Wednesday, April 27, 2016

ကျွန်တော်ချစ်တဲ့ပြည်ခိုင်ဖြိုး ပြည်သူ့ထောက်ခံမှုရရှိလိုလျှင် ******************************************************

ကျွန်တော်ချစ်တဲ့ပြည်ခိုင်ဖြိုး ပြည်သူ့ထောက်ခံမှုရရှိလိုလျှင်
******************************************************
ကျွန်တော်ဟာ ပြည်ခိုင်ဖြိုးပါတီကိုချစ်ခင်မြတ်နိုးတဲ့အမာခံပါတီဝင်တစ်ဦးပါ။ ကျနော့်ရဲ့ဘဝကိုလဲပြည်ခိုင်ဖြိုးပါတီမှာသာ မြှုပ်နှံထားပါတယ်။ ကျွန်တော်တို့အောက်ခြေမှ  ပြည်ခိုင်ဖြိုးများ အစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်း ရွေးကောက်ပွဲမှာ မထင်မှတ်သောရလဒ်ဖြင့် ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့တာအမှန်တရားဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာအင်အားတောင့်တင်းခိုင်မာပြီး စည်းကမ်းစနစ်တကျဖွဲ့စည်းထားသော်လည်း ယခုလိုအပြတ်အသတ်ရှုံးနိမ့်ခဲ့သည်မှာ ပါတီကိုလူထုမကြိုက်ခြင်းကြောင့်ဖြစ်ပေသည်။(ထိုအချက်များကိုတော့ မပြောလိုတော့ပါ)။ ယခုအချိန်တွင် ပါတီအမာခံများ၊ သာကူးများကွဲပြားပြုလာပြီဖြစ်ပါသည်။ မကြာမီအချိန်အတွင်း ပါတီတွင်းပြုပြင်ပြောင်းလဲမှုများလဲလုပ်ကြတော့မည်ဖြစ်ပါသည်။ ပါတီအတွင်တွင် ဗဟိုCECအဆင့်မှစ၍အောက်ခြေအထိ လူထုမကြိုက်သော၊ လူထုလက်မခံသော၊ ပုဂ္ဂိုလ်များအား အနားပေးသင့်ပါကြောင်းနှင့် လူထုယုံကြည်လက်ခံသောသူများနှင့် အစားထိုးပြုပြင်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းသင့်ပါကြောင်း ထိုမှသာနောင်လာမည့်ရွေးကောက်ပွဲတွင် ကျွန်တော်ချစ်သောပြည်ခိုင်ဖြိုးပါတီကြီးသည် ပြည်သူများ၏တစ်ခဲနက်ထောက်ခံမှုရရှိမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။
                      ပါတီကိုအမှန်တကယ်ချစ်သောစေတနာဖြင့်
Zaw Aung Htet

No comments: