Sunday, April 24, 2016

တို့ အစိုးရ တက်လာ ခါနီး မဲဆွယ်တော့ ရေတွေ ရေတွေကြီးတာ ဆိုတာလေ .. တစ်နိုင်ငံလုံးကို ဆုံးဆုံးမြုပ် လို့ .. ။

တို့ အစိုးရ တက်လာ ခါနီး မဲဆွယ်တော့

ရေတွေ ရေတွေကြီးတာ ဆိုတာလေ ..

တစ်နိုင်ငံလုံးကို ဆုံးဆုံးမြုပ် လို့ .. ။

အေးဆေးပဲ ..

မြုပ်ချင် သလောက် မြုပ် ..

မဲဆွယ်တာကို လာမထိရင် ပြီးရော ။

တို့ အစိုးရ နိုင်ပြီး အာဏာလွှဲယူ ခါနီး

တော့ ...

မီးတွေ မီးတွေ လောင်တာ ဆိုတာလေ..

တစ်နိုင်ငံလုံး ဟုန်းဟုန်းတောက် လို့ .. ။

အေးဆေးပဲ ..

လောင်ချင် သလောက် လောင်

အာဏာ လွှဲပြောင်းယူနိုင်ဖို့ အဓိကပဲ ..။

တို့ အစိုးရ တက်လာပြီး ..

မြေငလျင်တွေ လှုပ်တာ လှုပ်တာ ဆိုတာ

လေ ..

တစ်နိုင်ငံလုံး သိမ့်သိမ့်ကို တုန် .. လို့ ။

လှုပ်ချင် သလောက် လှုပ် ..

အေးဆေးပဲ ..

သမ္မတ အထက်က ထိုင်ခုံ မလှုပ်ဖို့ပဲ ...

အရေးကြီးတယ် .. ။

တို့ အစိုးရ ရက်တစ်ရာ စီမံကိန်းနဲ့ အခွန်

တိုးကောက်ပြီး .. သင်္ကြန် မဏ္ဍပ်က ဝန်

တစ်ပါး ပုံးငါးဆယ်ကျဂါရဝပြုတဲ့ အမှု

ရေအလှူနဲ့ ရောချ ...

အစဖျောက်လို့ ဂုဏ်ပြု စတုဓီသာဗွီနိုင်း

ထောင် ကိုယ့်အဖွဲ့ကိုယ်ဖိတ် ခွဲကြိတ်နေ

တုန်း ...

လေပြင်းမုန်တိုင်းတွေတိုက်လို့ ရှေးစေတီ

ဘုရားတွေ ဗုန်းဗုန်း လဲတာ လဲတာ ....

ဆိုတာလေ ...

တစ်နိုင်ငံလုံးနီးပါး ဟူးဟူးထ နေလေရဲ့။

အေးဆေးပဲ ...

တစ် ကမ္ဘာလုံးကို ဦးဆောင်မယ်လို့ မျှော်

လင့်ရင်း ... ကျိုးနေတဲ့ ပါးစပ်ကြီးကနေ

ကိုယ့်တိုင်းပြည် အမည်မှန် ထွက်ကျလာ

ဖို့ ကြိုးစား နေရတာလောက် သိပ်ပြီး ....

ပဓာနကျတာမှ မဟုတ်တာ ..။ ဗလီတွေ

ပြိုတာမှ မဟုတ်ပဲ .. ။

သေချာစဉ်းစားကြည့်တော့ .. တို့အစိုးရ

ကို ..

ဓာတ်ကြီး လေးပါး ကို စောင့်ရှောက်တဲ့

နတ် မင်းကြီး လေးပါးက မနေသာ ဝံ့ဘဲ

ကောင်းချီးသြဘာ ပေးနေတာလို့တောင်

ထင်လာမိတယ် .. ။

ဒါတင်ပဲလားဆိုတော့ ... မဟုတ်သေးဘူး

ခင်ဗျ ။

နတ်တို့ရဲ့ဘုရင် သိကြားမင်း ကလည်းပဲ

ပဏ္ဍုကဗ္ဗလာ မြကျောက်ဖျာ တင်းတော်

မူတယ်ထင်ရဲ့ ... ။ ထန်းတောကို ဝရဇိန်

လက်နက်နဲ့ ခွင်းပြီး ....

"အခွန်ငွေ ပိုထမ်းကြလော့ "လို့ ပြည်သူ

တွေကို သတိပေးချင်ပုံရတယ် .. ။

သိကြားမင်းတောင် ဝင်ပါရပြီ ဆိုတော့..

နေနတ်မင်းကြီးကလည်း မနေသာတော့

ဘူး ..။ လျှပ်စစ်မီး မလုံလောက်ဖြစ်နေ

တဲ့ တိုင်းပြည် ခဏ ခဏ မီးလာနေတာ

မကြည့်ရက်နိုင်တော့လို့ .. ဆိုလာစံနစ်

ကလျှပ်စစ်ပိုထုတ်နိုင်အောင် နှစ်ဆတိုး

ပြီး နေစွမ်းအင် ထုတ်ပေးတယ် ခင်ဗျ ။

ဆိုတော့ .. အားကျမခံ မိုးနတ်မင်းကြီး

ကလည်း .... ဒီလောက် မီး ခဏ ခဏ

လာနေမှတော့ ရီဖရက်ဂျစ်တာတွေက

အလုပ်မလုပ်နိုင်တာကို မြင်သိလေတဲ့

အတွက် မိုးသီးတွေ ဗူးသီးလုံးလောက်

ခဲပြီးရွာချပေးလိုက်တာ .. ပြည်သူတွေ

ခမျာ .. တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူး

မကြားဖူးလို့ မိုးရွားထဲ ပြေး ဗူးသီး ကြီး

လောက် မိုးသီးတွေ ကောက်ရင်း နဲ့ ကွဲ

သူကွဲ ပြဲသူ ပြဲ ... ဆဲသူ ဆဲ ဓာတ်ပုံ တွဲ

ရိုက်သူတွေက ရိုက် ..ဖေ့စပွတ် ပေါ်ကို

အလုအယက် တင်ကြနဲ့ ... တကယ့်ကို

တွေးကြည့်တာနဲ့တင် ... ပျော်စရာ ရွှင်

စရာ တိုင်းပြည်ကြီး ပေါ့ဗျာ .. ။

အဟက် .. ဟက် ..

သောတာပန် အတိုင်ပင်ခံ မယ်တော်ကြီး

နဲ့ သာသနာပြု သူတော်စင် ဘိုးဘိုးနီ တို့

ရဲ့ဘုန်းရိပ်ကံရိပ်ကို .. နတ်မင်းကြီးတွေ

ကတောင်ခိုလှုံနေရတဲ့ တိုင်းပြည်ပဲဗျာ။

တိုင်းတစ်ပါးသားတွေ အုံနဲ့ ကျင်းနဲ့ ခိုလှုံ

ချင်နေ ကြတာ အံ့သြစရာ မဟုတ်တော့

ဘူးဗျ ။

ပြောရင်းဆိုရင်း .... လနတ်မင်းကြီး က

ဦးခိုက်ချင်လို့တဲ့ .. ။

တစ်တိုင်းပြည်လုံး .. အမှောင်ကျ ပြီး ...

"လကြီး" တာကို ထိုင်ကြည့်ခွင့် ရပြီဗျ ။

No comments: