အကျီချွတ် အခန်းပြင်ထွက်အိပ်ပြ၊ ဟင်းတခွက်နဲ့ စားပြ၊
ချီးပါရင်း ထမင်းစားပြ စက်ဘီးစီး ရုံးတက်ပြ၊ ဘော်ဒူဇာနဲ့
မထိုးဘူးပြော၊
တံမြက်စည်း လှည်းပြ၊ ဖယောင်းတိုင်နဲ့ အလုပ်လုပ်ပြ၊
ကားဆီထုတ်ရောင်းမစားဘူး ကတိပေး၊ယာဉ်တန်းမသုံး
ဘူးပြော၊ ကား ၁စီးပဲ သုံးမယ်ပြော၊
ထောင်ထဲထက် သာတာမို့လို့ ရုံးခန်းထဲ ဘာမှ မရှိလဲ
ရတယ်ပြော -----
ခင်ညားတို့ ကျေးဇူး ယီးတောင် မမေ့ဘူး - ကျေးဇူးတင်
လွန်းလို့
ပေးထားတဲ့ အဆောင်အယောင်တွေကို အကျိုးရှိရှိ
အသုံးချပါ --- အစား၀၀ စားပါ-
ရုံး Facilities စုံစုံ သုံးပြီး အလုပ် တွင်ကျယ်မှု အခွင့်
အရေးကို ယူပါ
ကားစီးရုံးတက်ချင်းဖြင့် ရုံးမရောက်ခင်အကြံဥာဏ်
ကောင်းတွေ စဉ်စားလာပါ
ရပိုင်ခွင့် စက်သုံးစီကို အိမ်စရိတ် မမျှလို့ ရောင်းစား
လဲ ကျုပ်တို့ စိတ်မဆိုးဘူး----
ဆီရောင်းရငွေနဲ့ အခန်းထဲ အဲကွန်း တပ်ပလိုက်
သထှာပါတယ်-
ထောင်အခန်းလို ၀န်ကြီးချုပ်က သင်ဖြူးဖျာပေါ် မှောက်ပြီး
စာရေးနေလို့ မသင့်တော်သလို
ပြည်ပ ဧည့်သည်တွေလဲ ရှူးဖိနပ်ချွတ်ပြီး ကြမ်းပေါ် မထိုင်
ခိုင်းသင့်ပါဘူး
ယဉ်တန်းသုံး ရုံးကို လာတဲ့အချိန် တစ်နေရာနဲ့ တစ်နေရာ
သွားရောက် စစ်ဆေးချိန်မှာခရီးကြာချိန် တွေကို လျှော့ချပြီး
အလုပ်ကို ပို အချိန် ပေးပါ
ခင်ဗျားတို့ တာဝန်ကြီးကြီးတွေ ယူထားပြီ-အဟာရမမျှလို့ပဲ
ဖြစ်ဖြစ် ကားတိုက်လို့ပဲဖြစ်ဖြစ် ၊
ပူလွန်းလို့ ဦးနှောက် သွေးကြောပြတ်လို့ဖြစ်ဖြစ် တိုင်းပြည်
အလုပ်တွေ ထိခိုက်သလို ပြည်သူနစ်နာပါတယ်
သုံးသင့်တာတွေ သုံးခွင့်ရှိတာတွေကို အပြည့်အ၀ သုံးပြီး
တိုင်းပြည်အတွက် အပြည့်အ၀ ကိုယ်စွမ်း ဥာဏ်စွမ်းတွေ
ထုတ်ပါ
( ဒါပေမယ့် ရက်၁၀၀ ပြည့်လို့ ဘာမှ စလုပ်မထား စမထား
ရင်တော့ ခင်ညားတို့ တေဖို့တာ ကျင်ထား---- )
ရွှေပြည်တော်
No comments:
Post a Comment