၊ ပြင်ဦးလွင်

No comments: