Thursday, April 21, 2016

ကာကွယ်ရေးဦးစီးချုပ် အဖြစ် တရုတ်သမ္မ ရှီကျင်းပင် ခံယူ

       တရုတ်တပ်မတော်ကို သမ္မတ ရှီကျင်းပင်က ပိုပြီး တိုက်ရိုက်ကိုင်တွယ် သွားတော့မှာ ဖြစ်ပါတယ်။

play

တရုတ်ပြည်သူသမ္မနိုင်ငံရဲ့ သမ္မတ ရှီကျင်းပင်ဟာ တပ်မတော်ရဲ့ အမြင့်ဆုံးရာထူးကို ရယူလိုက်ပြီး ပြည်တွင်း တပ်မတော်ကို ပိုပြီးချုပ်ကိုင်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ တရုတ်တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရှီကျင်းပင်က ရယူထားခဲ့ပြီဖြစ်ပါတယ်။ ယခင်ကတည်းက တရုတ်ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ရှီဟာ တပ်မတော်ဗဟိုကော်မရှင်ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။ အခု ကာကွယ်ရေး ဦးစီးချုပ် ရာထူးခံယူလိုက်တဲ့ ရှီဟာ တရုတ်စစ်တပ်ကို တိုက်ရိုက်ကိုင်တွယ် သွားတော့မှာပါ။
play

မကြာသေးခင်နှစ်တွေအတွင်းမှာ တရုတ်က တောင်တရုတ်ပင်လယ်အရေးကို အကြောင်းပြပြီး နိုင်ငံခြားရေး မူဝါဒတွေမှာ သိသိသာသာ စွက်ဖွက်လာခဲ့ပြီးနောက်ပိုင်း ရှီက အခုလို အပြောင်းအလဲ လုပ်ခဲ့တယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြပါတယ်။
play

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ သမ္မတရှီကျင်းပင်က တပ်မတော်ရဲပူးပေါင်းစစ်ဆင်ရေးဌာနကို ကာကွယ်ရေးဦးစီးချုပ် ဝတ်စုံပြည့်နဲ့ သွားရောက်လည်ပတ်ခဲ့ပုံတွေကိ တရုတ်မီဒီယာတွေက ဖော်ပြကြပါတယ်။
Source : BBC
Photos : CCTV

No comments: