Thursday, April 21, 2016

Opera browser တွင် အခမဲ့ VPN ဝန်ဆောင်မှုပါဝင်လာ

 Opera browser တွင် အခမဲ့ VPN ဝန်ဆောင်မှုပါဝင်လာ

By: 

နောင်နောင်
Opera သည် သုံးစွဲသူကို ဝက်ဘ်ပေါ်တွင် လုံခြုံစွာရှိနေစေမည့် အခမဲ့ built-in VPN ဝန်ဆောင်မှုနှင့်အတူ ၎င်း၏ desktop browser ကို အဆင့်မြှင့်တင်ခဲ့သည်။
Opera browser တွင်ပါဝင်လာသော VPN ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် account တစ်ခု မှတ်ပုံတင်ရန် မလိုအပ်ပေ။ Settings menu တွင် အဆိုပါ feature ကို enable လုပ်ရုံဖြင့် virtual တည်နေရာများအကြား ပြောင်းလဲနိုင်သည်။ ယနေ့ဖြန့်ချိလိုက်သော developer ဗားရှင်းတွင် အမေရိကန်၊ ကနေဒါနှင့် ဂျာမနီစသည့် နိုင်ငံသုံးခုကိုသာ ထောက်ပံ့ပေးထားသော်လည်း stable ဗားရှင်းတွင် နိုင်ငံပေါင်းများစွာ ထည့်သွင်းပေးသွားမည်ဟု Opera မှ ပြောကြားသည်။
Browser ၏ address bar ရှိ icon တစ်ခုကို အသုံးပြုခြင်းဖြင့် သုံးစွဲနေစဉ်အတွင်း တည်နေရာများကို ပြောင်းလဲနိုင်သည်။ ထို့အပြင် သုံးစွဲသူ၏ IP ကို မြင်တွေ့ခြင်းရှိ၊ မရှိ သိရှိနိုင်ပြီး VPN ဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲခဲ့သော အချက်အလက်ပမာဏကိုလည်း စစ်ဆေးနိုင်သည်။
Browser တွင် VPN ဝန်ဆောင်မှု တိုက်ရိုက်ပါဝင်လာသောကြောင့် third-party extension များထည့်သွင်းသုံးစွဲရန် မလိုအပ်တော့သလို လစဉ်ကြေးပေးသွင်း၍လည်း အသုံးပြုရန် မလိုတော့ပေ။
Opera ၏ အခမဲ့ VPN ပါဝင်သော နောက်ဆုံးပေါ် developer build ကို ဒီနေရာတွင် Windows နှင့် Mac အတွက် ရယူနိုင်သည်။

No comments: