Friday, April 22, 2016

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) မျှော်လင့်ချက် အလင်းရောင်

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) မျှော်လင့်ချက် အလင်းရောင်
Friday,April 22, 2016

ကမ္ဘာ့သက်တမ်းအရှည်ဆုံး သြဇာရှိ နိုင်ငံရေးမဂ္ဂဇင်းတစ်ခု ဖြစ်သည့် တိုင်းမဂ္ဂဇင်းက ၂၀၁၆ အတွက် ကမ္ဘာတွင် သြဇာလွှမ်းမိုး မှုအရှိဆုံး ခေါင်းဆောင်များကို ရွေးချယ်ရာ၌ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား နံပါတ်(၁၇)နေ ရာတွင် ရွေးချယ်လိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ် သက်ပြီး အမေရိကန်ပြည်ထောင် စု သမ္မတအိုဘားမား၏ အမြင်ကို တိုင်းမ်မဂ္ဂဇင်းက ယခုကဲ့သို့ ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သမ္မတ၏ ရုံးခန်းဖြစ် သော ဘဲဥပုံရုံးခန်းမှာ လက်ခံ တွေ့ဆုံသည့်အချိန်မှာ ချက်ချင်း ဆိုသလိုပင် သူ၏တည်ငြိမ်သော ဣနြေ္ဒကို ကျွန်တော် အထင်ကြီး လေးစားမိပါသည်။ သူက စကား ကို ညင်သာစွာ ပြောဆိုသော်ငြား ဆုံးဖြတ်ချက် ပြတ်သားခိုင်မာသူ ဖြစ်၏။ သူချစ်သောမြန်မာပြည် အတွက် အကျဉ်းစံဘဝကို (၁၅) နှစ်ကြာ တောင့်ခံနိုင်သူဖြစ်၏။ နောက်နှစ်လအကြာတွင် ကျွန် တော်သည် နေအိမ်အကျယ်ချုပ် ကျစဉ်သူတရားထိုင်ပြီး အချိန် ဖြုန်းခဲ့သည့် ရန်ကုန်မြို့ရှိ ရိုးရှင်း လှသော သူ၏အိမ်သို့ သွား ရောက်လည်ပတ်ခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းသားဘ၀ ကနေ လွှတ်တော်အမတ်၊ထိုမှ ယနေ့ ဒေါ်အောင်ဆန်းစုကြည် သည် ပါတီခေါင်းဆောင်တစ်ဦး အဖြစ် ခရီးလမ်းကို ဖြတ်သန်းပြီး ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ၌ အနိုင်ရသည့်ပါတီကို ဦးဆောင် နေပါသည်။ အနှစ်ငါးဆယ်ကျော် အတွင်း ပထမဆုံးအရပ်သား အစိုးရကို သူကလမ်းညွှန်ဦးဆောင် နေပါသည်။ မြန်မာနိုင်ငံသည် ကြီးမားသော အခက်အခဲများကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ် ၏။ နိုင်ငံ၏ အောင်မြင်မှုသည် ကြာရှည်စွာ ဖြစ်ပွားနေသော ပဋိ ပက္ခများ အဆုံးသတ်မှုနှင့် တိုင်း ရင်းသားလူမျိုးစုများ၊ ဘာသာဝင် အားလုံး လူ့အခွင့်အရေးရခြင်းတို့ အပေါ် မူတည်နေပါသည်။ သို့ သော်လည်း ဒီမိုကရေစီစနစ် သည် နိုင်ငံ၏အနာဂတ် သာယာ ၀ပြောရေး အလားအလာကို ဆောင်ကြဉ်းပေးနိုင်စွမ်း ရှိပါ သည်။

‘‘ကျွန်မတို့လူသားတွေမှာ မပြည့်စုံမှုတွေ အများကြီးပါ။ ဒီ မပြည်စုံမှု ချို့ယွင်းချက်တွေကြား မှာ ဒီမိုကရေစီက ကျွန်မတို့အား လုံးရဲ့ မျှော်လင့်ချက် အလင်း ရောင်ဖြစ်နေတုန်းပါ’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။

ယခုအချိန်တွင် ဒေါ်အောင် ဆန်းစုကြည်သည် ယခင်က ထက်ပိုပြီး မြန်မာပြည်ကလူဦးရေ သန်းငါးဆယ်ကျော်အတွက် တ ရားမျှတမှုရေးနှင့် ကမ္ဘာတစ်ဝန်း ရှိ သန်းပေါင်းများစွာသော လူ သားများအတွက် မျှော်လင့်ချက် အလင်းရောင် ဖြစ်နေဆဲဖြစ်ပါ သည်။

ဘားရက်အိုဘားမား

အမေရိကန်ပြည်ထောင်စု၏ ၄၄ ယောက်မြောက် သမ္မတ

( တိုင်းမဂ္ဂဇင်းပါ အကြောင်းအရာ ကို ထားထားမြင့်က ဘာသာပြန် ဆိုသည်)

7day Daily


No comments: