Thursday, April 21, 2016

စက်ရုပ်တွေနဲ့ ဈေးဝယ်ထွက်တဲ့ တရုတ်သူဌေး

       စက်ရုပ်တွေကို သူရဲ့ ပိုက်ဆံအိတ် ကိုင်ခိုင်းဖို့ ဈေးဝယ်ထွက်ရာမှာ ခေါ်လာခဲ့ပါတယ်။

play
တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့အတွင်းမှာ အစေခံ စက်ရုပ်တွေနဲ့ ဈေးဝယ်ထွက်လာတဲ့ သူဌေးတစ်ယောက်ရဲ့ ဖြစ်ရပ်ဟာ တရုတ်လူမှုကွန်ယက်တွေမှာတော့ အတော်နာမည်ကြီးလာပါတယ်။
play

အနည်းဆုံးတော့ သူရဲ့ ချမ်းသာကြွယ်ဝမှုကို ဘယ်လိုအသုံးချရမလဲဆိုတာ သိသွားခဲ့ပြီလို့ တရုတ်မီဒီယာအချို့က ရေးသားထားကြပါတယ်။ ကွမ်ကျိုးမြို့အတွင်းက ကျောက်မျက်ရတနာ ဆိုင်ထဲကို အဆိုပါသူဌေးက ဈေးဝင်ဝယ်ချိန်မှာ စက်ရုပ် ၈ ကောင်က သူ့အနောက်မှာ အတူပါလာခဲ့ပါတယ်။ စက်ရုပ်တွေက သူ့ရဲ့ ပိုက်ဆံအိတ်တွေကို ကိုင်ပေးထားတာကို ဓာတ်ပုံတွေထဲမှာ တွေ့မြင်နိုင်ပါတယ်။
play
play

တရုတ်နိုင်ငံအတွင်းမှာ စက်ရုပ်တွေကို လူသားအစားထိုး အသုံးပြုမှုဟာ တစ်နေ့တခြား များပြားလာပါတယ်။ စက်ရုပ်ဝန်ထမ်းတွေနဲ့ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တစ်ခုကိုလည်း မကြာသေးခင်က ကွီကျိုးစီရင်စုမှာ ဖွင့်လှစ်ခဲ့ပါသေးတယ်။
Source : CCTV

No comments: