ပျော်ဘွယ်ရှိ ကျေးရွာ ၁၃ ရွာတွင် မီးတိုင်များစိုက်ထူထားသော်လည်း ထရန်စဖော်မာများ မရောက်ရှိသေးသည့်အတွက် လျှပ်စစ်မီးမရရှိသေး
Thursday, April 21, 2016
မန္တလေးတိုင်းဒေ သကြီး ပျော်ဘွယ်မြို့နယ် အတွင်း ရှိ ကျေး ရွာ ၁၃ ခုတွင် မီးတိုင်များစိုက် ထူထားသော်လည်း ထရန် စဖော်မာ များ မရောက်ရှိသေးသည့်အတွက် လျှပ်စစ်မီးမ ရရှိသေးကြောင်း သိရ သည်။
" အခု နိုင်ငံတော်ကချပေးမယ် ပြောထားတဲ့ ထရန်စဖော်မာတွေ ကျေး ရွာတွေကိုမရောက်တာတွေ ရှိ နေပါတယ်။ ရေ လည်ကွေ့ကျေး ရွာ မှာဆို ရင် ထရန်စဖော်မာချပေးမယ် ပြောပြီး အခုအချိန်အထိ တိုင်တွေ သာထောင် ထားတယ်။ မီးက အခုအ ချိန်အထိ မီးမလင်းသေးလို့ ပြောနေ ပါတယ် " ဟု ပျော်ဘွယ်မြို့နယ် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးချိုက ပြောသည်။
ပျော်ဘွယ်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ကျေးရွာ မီးလင်းရေး လုပ်ငန်းများနှင့်ပတ်သက် သည့် တိုင်စာများလည်းရောက်ရှိနေ ပြီး တိုင်စာ များကို တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတစ် ဆင့် မန္တလေးတိုင်းဒေ သကြီး လွှတ် တော်သို့တင်ပြမည်ဖြစ်သည်။
" ကြိုးတွေလည်း နိုင်ငံတော်က ပေးထားပါတယ်။ ထရန်စဖော်မာ လည်းပေး ဖို့ စီစဉ်ထားပါတယ်။ နိုင် ငံတော်ကရမှ ရမှာလေ။ စီမံကိန်းတွေ က အကောင် အထည်ဖော်လို့မရသေး ဘူးလေ။ အရင်အစိုးရလက်ထက်က တည်းက ကိုယ်ထူကိုယ်ထလုပ်ခဲ့တာ ပါ။ ကျန်တဲ့ထောက်ပံ့မှုကတော့ လက် ရှိအစိုးရလက်ထက်မှာပဲ ထောက်ပံ့ ရမှာလေ" ဟု ပြည်ထောင် စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီး(၂)၊ လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်စိုးက ပြောသည်။
ပျော်ဘွယ်မြို့နယ်တွင် ဦးသိန်း စိန်အစိုးရလက်ထက်က ကျေးရွာမီး လင်းရေးစီမံကိန်းများ၊ လမ်းစီမံကိန်း များ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ ကျေးရွာမီးလင်းရေးလုပ် ငန်းများတွင် ညောင်ကုန်း၊ ရွှေညောင် ဖူး၊ ကျောက်ချပ်စသည့် မီးမရရှိသေး သည့်ကျေးရွာများ ကျန်ရှိနေသေး ကြောင်း သိရသည်။
ZM(MMK)
#Democracytoday
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, April 21, 2016
ပျော်ဘွယ်ရှိ ကျေးရွာ ၁၃ ရွာတွင် မီးတိုင်များစိုက်ထူထားသော်လည်း ထရန်စဖော်မာများ မရောက်ရှိသေးသည့်အတွက် လျှပ်စစ်မီးမရရှိသေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment