Saturday, April 30, 2016

သင်္ဘောသားတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်

CREDIT TO MOE SHIN(IMT)

သင်္ဘောသားတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်

seaman

ကျွန်တော်က “မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်”ရေးခဲ့သူ ဂျူးတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ သဘောင်္
သားတွေရဲ့ရင်ဘတ်ထဲကခံစားချက်ကို သူများတွေမြင်အောင်ရေးချင်တဲ့ မိုးရှင်း (I.M.T) ပါ။ မြန်မာနိုင်ငံမှာက
သင်္ဘောသားနဲ့ပက်သက်ရင် အထင်ကြီးနေကြသူတွေရှိသလို မြန်မာရုပ်ရှင်ကားတွေကြည့်ပြီးသင်္ဘောသား
တွေကိုအမြင်ကတ်နေသူတွေလည်းရှိပါတယ်။ ကျွန်တော်က သင်္ဘောသားတစ်ယောက်ဖြစ်ဖူးသူပါ။ဒါကြောင့်
မို့လို့ စာဖတ်သူတွေအားလုံးကိုသင်္ဘောသားတွေရဲ့ရင်ဘတ်ထဲကိုတစ်ခါလောက်အလည်ပို့ပါရစေ။

ကျွန်တော်တို့ သင်္ဘောသားတွေရဲ့ ဘ၀တွေကစစ်သားတွေနဲ့ နည်းနည်းဆင်ပါတယ်။ စစ်သားတွေကသေနတ်
ကိုင်ပြီးသူတို့နဲ့ဥာဏ်ရည်တူတဲ့ လူသားတွေနဲ့တိုက်ပွဲဝင်ရတာပါ။ ကျွန်တော်တို့ကလွမ်းဆွတ်မှုတွေရင်မှာပိုက်
ပြီးခန့်မှန်းမရတဲ့သဘာဝတရားကြီးကိုအံတုနေရတာပါ။ စစ်သားတွေမှာကသူတို့ရန်သူကိုတိုက်ခိုက်ဖို့
သေနတ်တွေပါတယ်။ ကျွန်တော်တို့မှာကမာယာများတဲ့ပင်လယ်ကြီးကို ပြန်လည်အံတုဖို့ ခိုင်မာတဲ့စိတ်ဓာတ်
ပဲရှိပါတယ်။

storm in the sea
ပင်လယ်ဆိုတာ အရမ်းမာယာများပါတယ်။ အခုနေငြိမ်နေပေမယ့် အချိန်အနည်းငယ်အတွင်း သင်္ဘောကြီး
တစ်စီးလုံးမြုပ်သွားနိုင်လောက်တဲ့ လှိုင်းလုံးကြီးတွေကိုလည်း ဖန်တီးတတ်ပါတယ်။ အခုဗြောင်းဆန်အောင်
လှိုင်းတွေလှုပ်နေပေမယ့်အချိန်အနည်းငယ်အတွင်း ချက်ချင်းလည်း ပြန်ငြိမ်သွားတတ်ပါတယ်။ ရာသီဥတု
အရမ်းဆိုးရွားတဲ့နေ့မျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့ ကုန်းပတ်ပေါ်ထွက်ပြီးအလုပ်လုပ်လေ့မရှိပါဘူး။
အားလပ်ရက်မျိုးဆိုရင်တော့ ထမင်းစားခန်းထဲမှာလူစုံနေလေ့ရှိပါတယ်။ ကျွန်တော်မှတ်မိနေတဲ့နေ့လေး
တစ်နေ့ရှိပါတယ်။

အဲဒိနေ့ကမိုးတွေသည်းသည်းမဲမဲရွာနေခဲ့ပါတယ်။ ရာသီဥတုကလည်းတော်တော်လေးကိုကြမ်းနေခဲ့ပါတယ်။
သင်္ဘောကြီးကလည်း ရှေ့စိုက်လိုက်ပြန်ပေါ်လာလိုက်နဲ့ တော်တော့်ကိုအသည်းယားစရာကောင်းနေတယ်။
ဝါရင့်သဘောင်္သားတွေကတော့ မျက်နှာအပြုံးမပျက်ရှိနေကြပါတယ်။ ကျွန်တော်ကတော့ ဘ၀မှာပထမဆုံး
အကြိမ်အဲ့ဒိလောက်ကြီးတဲ့ လှိုင်းမျိုးတွေကို မြင်ဖူးတာပါ။ ရိုးရိုးသားသားပြောရရင် စိတ်ထဲမှာနည်းနည်း
ကြောက်နေမိပါတယ်။ အဲဒိအချိန်မျိုး သင်္ဘောမြုပ်သွားရင် အသက်ရှင်စရာအကြောင်းကသိပ်မရှိဘူးလေ။
ပစိဖိတ်သမုဒ္ဒရာရဲ့အလယ်တည့်တည့်လိုနေရာမျိုးရောက်နေတဲ့အချိန်မှာ ရာသီဥတုကလည်းအရမ်းအေး
နေပါတယ်။ လာကယ်မယ့်သူမရောက်ခင်Hypothermia( မှအပူဓာတ်အလွန်အကျွံဆုံးရှုံးခြင်း) နဲ့ပဲသေဖို့
များပါတယ်။ တွေးလေကြောက်လေမို့လို့ကျွန်တော့်အတွေးစကိုရပ်လိုက်ပြီး ထမင်းစားခန်းထဲသွားဖို့ဆုံး
ဖြတ်လိုက်ပါတယ်။
တချို့သူတွေက လှိုင်းမူးလို့ အန်တဲ့သူကအန်နေကြတယ်။ ထမင်းစားခန်းထဲမှာလည်းထမင်းဟင်းတွေက
ဘယ်သူမှမစားလို့ အရမ်းကိုပိုနေပါတယ်။ အားလပ်ရက်ဖြစ်ပြီးအပြင်မှာလည်းရာသီဥတုဆိုးနေလို့ ထမင်း
စားခန်းထဲမှာလူစုံနေပါတယ်။သူတို့ခံစားချက်တွေကိုပြောင်သလိုနောက်သလိုနဲ့ ပြောနေကြပါတယ်။
ကျွန်တော်ကတော့ သူတို့ပြောတာတွေအားလုံးကိုအခုထက်ထိမှတ်မိနေဆဲပါပဲ။ သူတို့ကမြန်မာနိုင်ငံက
လူအချို့ သင်္ဘောသားတွေကိုအထင်လွဲနေကြတဲ့အကြောင်းကိုခံပြင်းစွာနဲ့ပြောနေကြတာပါ။

တကယ်တော့လူတော်တော်များများက သင်္ဘောသားဆိုတာ မိန်းမရှုပ်တဲ့သူ၊အရက်သောက်တဲ့သူလို့ပဲမြင်
တတ်ကြပါတယ်။ တကယ်တော့ မိန်းမရှုပ်တယ်ဆိုတာ သင်္ဘောသားမှမဟုတ်ပါဘူး။  ရန်ကုန်မှာနေ့တိုင်း
ကလပ်တက်နေတဲ့လူငယ်တွေ အပုံလိုက်အခေါင်းလိုက်ပါ။ အဲ့လိုမသွားတတ်တဲ့ လူငယ်တွေလည်းရှိပါ
တယ်။ ထိုနည်းလည်းကောင်း သင်္ဘောပေါ်မှာလည်းလူတိုင်းမိန်းမရှုပ်တဲ့သူတွေကြီးပဲမဟုတ်ပါဘူး။ မိန်းမ
ရှုပ်ချင်ရင် သင်္ဘောပေါ်တက်စရာတောင်မလိုပါဘူး။

နောက်တစ်ခုက အရက်သောက်တဲ့ကိစ္စပါ။ သောက်တဲ့သူရှိသလိုမသောက်တဲ့သူတွေလည်းရှိပါတယ်။
မနက်မိုးလင်းလို့မျက်လုံးဖွင့်ကတည်းကဘယ်နေရာကြည့်ကြည့် ရေတွေပဲမြင်နေရတဲ့ ပင်လယ်ကြီးထဲမှာ
တစ်နှစ်ကျော်ကျော်လောက်စာဖတ်သူတို့နေဖူးမှသာ  အဲဒိခံစားချက်အထီးကျန်ဆန်တဲ့ခံစားမှုကို
အပြည့်အ၀နားလည်သွားပါလိမ့်မယ်။ သင်္ဘောသားတစ်ယောက်ရဲ့ခံစားချက်အစစ်အမှန်ကိုသင်္ဘောသား
တစ်ယောက် မဟုတ်ရင် တော်ရုံတန်ရုံ ခံစားပေးလို့မလွယ်ပါဘူး။

မြန်မာဇာတ်ကားတွေထဲမှာတော့ ကျွန်တော်တို့ကို ဗီလိန်အဖြစ်အမြဲအသုံးချလေ့ရှိပါတယ်။ သူတို့ရဲ့
ဇာတ်ကားတွေထဲမှာအမြဲတမ်း ကျွန်တော်တို့သင်္ဘောသားတွေကဗီလိန်ပါ။ တစ်ခါတစ်လေဆိုရင်တော့
အနုပညာအရ လုပ်သင့်ပေမယ့် အမြဲတမ်းလိုလို ဗီလိန်နေရာမှာသင်္ဘောသားတွေကိုထားနေတာကတော့
သင်္ဘောသားတွေကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေစိတ်ထဲမှာ မကောင်းတဲ့သူတစ်ယောက်
အဖြစ်ရိုက်သွင်းနေသလိုပါပဲ။ ကိုယ့်အသက်ကိုယ်ရင်းပြီးမိသားစုအတွက် ထမင်းရှာကျွေးနေတဲ့သူတွေကို
အထင်လွဲအောင်လုပ်နေတာတော့မသင့်တော်ဘူးထင်ပါတယ်။ လောကကြီးမှာဘာလူမျိုးပဲဖြစ်ဖြစ်
ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် ဘာအလုပ်တွေပဲလုပ်နေလုပ်နေလူနှစ်မျိုးပဲရှိပါတယ်။ အဲဒါကတော့
ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ဆိုတဲ့နှစ်မျိုးပါပဲ။

သင်္ဘောသားဖခင်အချို့ရဲ့ခံစားချက်တွေကိုလည်း ကျွန်တော်ကြားခဲ့ရပါတယ်။ သူတို့သားသမီးတွေက
အဖေပြန်လာတုန်းတစ်လလောက်တော့ပျော်တတ်ကြတယ်။ မုန့်ဖိုးရတယ်။ သွားချင်တဲ့နေရာတွေသွား
ကြတယ်။ နည်းနည်းလေးအနေကြာလာတော့ “အဲဒိဘဲကြီးပြန်လာကတည်းကငါညဘက်အိမ်ပြင်လည်း
ကောင်းကောင်းထွက်လို့မရတော့ဘူး။”“ ပြန်လာကတည်းကဗျစ်တောက်ဗျစ်တောက်နဲ့ အရမ်းနားညည်း
ဖို့ကောင်းတာပဲ။”စတဲ့စကားသံတွေကို အခြားကနေကြားသိရပါတယ်တဲ့။ ဒါတွေကသူတို့အဖေတွေကို
တိုက်ရိုက်ပြောတဲ့စကားတွေတော့မဟုတ်ဘူးပေါ့ဗျာ။ ကလေးတွေကအဖေဆိုတာပိုက်ဆံရှာတဲ့လူတစ်
ယောက်ထက်ကိုပိုမမြင်တော့ပါဘူး။ အဲ့ဒိလိုအဖေမျိုးရဲ့ ရင်ဘတ်ထဲခဏလောက်ဝင်ကြည့်ရင်တော့
စာဖတ်သူအရည်ပျော်သွားပါလိမ့်မယ်။ မိန်းမကလည်း ၃လလောက်အထိတော့ဘာမှမပြောသေးဘူး။
၆လလောက်ဆိုရင်တော့ “မောင်ရေသားတွေ သမီးတွေရှေ့  ရေးရှိသေးတယ်လေ။ မောင်သင်္ဘောပြန်
မတက်သေးဘူးလား။ မေလဲမောင့်ကိုဘယ်ခွဲချင်ပါ့မလဲ။ ဒါပေမဲ့ ကလေးတွေ ရှေ့ရေးကရှိသေးတယ်လေ
မောင်ရဲ့”ဆိုတဲ့စကားသံလေးတွေကိုတော့ စကြားရပါပြီ။ ဒီတော့ သင်္ဘောသားကြီးလည်းရင်ဘတ်ဟတ်
တက်နဲ့ရေထဲပြန်ဆင်းရပြန်ပြီပေါ့။

ပြက္ခဒိန်ပေါ်ကရက်တွေကို ကြတ်ခြေခတ် သားလေး၊သမီးလေးဓာတ်ပုံညတိုင်းကြည့် ရင်ဘတ်ဗလာနဲ့
ဟာတာတာညတွေကိုမျက်စိစုံမှိတ်ပြီး ဖြတ်သန်းရပြန်ပါတယ်။ ပြန်ရဖို့ရက်နီးလာရင် အရမ်းပျော်နေတတ်
တာ သင်္ဘောသားတွေရဲ့သဘာဝပါ။ ဒါပေမဲ့ နောက်တစ်ခါ ဒီလိုအချိန်တွေ ကိုပြန်ဖြတ်သန်းရဦးမှာပါလား
လို့တွေးမိလိုက်တိုင်း ၀မ်းနည်းသွားတတ်ကြတာလည်း သင်္ဘောသားတွေရဲ့သဘာဝပါပဲ။ တကယ်တော့
နှလုံးသားတွေကရစရာမရှိအောင်ကြေမွနေပါပြီ။ ဒါပေမဲ့ မိသားစုအတွက် ကြိုးစားနေကြဆဲပါပဲ။

seaman2
ဘ၀ရဲ့အချိန်တော်တော်များများကို တစ်ယောက်တည်းဖြတ်သန်းရတာများတော့ ကျွန်တော်တို့ အသည်း
တွေကအပေါ်ယံမာနေပါပြီ။ ခွဲခွာတယ်ဆိုတာထမင်းစားရေသောက်လိုပါပဲ။ တစ်ခါတစ်လေတော့လည်း
ကျွန်တော် ဘာလို့သင်္ဘောသားဖြစ်လာပါလည်းလို့တွေးမိပါတယ်။ ရေကြောင်းသိပ္ပံဆိုတဲ့ ကျောင်းဝရောက်
တဲ့အထိ ဘာကျောင်းမှန်းမသိခဲ့ပါဘူး။ နိုင်ငံရဲ့ပညာရေးစနစ် မိဘရဲ့အခြေအနေကြောင့် ပိုက်ဆံမြန်မြန်
ဆန်ဆန်ရနိုင်မယ့်လမ်းကိုရွေးရင်း ကျွန်တော်သင်္ဘောသားတစ်ယောက်ဖြစ်လာခဲ့တာပါ။

သင်္ဘောသားတစ်ယောက် သင်္ဘောမလိုက်တော့ဘူးဆိုရင် ပတ်ဝန်းကျင်က ကြပ်မပြည့်တဲ့ ကောင်လိုဝိုင်း
ကြည့်တာကိုခံရတတ်ပါသေးတယ်။ပိုက်ဆံဒီလောက်ရတာကို ဘာလို့ဆက်မလိုက်တော့တာလဲလို့ မေးကြ
ပါတယ်။ သူတို့ကို ရှင်းပြချင်ပါတယ်။ ခက်တာက သူတို့နားမလည်နိုင်လောက်ပါဘူး။တကယ်တော့
သင်္ဘောသားအဖြစ်ကနေ သင်္ဘောမလိုက်တော့တာတော်တော့်ကိုဆုံးဖြတ်ရတဲ့ကိစ္စပါ။ ပိုက်ဆံအများကြီး
ရရာကနေ မြန်မာပြည်မှာ လစာနည်းနည်းနဲ့ နေနိုင်ဖို့ ကျွန်တော်ဘယ်လောက်ခက်ခက်ခဲခဲဆုံးဖြတ်ရသလဲ
ဆိုတာကို သင်္ဘောသားတွေပိုနားလည်ပါလိမ့်မယ်။

ဒါပေမယ့် ကျွန်တော့်အိမ်မက်တွေကခေါင်းထဲမှာပြတ်ပြတ်သားသားရှိနေတယ်။ အဲဒါတွေကတစ်နေ့ကျရင်
ဖြစ်ကိုဖြစ်လာမယ်ဆိုတာလည်းယုံကြည်နေတယ်။ ဖြစ်လာအောင်လည်းအချိန်တိုင်းပုံဖော်နေပါတယ်။
ကျွန်တော့်အိမ်မက်တွေနဲ့ ကျွန်တော်အတူနေရတာပိုပျော်လာပါတယ်။ ကျွန်တော့်အိမ်မက်တွေကိုပုံဖော်ရင်း
ပင်လယ်ထဲမှာသက်စွန့်စံဖျား မိသားစုအတွက် ပိုက်ဆံရှာဖွေနေတဲ့ ညီတော်နောင်တော်များကိုလည်း
ဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေပါတယ်။

မိမိယုံကြည်ရာကို ပုံဖော်နိုင်ရဲကြပါစေ။

မိုးရှင်း (I.M.T)

No comments: