Saturday, April 30, 2016

ဝ နယ်ကို ခြိမ်းခြောက်နိုင်သည့် လွယ်စေး လွယ်လန်း တပ်စခန်းများ ကိစ္စ ရမခတိုင်းမှူးနှင့် SSA/SSPP တို့ ဧပြီ ၃၀ တွင်ဆွေးနွေးမည်

ဝ နယ်ကို ခြိမ်းခြောက်နိုင်သည့် လွယ်စေး လွယ်လန်း တပ်စခန်းများ ကိစ္စ ရမခတိုင်းမှူးနှင့် SSA/SSPP တို့ ဧပြီ ၃၀ တွင်ဆွေးနွေးမည် --- --- --- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် ညွှန်ကြားခဲ့သည့် တန့်ယန်းမြို့နယ် လွယ်စေးလွယ်လန်း ဒေသရှိ SSPP/SSA တပ်စခန်းများအတွက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် SSA/SSPP ရှမ်းတပ်မတော်တို့မှ တာဝန်ရှိသူများ ဧပြီလ ၃၀ ရက်နေ မနက်ပိုင်းတွင် လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် ဆွေးနွေးကြမည်ဟု သိရသည်။ သံလွင်မြစ်အနောက်ဘက်ကမ်းတွင်ရှိပြီး မဟာဗျူဟာအရ အရေးပါကာ သံလွင့်မြစ်အရှေ့ဘက်ကမ်းရှိ ၀ နယ် မိုင်းလင်းဒေသအား လက်နက်ကြီးဖြင့် ခြိမ်းခြောက်နိုင်မည့် လွယ်စေးလွယ်လန်းဒေသရှိ SSA/SSPP စခန်းများအား ဖယ်ပေးရန် ဧပြီလ ဒုတိယပတ်အတွင်းက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

No comments: