သေဒဏ်ချမှတ်ခံ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးအတွက် အယူခံ တင်သွင်း ရမည့်ရက် ထပ်မံတိုးမြှင့် ခွင့်ပြု
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ကော့စမွေ ဧပြီ ၂၀
ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း) အမှုမှ သေဒဏ်ချမှတ်ခံခဲ့ရသော အစွပ်စွဲခံရသည့် မြန်မာရွှေ့ပြောင်း အလုပ် သမားနှစ်ဦးတို့၏ အမှုတွဲအတွက် အယူခံတင်သွင်းရမည့်ရက်ကို ဧပြီ ၂၂ ရက်အထိ ထပ်မံတိုးမြှင့်ခွင့်ရရှိခဲ့သော်လည်း အမှုတွဲအဆင်သင့် မဖြစ်သေး သည့် အတွက် ထိုင်းရှေ့နေများ ကောင်စီမှ ကော့စမွေခရိုင် တရားရုံးတော် သို့ ရွှေ့ဆိုင်း ခွင့်တောင်းခံခဲ့ရာ ရုံးတော်မှ အယူခံဝင်မည့်ရက်ကို တစ်လတိုးကာ ထပ်မံခွင့်ပြုပေးခဲ့ကြောင်း ဗန်ကောက် မြန်မာသံရုံးအထူး စုံစမ်းရေးကော်မတီ အဖွဲ့မှ သိရသည်။
အဆိုပါ အစွပ်စွဲခံ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး ဖြစ်သော ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာ ၂၄ ရက် နံနက် ပိုင်းက ကော့စမွေခရိုင် တရားရုံးတော်မှ လူသတ်မှု၊ မုဒိမ်းမှုတို့ အပါအဝင် ပုဒ်မ ၇ ခုတို့ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ရုံးတော်မှ ၎င်းတို့အတွက် တစ်လအတွင်း အယူခံ တင်သွင်း နိုင်သည်ဟု သတ်မှတ်ခဲ့သော်လည်း အမှုဖြစ်စဉ် နှင့်စပ်လျဉ်း၍ ပြန်လည်စုဆောင်းရသည့်အတွက် အချိန် လုံလောက်မှုမရှိ သောကြောင့် ဗန်ကောက် မြန်မာသံရုံး အထူးစုံစမ်းရေးကော် မတီ အဖွဲ့က ရက်ထပ်မံတိုးမြှင့် တောင်းခံခဲ့ရာမှ တရားရုံးတော်က ဧပြီ ၂၂ ရက်အထိ ထပ်မံတိုးမြှင့်ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ပြီး ယခုလ ၁၉ ရက်တွင် အမှုလိုက် ထိုင်းရှေ့နေများကောင်စီက ထပ်မံရွှေ့ဆိုင်းခွင့် တောင်းဆိုခဲ့ရာမှ လာမည့် မေ ၂၃ ရက်အထိ အယူခံ ဝင်မည့်ရက်ကို ထပ်တိုးရရှိခဲ့ခြင်းဖြစ်သည်။
ဗန်ကောက် မြန်မာသံရုံး အထူးစုံစမ်းရေး ကော်မတီအဖွဲ့ဖြစ်သော MAT အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုစောမောင်က သေဒဏ်ချမှတ်ခံ ထားကြရတဲ့ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အမှုအတွက် ကျွန်တော်တို့ အထူးအဖွဲ့က သံအမတ်ကြီး ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်၊ ကျွန်တော်တို့အဖွဲ့ ကိုလည်း လက်ရှိ အသစ်တက်လာတဲ့ အစိုးရသစ်ဆီကနေ ဘာမှဆက် သွယ်ပြော ဆိုလာတာ မရှိသေးပါဘူး။ ခုကတော့ အယူခံ ဝင်ဖို့ကိုပဲ စောင့်နေ တာပါ။ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ လွတ်မြောက်ရေး အတွက်လာမယ့် မေ ၂၃ ရက်မှာ တင်သွင်းမယ့် အယူခံမအောင်မြင်ဘူး ဆိုရင်တော့ မြန်မာနိုင်ငံက အစိုးရသစ်ကို ပါဝင်ကူညီပေးပါဆိုပြီး တောင်းဆို သွားမှာပါ ဟုဆိုသည်။
ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း) တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ကမ္ဘာလှည့်ခရီးသည် ဗြိတိန်နိုင်ငံ သား နှစ်ဦးဖြစ်သော ကမ္ဘာလှည့်ခရီးသည် David Miller နှင့် Hannah Witheridge တို့နှစ်ဦးသေဆုံးမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ အစွပ်စွဲခံ
မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးဖြစ်သော ဝင်းဇော်ထွန်းနှင့်
ဇော်လင်းတို့အား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်း က ကော့စမွေခရိုင် တရားရုံး တော်မှ လူသတ်မှု၊ မုဒိမ်းမှုတို့ အပါအဝင်ပုဒ်မ ၇ ခုတို့ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး တာဝန်ရှိသူ များက အယူခံ ဝင်ရမည့်ရက်အား စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
စိုးဝင်း-SP
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, April 21, 2016
သေဒဏ်ချမှတ်ခံ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးအတွက် အယူခံ တင်သွင်း ရမည့်ရက် ထပ်မံတိုးမြှင့် ခွင့်ပြု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment